Hongqi L-Concept


တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေအတွက် စီးတော်ယာဉ်တွေ ထုတ်လုပ်ခဲ့ရာမှ ပေါက်ဖွားခဲ့တဲ့ Hongqi က Auto Shanghai 2021 မှာ Bentley နဲ့ Rolls-Royce ပိုင်ရှင်တွေ ငိုင်ကျသွားနိုင်လောက်တဲ့ ဇိမ်ခံကားကို ထုတ်ကြွားလိုက်တယ်။
လောလောဆယ် စိတ်ကူးတွေကို ပုံဖော်ထားတဲ့အဆင့် ရောက်နေပြီဖြစ်တဲ့ Hongqi L-Concept ကားတံခါးတွေက ပတ္တာ နောက်ဘက်မှာ တပ်ထားတယ်။ ကားပေါ် အတက်အဆင်း အဆင်ပြေစေတယ်။ အတွင်းမှာ မီးထွန်းဖို့ ခရစ္စတယ်မီး ဆင်ပေးထားတယ်။
‌နောက်ဘက်မှာ နှစ်ယောက်စာ ထိုင်ခုံတွေ ရှိတယ်။ ရှေ့မှာ ယာဉ်မောင်းအတွက်လို့ ယူဆရတဲ့ တစ်ယောက်စာ ထိုင်ခုံရှိတယ်။ စတီရာယင် မပါတော့ ကားမောင်းဖို့ လူလိုမလို မသိနိုင်ဘူး။
ကားက ပင်ကိုမောင်းနှင်မယ့် self-driving သဘော ရှိတယ်။
Hongqi L-Concept က လမ်းပေါ်ကို တကယ် ရောက်လာနိုင်မှာလား။ မီဒီယာတချို့မှာ ဖော်ပြထားတာ ၂၀၂၃ ခုနှစ်လောက်မှာ စတင်ထုတ်လုပ်နိုင်ပါတယ်တဲ့
 
ရှိနှင့်ပြီးသား L5 က တရုတ်ပြည်ရဲ့ နိုင်ငံတော်ကား အဖြစ် အသုံးပြုနေတာကို ယခု ပြသတဲ့ L-Concept နဲ့ အစားထိုးဖို့ စီစဉ်နေတာ ဖြစ်မယ်လို့ သုံးသပ်တယ်။ L5 က ၂၀၁၄ မှာ စတင်ထုတ် လုပ်ခဲ့တော့ နည်းပညာတွေ ခေတ်နောက်ကျ ကျန်ရစ်ပြီ။
Hongqi ရဲ့ မိခင်လုပ်ငန်းစု FAW Group က တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်ထဲမှာ အနောက်တိုင်းမှ ဇိမ်ခံကားတွေ ဝယ်စီးကြမယ့်အစား Hongqi ကို ဝယ်စီးအောင် ကြိုးပမ်းဆောင်ရွက်နေတယ်။ ဘက်ထရီသုံး လျှပ်စစ်ကား SUV ကို မကြာသေးခင်ကမှ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

 

 

 

 

 

 

 

Read 1094 times