ကားတစ်စီးဝယ်ယူရာတွင် မိမိကိုယ်တိုင် ရွေးချယ်ပြုလုပ်သင့်သည့်အချက်များ


ကားတစ်စီးကို ရွေးချယ်ဝယ်ယူရသည်မှာ ဂိမ်းကစားနေရသကဲ့သို့ ကောင်းမွန်ပြီး စျေးနှုန်းတန်မှသာလျှင် စိတ်ကျေနပ်မှုများ ရရှိမည်ဖြစ်ပါသည်။

ကားတစ်စီး ဝယ်ယူမည်ဆိုပါက အောက်ပါအချက်အလက်များအတိုင်းလုပ်ဆောင်လျှင် ပြီးပြည့်စုံသော စိတ်ချမ်းသာမှုရရှိနိုင်မည်ဖြစ်ပါသည်။

၁။ မိမိ၏ ဝင်ငွေကို သတ်မှတ်ပါ။

ကားတစ်စီးဝယ်ယူတော့မည် ဆိုပါက ပထဦးဆုံ လက်ငင်းဝယ်မည် သို့မဟုတ် အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ကို သက်မှတ်ရပါမည်။

လက်ငင်း ဝယ်ယူမည်ဆိုပါက မိမိ စုဆောင်းထားသော ငွေနှင့် စျေးကွက်ထဲတွင်ရှိသော မိမိလိုချင်သည့်ကားစျေးနှုန်းနှင့် နှိုင်းယှဉ်၍ ဝယ်ယူသင့်ပါသည်။

 အဘယ်ကြောင့်ဆိုသော် ကညနတွင် ယာဉ်မှတ်ပုံတင် စစ်ဆေးရာတွင်ဖြစ်စေ၊ နှစ်စဉ်ကြေးဖြစ်စေ၊ ကုန်ကျစရာများရှိသဖြင့် မိမိစုဆောင်းထားသော ငွေကို အတန်အသင့်ချန်လှပ်ထားပြီး ဝယ်ယူသင့်ပါသည်။

အကယ်၍ အရစ်ကျဝယ်ယူမည်ဆိုပါက ပေးချေရမည့် အတိုးနှုန်းနှင့် ပေးရမည့် နှစ်အရေအတွက် ကို သေချာသိအောင်လုပ်သင့်ပါသည်။

၂။ မှန်ကန်သော ကားကို ရွေးချယ်တက်ပါစေ။

ကားဝယ်ယူတော့မည်ဆိုပါက ထိုကားကို မည်သည့်နေရာတွင် အသုံးပြုရမည့်ကို သေချာရှင်းလင်းစွာ သိစေချင်ပါသည်။

အကယ်၍ သင်သည် ကားကို လုပ်ငန်းအတွက်ဝယ်ယူမည်ဆိုပါက လုပ်ငန်းနှင့်သက်ဆိုင်သော Hijet၊ Mini Van၊ Town Ace စသည့်ပစ္စည်းတင်ရ လွယ်ကူသော ကားများကို ဝယ်ယူသင့်ပြီး အတန်အသင့်များသော

မိသားစုပိုင်ဆိုင်ထားသူဖြစ်လျှင်ကားဝယ်ယူချင်ပါက တံခါးလေးပေါက်ပါသောကားများ၊ မိသားစုစီးကားများကို ရွေးချယ်ဝယ်ယူသင့်ပြီး မိသားစု သုံးလေးယောက်သာရှိပါက တံခါးနှစ်ပေါက်ကားများကို ဝယ်ယူနိုင်ပါသည်။

၃။ မိမိဝယ်ယူမည့်ကားကို တက်ကျွမ်းသော ဝပ်ရှော့ပ်ဆရာဖြင့် စစ်ဆေးသင့်ပါသည်။

ကားဝယ်ယူရာတွင် မိမိရွေးချယ်ထားသော ကားကို ကျွမ်းကျင်သော ဝပ်ရှော့ပ်ဆရာဖြင့် အင်ဂျင်ပိုင်းကို စစ်ဆေးသင့်ပါသည်။

ထို့အပြင် ကားဘော်ဒီဆေးအရောင်ကိုလည်း မှန်မမှန်စစ်ဆေးသင့်ပါသည်။

အကယ်၍ မိမိဝယ်ယူသောကားသည် အသုံးပြုပြီး တစ်ပတ်ရစ်ကားအမျိုးအစားဖြစ်ပါက ပို၍ သေချာစစ်ဆေးသင့်ပါသည်။

၄။ မိမိဝယ်ယူမည့်ကားကို အစမ်းမောင်းနှင်သင့်ပါသည်။

မိမိဝယ်ယူသည့်ကားသည် မိမိနှင့် ကိုက်ညီမှုရှိမရှိ မောင်းနှင်ရ အဆင်ပြေမပြေဆိုသည်ကို စမ်းသပ်မောင်းနှင်ကြည့်သင့်ပါသည်။

ထိုမှသာ မိမိဝယ်ယူမည့်ကား၏ လိုအပ်ချက်များကို သိရှိနိုင်ပြီး မိမိကိုယ်တိုင်ဆောင်ရွက်ရမည်ကို သိရှိနိုင်ပါသည်။

၅။ မိမိဝယ်ယူသည့်ကားမှာ မိမိပေးချေမှုနှင့် ထိုက်တန်မှုရှိမရှိ စစ်ဆေးပါ။

ကားဝယ်ယူမည်ဆို်ပါက မိမိဝယ်ယူသည့်ကားသည် မိမိပေးချေရသည့် စျေးနှုန်းနှင့် တန်မတန်ကို သတိထားသင့်ပါသည်။

မိမိဝယ်ယူသည့်ကားသည် မိမိကို စိတ်ကျေနပ်မှုများပေးနိုင်ရမည်ဖြစ်ပြီး စျေးနှုန်းမှာလည်း သင့်တင့်လျောက်ပတ်ရပါမည်။

အကယ်၍ မိမိဝယ်ယူသည့်ကားသည် စျေးနှုန်း သင့်တင့်လျောက်ပတ်သော်လည်း မကြာခဏ ဝပ်ရှော့ပ် သွားနေရပါက စိတ်အနှောက်အယှက်များ များစွာ ဖြစ်လာနိုင်ပါသည်။

ထို့ကြောင့် ထိုကား၏ အယူအဆများ သဘောထားကို သိထားသင့်ပြီး မိမိအတွက် အဆင်ပြေနိုင်မှုရှိမရှိကို ဆုံးဖြတ်ရပါမည်။

၆။ မိမိဝယ်ယူမည့်ကားကို ငွေပေးချေရာတွင် ခိုင်မာစွာ စာချုပ်ချုပ်ဆိုရပါမည်။

မိမိဝယ်ယူမည့်ကားကို စာချုပ်ချုပ်ဆိုရာတွင် အသိသက်သေများနှင့်တကွ သေချာစွာ ချုပ်ဆိုရန်လိုအပ်ပါသည်။

ထို့အပြင် အခွန်တံဆိပ်များ၊ Owner book များနှင့် ကားနှင့်ပတ်သတ်သည့် စာချုပ်စာတန်းများအားလုံးကို တောင်းယူရပါမည်။

 

Read 1037 times