ဒိုင်ခွက် က ကီလိုမီတာကို ကြည့်ပြီး မိုင် ဘယ်လိုတွက်ရလဲ


များသောအားဖြင့် တစ်ချို့လူတွေက ကား နဲ့ ဆိုင်ကယ်မှာပါတဲ့ ဒိုင်ခွက်ကို ကား (သို့) ဆိုင်ကယ် မောင်းနှင်းထားခြင်း မိုင်ကို ဖော်ပြတယ်လို့ ထင်မှတ်မှားလေ့ရှိပါတယ်။

အမှန်တကယ်ကတော ကား (သို့) ဆိုင်ကယ်မှာ ပါတဲ့ ဒိုင်ခွက်က မိုင်ကို ပြတာမဟုတ်ပါဘူး။ ကီလိုမီတာကို ဖော်ပြတာ ဖြစ်ပါတယ်။

သင်က ကား (သို့) ဆိုင်ကယ် မောင်းနှင်းသူဆိုရင် ရံဖန်ရံခါ ဒိုင်ခွက်ကိုကြည့် ခရီးကို တွက်ရတတ်ပါတယ်။ ဒါကြောင့် ဒိုင်ခွက်ကို ကြည့် ကီလိုမီတာ ကနေ မိုင်ကို တွက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ဒီတော့ ယာဉ်မောင်းနေရင်း တစ်နာရီဘယ်နှစ်မိုင်နှုန်းနဲ့ မောင်းနေသလဲသိရဖို့ အလွယ်ဆုံး စိတ်တွက်တွက်လို့ရတဲ့ တွက်နည်းလေး ပြောပြပါရစေ။

 

ကား (သို့) ဆိုင်ကယ်ရဲ့ ဒိုင်ခွက်ပေါ်ရှိ ကီလိုမီတာကို (၀.၆) နဲ့ မြောက်ပြီး မိုင်ကို တွက်ရတာဘဲဖြစ်ပါတယ်။

 

ဒိုင်ခွက်မှာ 10km ဆိုရင် 10×.6 = 6 မိုင်နှုန်း

ဒိုင်ခွက်မှာ 20km ဆိုရင် 20×.6 = 12 မိုင်နှုန်း‌

30 ဆို 18

40 ဆို 24

50 ဆို 30

60 ဆို 36

100km ဆို 60 မိုင်

မောင်းရင်းနဲ့ စိတ်တွက် တွက်လို့ရပါတယ်။

 

မိုင်ကိုသိပြီး ကီလိုမီတာမတွက်တက်ဘူးဆိုရင်လည်း အများတွက်နေကြတဲ့တွက်နည်းလေး ရှိပါသေးတယ်။

1 mile = 1.6 km

2 mile = 3.2 km

3 mile = 4.8 km

မိုင်ကတော့ ညီမျှခြင်း ဗာရှင်းလေးနဲ့ဆိုတော့ တွက်ရလွယ်ကူပါတယ်။ ဒါက မိုင် ကို ကီလိုမီတာ ဖွဲ့တာဖြစ်ပါတယ်။ တွက်နည်းတွေက အမျိုးမျိုးရှိပေမယ့် အဖြေချင်းက အတူတူပါဘဲ။

 

ကဲ ဒါဆိုရင် သင်လဲ ကား (သို့) ဆိုင်ကယ် ရဲ့ ဒိုင်ခွက်ကို ကြည့်ပြီး ကီလိုမီတာ ကနေ မိုင် ၊ မိုင် ကနေ ကီလိုမီတာ ကို တွက်တတ်ပြီးလို့ ထင်ပါတယ်။ ဒါဆို တစ်နာရီ ဘယ်နှစ်မိုင်နှုန်းနဲ့ မောင်းနေသလဲဆိုတာ မောင်းနေရင်းနဲ့ပဲ တွက်လို့ရပါပီနော်.....။

 

မသိသေးတဲ့အခြားသူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါအုံး....။

 

By Aung Win (Myanmar Automobile Guide)

Ref:ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 11495 times