မြင်းကောင်ရည် (HP) ဆိုတာ


အင်ဂျင်တွေမှာအသုံးများတဲ့ ပါဝါ ယူနစ် ၃ မျိုးရှိပါတယ်။ 

HP (Horsepower) ၊ PS (Pferdestärke) - ဂျာမန် မြင်းကောင်ရေ ၊ W (watts) တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး အနေနဲ့ HP (Horsepower) ဆိုတာကတော့ အလုပ်ပြီး မြောက်နိုင်စွမ်း ကိုသတ်မှတ်ပေးတဲ့ ယူနစ်တစ်ခု ဖြစ်ပြီ 1 HP ဆိုတာ တစ်စက္ကန့်အတွင်း ပေါင် 

၅၅၀ ကို တစ်ပေ အရွေ့ဖြစ်အောင် လုပ်ဆောင်ပေးတဲ့ အားကို ခေါ်တာပဲဖြစ်ပါတယ်။

Horsepower ဆိုတဲ့အခေါ်အဝေါ်ကို စကော့အင်ဂျင်နီယာ တီထွင်သူတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဝပ် ကနေ စတင်သတ်မှတ် ပေးခဲ့ တာပဲ ဖြစ်ပါတယ်။ စတင် ဖြစ်ပေါ်လာပုံကတော့ ကျောက်မီးသွေးတွင်း တစ်ခုမှာ ဂျိမ်းစ်ဝပ် အလုပ်လုပ်နေတုန်း တွင်းထဲက မီးသွေးတွေကို မြင်းနဲ့ အပေါ်ဆွဲတင်တဲ့အခါမှာ သာမာန်မြင်းတစ်ကောင်ဟာ တစ်မိနစ် အတွင်း ၃၃၀၀၀ ပေါင်အလေးချိန်ကို ၁ ပေရွေ့အောင် စွမ်းဆောင် နိုင်တာကို သွားတွေ့ပါတယ်။

အဲ့ဒီကနေ ဆက်ပြီး တွက်ကြည့်ရာ ကနေ တစ်စက္ကန့်အတွင်း စွမ်းဆောင်ရေကို ရရှိလာပြီး မြင်ကောင်ရေ ပါဝါ - HP လို့ သတ်မှတ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ (3300 lb ÷ 60 sec = 550lb/s) နိုင်ငံအများစုသုံးတဲ့ ပါဝါကိုတိုင်းတာတဲ့ SI Unit (Standard) ယူနစ်ကတော့ watt ပဲ ဖြစ်ပြီး HP ကတော့ ဗြိတိသျ ယူနစ်တစ်ခု အဖြစ် အသိများ ပါတယ်။

Mechanical or Imperial Horsepower လို့လည်းခေါ်ပါတယ်။ လျှပ်စစ်မော်တာတွေမှာလည်း ဒီယူနစ်ကိုပဲ သုံးကြပါတယ်။ ဒီအမျိုးအစားမှာ မြင်းကောင်ရေတစ်ကောင်ကို 746 watts လို့ သတ်မှတ် ထားပေးပါတယ်။

PS ကတော့ ဂျာမန်တွေသုံးတဲ့ မြင်းကောင်ရေ ယူနစ်ပဲ ဖြစ်ပါတယ်။ ဒီယူနစ်မှာတော့ မြင်းကောင်ရေ ၁ ကောင်မှာ 736 watts ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။ ဒီယူနစ်တွေကတော့ အသုံးပြုတဲ့ နိုင်ငံနဲ့ ကားထုတ်လုပ်သူတွေ အပေါ် မူတည်ပြီး ကွဲပြားသွားကြတာပဲ ဖြစ်ပါတယ်။

Source:Flying_With_Car

 

Read 3532 times