ကားရေဆေးရင်လိုက်နာသင့်သည့်အချက်များ


Good House-keeping Institute မှပညာရှင်များကကားရေဆေးသည့်အခါအများဆုံး လုပ်ကြသည့် အမှားများကို အောက်တွင်ဖော်ပြပေးထားပါသည်။ 

နေပူကြီးထဲရေဆေးခြင်း

နေပူကျဲကျဲကြီးထဲတွင်ကားရေဆေးသည့်အခါဘယ်လောက်ပဲမြန်မြန်လုပ်သော်လည်းကားပေါ်တွင်အစက်အ ပြောက်များစွန်းထင်းကျန်တတ်သည့်အတွက်မနက်စောစော(သို့မဟုတ်)ညနေစောင်းလောက်မှကားရေဆေးခြင်းကိုလုပ်သင့်ပါသည်။

ပန်းကန်ဆေးဆပ်ပြာရည်ဖြင့်ဆေးခြင်း

ပန်းကန်ဆေးဆပ်ပြာရည်သည်ပြင်းသည့်အတွက်ကား၏ဆေးသားများကိုပင့်ကူမျှင်ကဲ့သို့အစင်းရာများဖြစ်စေတတ်ပါသည်။

ရေတစ်ပုံးတည်းဖြင့်ဆေးခြင်း

ဆပ်ပြာရည်တစ်ပုံးနှင့်ပဲကားတစ်စီးလုံးလိုက်ပွတ်ဆေးတာမျိုးမှာကားပေါ်မှအညစ်အကြေးများမပြောင်သည့်အ ပြင်အပေါ်ယံဆေးသားများပါပျက်စီးစေသည့်အတွက်မလုပ်သင့်သည့် အလေ့အထဖြစ်ပါသည်။

ဆပ်ပြာရည်ကျဲပွတ်ပြီးပြီဆိုသည်နှင့်ကားတစ်စီးလုံးဆပ်ပြာစင်သွားသည်အထိရေသေချာဆေးရမည်ဖြစ်သည်။

ကားကိုအောက်ဘက်ကစဆေးခြင်း

ကားရေဆေးသည့်အခါအောက်မှအပေါ်၊ ဘယ်မှညာဆေးခြင်းသည်အချိန်ကုန်လူပန်းပြီး အကျိုးမဲ့စေပါသည်။

ကားအပေါ်ပိုင်းများကိုဆေးပြီးမှဘီးတို့၊အောက်ဘက်တို့ဆေးသည့်အခါတွင်အစက်အပြောက်များ၊အစင်း ကြောင်းများမပေါ်တော့ဘဲအလိုက်သင့်ရေဆေးပြီးသားဖြစ်စေပါသည်။

တာယာရေဆေးရန်မေ့ခြင်း

ကားတာယာများမှာကားတစ်စီးလုံး၏အညစ်ပတ်ဆုံးအပိုင်းဖြစ်ပြီးရွှံ့၊သဲများကိုသတိတရဆေးကြောထားပါက တခြားအစိတ်အပိုင်းများမပေကျံအောင်ကာကွယ်ပြီးသားဖြစ်စေပါသည်။

ရေတွေအများကြီးသုံးခြင်း

ကားရေဆေးတဲ့အခါတွင်လည်းမလိုအပ်ဘဲရွေဖွင့်ထားခြင်းမျိုးရှောင်ရန်လိုအပ်ပါသည်။

အချိုရည်ဘူးထားသည့်နေရာကိုမဆေးကြောခြင်း

ကားထဲတွင်အချိုရည်များမှောက်ကျထားသည့်အခါဒီအတိုင်းထားပါကဗက်တီးရီးယားများပေါက်ပွားနိုင်သည့်အတွက် အချိုရည်ဘူးထည့်သည့်ခွက်များကိုသတိတရနှင့်ဆေးကြောထားသင့်ပါသည်။

ရေမခြောက်ခင်မှာမှန်တံခါးများချထားခြင်း

ရေဆေးထားသည့်ကားတစ်စီးလုံးခြောက်စေရန်နှစ်နာရီ၊ သုံးနာရီလောက်အချိန်ပေးရပါသည်။

ရေမခြောက်ခင်တွင်ကားမှန်တံခါးများချထားသည့်အခါမှန်များမှာအစွန်းအကွက်များနှင့်အစင်းရာများဖြစ်တတ်ပါသည်။

ခြေနင်းအခင်းများကိုသန့်ရှင်းရေးမလုပ်ခြင်း

ထိုနေရာမှာလည်းဖုန်များ၊သဲများ၊အညစ်အကြေးအများဆုံးရှိသည့်နေရာဖြစ်သောကြောင့်ဖုန်စုပ်စက်နှင့်သန့်စင်တာမျိုး၊ ဘရပ်ရှ်နဲ့ ပွတ်တာမျိုး၊ ဆေးကြောပစ်တာမျိုး လုပ်ပေးရန်လိုအပ်ပါသည်။

ကားဒက်ရှ်ဘုတ်ကိုသန့်ရှင်းရေးမလုပ်ခြင်း

မကြာခဏထိတွေ့မှုများသည့်နေရာလည်းဖြစ်သကဲ့သို့နေရောင်ခြည်ထိတွေ့မှုလည်း များသည့်နေရာဖြစ်သည့်ဒက်ရှ်ဘုတ်များမှာဗက်တီးရီးယားတွေ ရှိနေတတ်ပါသည်။

အဲကွန်းဖွင့်လိုက်သည့်အခါလေထဲမှရောဂါပိုးမွှားများပျံ့နှံ့နိုင်သည့်အတွက်ဒက်ရှ်ဘုတ်ကိုပုံမှန်သန့်စင်တာမျိုး လုပ်သင့်ပါသည်။

 

Read 8097 times