ကားတစ်စီးမောင်းနှင်ရာမှာအင်ဂျင်လည်ပတ်နိူင်ဖို့အတွက်လောင်စာဆီအပြင်နောက်ထပ်အရေး တကြီးလို အပ်တာကတော့စက်ဆီ၊ချောဆီ(အင်ဂျင်ဝိုင်)ဖြစ်ပါသည်။
အင်ဂျင်ဝိုင်ကလည်းကားတစ်စီးရဲ့ အင်ဂျင်အတွက်အလွန်အရေးပါတဲ့အရာဖြစ်ပါသည်။
အင်ဂျင်ဝိုင်မကောင်းရင်မီးခိုးအထွက်များခြင်း၊အင်ဂျင်တုန်ခါခြင်း၊အင်ဂျင်ရုန်းကန်အားကျဆင်းခြင်း၊အင်ဂျင်သံဆူညံခြင်း စတဲ့အင်ဂျင်ပိုင်းပြဿနာတွေကိုကြုံတွေ ့ရမှာဖြစ်ပါတယ်။
အဆင့်မြင့်ကား
အခုနောက်ပိုင်းနည်းပညာမြင့်အဆင့်မြင့်ကားတွေမှာဆိုရင်အင်ဂျင်ဝိုင်မကောင်းတော့တာနဲ ့အချက်ပေးစနစ်ကစတင်အချက်ပေးပြီးကြာလာတဲ့အခါမှာတော့အင်ဂျင်ကစက်လုံးဝမနှိုးတော့တာမျိုးတွေ အထိကြုံတွေ ့လာရတတ်ပါသည်။
စက်ဆီချောဆီ၏ အဓိကလုပ်ဆောင်ချက်တွေကတော့အင်ဂျင်အတွင်းကလှုပ်ရှားပွတ်တိုက်နေ သည့် အစိတ်အပိုင်းတွေတစ်ခုနဲ ့တစ်ခုပွတ်တိုက်ရာကပွန်းပဲမှုမဖြစ်စေရန်၊သံထည်အစိတ်အပိုင်းတွေသံချေးတက် တာကနေကာကွယ်ရန်၊အင်ဂျင်အစိတ်အပိုင်းတွေလည်ပတ်ပွတ်တိုက်မှုကချောမွတ်နေပြီးအပူချိန်မြင့်မလာစေရန်၊အင်ဂျင်လည်ပတ်မှုကိုထောက်ပံ့ကူညီပေးရန်ရည်ရွယ်ထားတာဖြစ်ပါတယ်။
ချောဆီမပါရင်
ကားတစ်စီးကိုချောဆီမပါပဲမောင်းနှင်မယ်ဆိုရင်ကားတစ်စီးရဲ ့အင်ဂျင်တစ်ခုဖြစ်မလာနိူင်ပါဘူး။ အကြောင်းအရင်းကတော့အင်ဂျင်တွေကိုစတင်ထုတ်လုပ်ချိန်၊ကားတွေမှာအင်ဂျင်တပ်ဆင်အသုံးပြုခဲ့ကျချိန်တွေကစပြီးချောဆီဆိုတာကိုမဖြစ်မနေထည့်သွင်းအသုံးပြုခဲ့ကျတာဖြစ်ပါသည်။
အင်ဂျင်မပေါ်ခင်အချိန်တုန်းကဂီယာဘီးတွေဘီးခွေတွေတလိမ့်လုံးတွေစတင်အသုံးပြုကျသည်အချိန်တုန်းကတည်းကချောဆီဆိုတာကိုစတင်အသုံးပြုခဲ့ကြာတာဖြစ်ပါတယ်။အဲဒီအချိန်တွေကတည်းကချောဆီ ဟာစက်ပစ္စည်းကိရိယာတွေနဲ ့အင်ဂျင်တွေအတွက်မရှိမဖြစ်အရေးပါတဲ့ပစ္စည်းဖြစ်ခဲ့တာဖြစ်ပါသည်။
အင်ဂျင်ဝိုင်ဘာလုပ်လဲ
ချောဆီစက်ဆီကအင်ဂျင်တစ်လုံးအတွက်အရေးပါတဲ့အကြောင်းတွေထဲကပထမဆုံးအချက်က တော့အင်ဂျင်အစိတ်အပိုင်းတွေအအေးခံခြင်းဖြစ်ပါသည်။
လှည့်ပတ်လှုပ်ရှားနေတဲ့အင်ဂျင်အစိတ်အပိုင်းတွေကတစ်ခုနဲ့တစ်ခုပွတ်တိုက်ရာကနေအပူဖြစ်လာတာကိုစေး ပစ်အေးခဲနေတဲ့အင်ဂျင်ဝိုင်ထဲရောက်တော့အင်ဂျင်အစိတ်အပိုင်းတွေကအပူလျော့သွားစေပါသည်။
ပွတ်တ်ိုက်သည့် နေရာမှာလည်းစက်ဆီချောဆီကြောင့်ချောမွေ ့တဲ့ပွတ်တိုက်မှု ဖြစ်တာကြောင့် အပူကလည်းအများကြီးထွက်မလာနိူင်တော့ပါဘူး။
ချောဆီကအင်ဂျင်အစိတ်အပိုင်းကိုအေးခဲပေးနိူင်မှုကအပြည့်အဝလုပ်ဆောင်ပေးနေတာတော့မဟုတ်ဘဲအင်ဂျင်တစ်လုံးရဲ ့အအေးခံစနစ်( Cooling System)ကလည်း အင်ဂျင်အေးဖို ့ကိုအဓိကထိန်းချုပ်ပေး ပါသည်။
သို့သော်စက်ဆီချောဆီရဲ ့အရည်အသွေးကလျော့ကျနေရင်တော့အင်ဂျင်အေးခဲစနစ်ကလည်းအင်ဂျင် အပူချိန်ကိုထိန်းချုပ်မပေးနိူင်တော့ပါဘူး။
ပွတ်အားကိုလည်းလျော့စေ
နောက်ထပ်ချောဆီရဲ ့အင်ဂျင်အပေါ်ထောက်ပံံ့လုပ်ဆောင်ပေးနိူင်တာကတော့စက်ပစ္စည်းအ စိတ်အပိုင်းတွေပွတ်တိုက်ရာမှာပွန်းပဲ့မှုမဖြစ်အောင်ကာကွယ်ပေးတာဖြစ်ပါသည်။
အင်ဂျင်တစ်လုံးကစတင်လည်ပတ်ချိန်ကစပြီးအတွင်းကအင်ဂျင်အစိတ်အပိုင်းအားလုံးကလှုပ်ရှားလာပြီးအင်ဂျင်အတွင်းကအခန်းကျဉ်းလေးထဲမှာတစ်ခုနဲ ့တစ်ခုစတင်ပွတ်တိုက်နေပြီဖြစ်ပါသည်။
ယင်းပွတ်တိုက်မှုတွေမှာချောဆီသာမရှိဘူးဆိုရင်အင်ဂျင်အစိတ်အပိုင်းပစ္စည်းတွေကပွန်းပဲ့ပျက်ဆီးသွားပါလိမ့်မယ်။အင်ဂျင်အစိတ်အပိုင်းတွေရဲ့ပွတ်တိုက်မှုဝန်အား၊ထုထည်ပမာဏနဲ့အစိတ်အပိုင်း အရွယ် အစားတွေပေါ်မူတည်ပြီးချောဆီရဲ ့စေးပစ်မှုပမာဏကိုရွေးချယ်အသုံးမှုကျတာဖြစ်ပါသည်။
ဥပမာအားဖြင့်ဂီယာ ဘောက်စ်အတွင်းထည့်တဲ့ချောဆီကဂီယာဘောက်စ်အစိတ်အပိုင်းတွေရဲ ့ ပွတ်တိုက်မှုဝန်အားနဲ ့ထုထည်ပမာဏကြောင့်ဂီယာဝိုင်(GearOil)ရဲ့စေးပစ်မှုကအင်ဂျင်ထဲကိုထည့်တဲ့ချောဆီ(Engine Oil)ထက်ပိုတာတွေ ့ရပါသည်။
ဒါကြောင့်အင်ဂျင်ထဲကိုထည့်သွင်းအသုံးပြုတဲ့အင်ဂျင်ဝိုင်ကိုလည်းအင်ဂျင်အရွယ်အစားပမာဏ အင်ဂျင်ရုန်းကန်အားပမာဏတွေပေါ်မူတည်ပြီးအင်ဂျင်ဝိုင်ရဲ ့စေးပစ်မှုပမာဏကိုလည်းရွေချယ်သုံးစွဲဖို ့လိုအပ်ပါ သည်။
သံချေးမတက်အောင်
တတိယမြောက်အချက်ချောဆီရဲ ့လုပ်ဆောင်ချက်ကတော့အင်ဂျင်အစိတ်အပိုင်းတွေသံချေး ပျက်စီးခြင်းနဲ ့အခြားအကြောင်းကြောင့်ပျက်ဆီးမှုတွေကနေကာကွယ်ပေးတာဖြစ်ပါသည်။
သံထည်ပစ္စည်းအ စိတ်အပိုင်းတွေကိုဒီဇယ်ဆီသို ့မဟုတ်ဆီတစ်မျိုးမျိုးကိုသုတ်လိမ်းထားပါက သံချေးတက်မှုကိုကာကွယ်နိူင်ပါသည်။
ယင်းကဲ့သို ့ကာကွယ်ပေးနိူင်တာကတော့ဆီတွေက သံသတ္ထုနဲ ့ရေငွေ ့ပါတဲ့သဘာဝလေထုတို့ တိုက်ရိုက်ထိတွေ ့မှုကိုကာကွယ်ပေးထားနိူင်တာကြောင့်သံချေးတက်မှုကိုကာကွယ်ပေးနိူင်တာဖြစ်ပါသည်။
သံသတ္ထု(Iron)နဲ ့ပြင်ပလေထု(အောက်ဆီဂျင်ပါ၀င်)ထိတွေ ့ရာကနေအိုင်းယွန်းနစ်အောက်ဆိုဒ်ဖြစ်လာပြီး သံချေးတွေဖြစ်ပေါ်လာခြင်းကိုသံချေးတက်တယ်လို့ခေါ်ပါသည်။
ယင်းကဲ့သို ့သံချေးတက်ခြင်းကိုချောဆီထဲမှာပါ၀င်တဲ့ ဓာတုပါ၀င်ပစ္စည်းတွေကကာကွယ်ပေး နိူင်ပြီးသံချေးတက်ခြင်းကိုကာကွယ်လိုက်နိူင်တာဖြစ်ပါသည်။
နေရာတကာချောဆီပါ
အင်ဂျင်ထဲကချောဆီရဲ့နောက်ထပ်လုပ်ဆောင်ချက်ကတော့အင်ဂျင်အစိတ်အပိုင်းတွေရဲ ့ လည် ပတ်မှုကိုထောက်ပံ့ပေးတာဖြစ်ပါတယ်။ကားတစ်စီးရဲ ့အစိတ်အပိုင်းတိုင်းမှာချောဆီနဲ ့ကင်းလွတ်တဲ့နေရာ ဆို တာရှားပါးပါသည်။
မှန်အတင်အချ၊ဘီးခွေ၊ကားအောက်ပိုင်းဘောဂျွိုင့်၊၀န်ရိုး၊အင်ဂျင်၊ဂီယာဘောက်စ်စတဲ့နေ ရာတိုင်းမှာချောဆီကအမျိုးအစားအလိုက်မဖြစ်မနေပါ၀င်လာပါသည်။
ထို့ကြောင့်ကားတစ်စီးလုံး၏လည်ပတ်လုပ်ဆောင်ချက်တိုင်းမှာချောဆီတွေကအမျိုးအစားအလိုက်ကွဲပြားစွာအသုံးဝင်နေတာတွေ ့ရပါသည်။
ချောဆီ၏ အသုံးဝင်မှုတွေကကားတစ်စီးလုံးမှာအသုံးဝင်ရုံတင်မဟုတ်ဘဲအင်ဂျင်နဲ ့အခြားအ စိတ်အပိုင်းတွေကစွန့်ထုတ်လိုက်တဲ့ချောဆီတွေကိုလည်းစွန့်ပစ်ခြင်းမရှိပဲစက်ပစ္စည်းများမှာသုတ်လိမ်းသိမ်း ဆည်းခြင်း၊စက်ပစ္စည်းဖြုတ်တပ်ရာမှာသုံးစွဲခြင်းနဲ့အခြားလုပ်ဆောင်ချက်တွေမှာအသုံးဝင်စွာအသုံးပြုနေတာ တွေ ့ရပါသည်။
အဲဒါကြောင့်ချောဆီရဲ ့အသုံးဝင်မှုနဲ ့လုပ်ဆောင်ချက်ကောင်းတွေကိုသိရှိပြီဆိုရှိပြီဆိုရင်တော့ ကားသစ်ပဲဖြစ်စေကားဟောင်းပဲဖြစ်စေဝယ်ယူစီးနင်းမယ်ဆိုရင်ချောဆီကလည်းမဖြစ်မနေဂရုစိုက်လုပ်ဆောင် ပေးသင့်တဲ့အချက်ဖြစ်ပါသည်။