မိမိကားနဲ့ ခရီးဝေး သွားမယ်ဆိုရင် ပြုလုပ်သင့်သည် အချက်(၇)ချက်


ကိုယ့်ကားလေးနဲ့ကိုယ် ခရီးတစ်နေရာရာသွားဖို့ စဉ်းစားထားသူတွေအတွက် လမ်းမှာ ကားနဲ့ပတ်သက်ပြီး ဘယ် ပြဿနာကြီးငယ်မဆို မကြုံရလေအောင် လုပ်ဆောင်သင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
1.ကားလက်စွဲစာအုပ်ကိုလေ့လာပါ။
ကိုယ့်ရဲ့ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ စက်ပစ္စည်း အလုပ်လုပ်ပုံတွေ အကုန်လုံးသိနိုင်တဲ့ ကားစာအုပ်ကိုတော့ လေ့ လာဖို့ လိုပါတယ်။
ဒါမှသာ ဘယ် ခလုတ်က ဘယ်အတွက်၊
ဆီလဲ ဖို့အပေါက်က ဘယ်မှာ စသဖြင့် သိနိုင်မှာပါ။
2.အင်ဂျင်ခန်းကို စစ်ဆေးပါ။
အရင်ဆုံးစစ်ဆေးရမှာက တော့ စက်ဖုံးလေးဖွင့်ပြီး အင်ဂျင် ခန်းစစ်ဆေးဖို့ပါ။
ဘယ်က ဆီယို နေလဲ၊
ပိုက်တွေကောင်းရဲ့လား စသဖြင့် အပြင်ပိုင်းစစ်ဆေးမှုတွေ စတင်လိုက်ပါ။
3.အင်ဂျင်ဝိုင် စစ်ဆေးပါ။
လမ်းခရီးမှာ အင်ဂျင်ပြဿ နာမဖြစ်ရလေအောင် လုံလောက် တဲ့အင်ဂျင်ဝိုင်ပမာဏ ရှိ၊ မရှိကို စစ်ဆေးဖို့ လိုပါတယ်။
နောက်ပြီး ဂီယာဝိုင်ကိုလည်း စစ်ဆေးဖို့လို ပြီး ဂီယာဝိုင်ဟာ အရမ်းကိုမည်း နက် နေတယ်ဆိုရင် လဲလိုက်တာ အကောင်းဆုံးပါ။
အင်ဂျင်အအေးပေးအရည် (Co-olant)အပြည့်ဖြည့်ပါ။
ကားလက်စွဲစာအုပ်မှာပဲ ကြည့်ကြည့်၊ Coolant ဘူးမှာပဲ ဖြစ်ဖြစ် အရည်အနည်း၊ အများ စစ်ဆေးနိုင်တဲ့ အမှတ်တွေပါတာ ကြောင့် စစ်ဆေးပြီး လိုအပ်တဲ့ ပမာဏရှိနေအောင်ဖြည့်ထားပါ။
4.ဘက်ထရီစစ်ဆေးပါ။
ကားဘက်ထရီအိုးမှာ အက် စစ်တွေ စိမ့်ထွက်နေသလား၊ ကွဲအက်နေသလား၊
ဘက်ထရီ ခေါင်းတွေ ဆားပေါက်နေ သလား၊ အက်စစ်ရှိနေရဲ့လား စစ်ဆေးဖို့ လိုပါတယ်။
ဘက်ထရီ သက်တမ်းက သုံးနှစ်ကနေ ခြောက်နှစ်လောက်အထိ ခံတာမို့ ကိုယ့်ဘက်ထရီက သက်တမ်း ဘယ်လောက်ရှိနေပြီလဲ စစ်ပြီး အချိန်မီလဲလှယ်ပါ။
5.ကားမီးနှင့် အခြားလျှပ်စစ်ပစ္စည်း များကို စစ်ဆေးပါ။
ကားဟွန်း၊ ကားမီးနဲ့ ရေ သုတ်တံတွေကောင်း၊ မကောင်း ကိုလည်း စစ်ဆေးဖို့ လိုပါတယ်။
နောက်ပြီး ကားအဲကွန်းတွေ သေ ချာကောင်း၊ မကောင်း
ကား နောက်ကြည့်မှန်တွေ ကျိုးနေ တာ၊ အက်နေတာမျိုးတွေ ရှိနေ လား စစ်ဆေးသင့်ပါတယ်။
6.ကားဘီးများကို လေစစ်ဆေးပါ။
ကားဘီးတွေ လေလျော့နေ သလား၊ စိမ့်ထွက်နေသလား စစ်ဆေးသင့်သလို အပိုဘီးကို ရော ထိုနည်းလည်းကောင်း စစ် ဆေးထားဖို့ လိုအပ်ပါတယ်။
နောက်ပြီး ခွရှင်တို့၊ ဂျိုက်တို့ကော တစ်ပါတည်းရှိနေရဲ့လားပါ စစ် ဆေးထားပါ။
7.အရေးပေါ်သုံးပစ္စည်းတွေ စုံ၊ မစုံ စစ်ဆေးပါ။
ကားထဲမှာမရှိမဖြစ်ဆောင် ထားသင့်တဲ့ လေဖိအားတိုင်း ကိရိယာ၊ ကြေးနန်းကြိုးဖိုမတစ်စုံ၊ ဝက်အူလှည့်၊ သံကြိုး၊ ဓာတ်မီး၊ လက်အိတ်၊ ကားမီးသီး စတဲ့အ ရေးပေါ်ပစ္စည်းတွေထည့်တဲ့ အိတ် ကိုလည်း ပစ္စည်းတွေအကုန်ရှိ နေ၊ မနေ စစ်ဆေးဖို့ လိုပါတယ်။

Read 9224 times