ကားမောင်းသူအများစုသည် ပူပြင်းချိန်တွင် အပူချိန်ရှောင်ရှားရန် ကားအဲကွန်းဖွင့်ခြင်းများကို အလွန်အကျွံပြုလုပ်လေ့ရှိကြပါသည်။
ထို့အပြင် တစ်ချို့သောအရာများကို သတိမထားမိသောကြောင့် ကားအင်ဂျင်ပိုင်ဆိုင်ရများ၊ ကားဘီးများ ပျက်ဆီးမှုများ ဖြစ်ပေါ်တက်ပါသည်။
ထို့ကြောင့် ပူပြင်းချိန်တွင် မောင်းနှင်နေသော ကားတစ်စီးလုံး၏ အပူချိန်ကို လျှော့ချပေးနိုင်သော နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
၁။ အဲကွန်းအလွန်အကျွံအသုံးပြုခြင်းမှ ရှောင်ပါ။
ကားတစ်စီး၏ အဲကွန်းကို အလွန်အကျွံအသုံးပြုခြင်းသည် ကား၏ အပူချိန်ကို မြင့်မားစေပါသည်။
ကားအဲကွန်းကို နံပါတ်အမြင့်ဆုံးနှင့် ဖွင့်ထားပါက အတွင်းခန်းတွင် အေးနေသော်လည်း ကား၏ အပြင်ဘက် အစိတ်အပိုင်းတွင် အင်ဂျင်ရော အဲကွန်းကွန်ပရက်ဆာကပါ လုပ်ဆောင်ချက်မြင့်နေသည့်အတွက် ကားအပူချိန်ကို မြင့်တက်နေစေပါသည်။
ထို့ကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပြီး အဲကွန်းကို သုံးလိုက်၊ နားလိုက် မကြာခဏလုပ်ပေးခြင်းမျိုး ပြုလုပ်ပေးခြင်းဖြင့် ကားအင်ဂျင်နှင့် ကားအပူချိန်ကို လျှော့ချပေးနိုင်ပါသည်။
၂။ ဘက်ထရီ ကလစ်ကြိုးများကို သေချာတွဲဆက်ပါ။
ဘက်ထရီကြိုးများ၊ ကလစ်များ မခိုင်မြဲပါက အပူထွက်လာစေပြီး မီးလောင်သည်အထိ ဖြစ်စေနိုင်ပါသည်။
ထို့အပြင် ဘက်ထရီကြိုးများက ဆက်ရာများ များနေခြင်း၊ ဘက်ထရီငုတ်တစ်ခုတည်းတွင် ကြိုးများ စုပြုံပြီး တပ်ဆင်ထားခြင်းသည် အပူလွန်ကဲမှုများ ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ဘက်ထရီငုတ်များကို သေချာတပ်ဆင်ပြီး ငုတ်တစ်ခု ကြိုးတစ်ချောင်းသာ တပ်ဆင်ပေးရမည့်အပြင် ကြိုးဆက်ရှိနေသော ဝိုင်ယာကြိုးအဟောင်း၊ ကြိုးအဆွေးများ အသုံးပြုခြင်းကို ရှောင်သင့်ပါသည်။
၃။ အင်ဂျင် Coolant ရေ သတိပြုပါ။
ကားအင်ဂျင်အေးစေရန် အထောက်အကူပြု ဓာတုဆေးရည်ကို စစ်ဆေးပေးရပါမည်။
ကားအင်ဂျင် Coolant ရည်သည် ဟောင်းနေလျှင်၊ ရက်လွန်နေလျှင် စွမ်းဆောင်ရည်ကင်းမဲ့သွားပြီး အင်ဂျင်ကို အအေးပေးရန် အထောက်အကူ မပြုတော့သည့်အပြင် အင်ဂျင်ကိုပါ ပျက်စီးစေနိုင်ပါသည်။
ထို့အပြင် အင်ဂျင် Coolant ရည်မရှိလျှင် သို့မဟုတ် လျှော့နည်းနေလျှင်လည်း အင်ဂျင်ကို အပူမြင့်တက်စေသောကြောင့် အင်ဂျင် Coolant ရည်ကို အမြဲ စစ်ဆေးပေးသင့်ပါသည်။
၄။ တာယာလေဖိအားစစ်ဆေးပါ။
တာယာလေဖိအားကို ပူပြင်းချိန်တွင် အသုံးပြုသင့်သော လေဖိအားပမာဏကို တာယာအရွယ်အစားအလို်က်၊ ကားအမျိုးအစားအလိုက် သတ်မှတ်ထားပါသည်။
မိမိကား၊ တာယာအရွယ်အစားတို့နှင့် လိုက်ဖက်သော လေဖိအားရှိနေရန်လိုအပ်ပါသည်။
ယေဘုယျအားဖြင့် ရာသီဥတု ပူပြင်းချိန်တွင် ပုံမှန်ရာသီဥတုတွင် အသုံးပြုနေသော လေဖိအားအောက် အနည်းငယ် လျှော့သုံးသင့်ပါသည်။
လေဖိအားများလွန်းလျှင်ဖြစ်စေ၊ လျှော့နည်းလွန်းလျှင်ဖြစ်စေ ကားတာယာများ၏ အပူချိန်ကို မြင့်မားစေပါသည်။
Source:car lover