ဟောင်ကောင်တွင် ဟိုက်ဒရိုဂျင်ပါဝါသုံး ၂ ထပ်ဘတ်စ်ကား စတင်ပြေးဆွဲတော့မည်


ဟောင်ကောင်တွင် ဟိုက်ဒရိုဂျင်ပါဝါသုံး ၂ ထပ်ဘတ်စ်ကား စတင်ပြေးဆွဲတော့မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

လူအများ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Citybus က ဟိုက်ဒရိုဂျင်ပါဝါသုံး နှစ်ထပ်ဘတ်စ်ကားကို ကီလိုမီတာ ၂၀၀ စမ်းသပ်မောင်းနှင်ခဲ့ပြီး ဟိုက်ဒရိုဂျင် ပြန်ဖြည့်ခြင်းကိုလည်း အကြိမ်ကြိမ် စမ်းသပ်ခဲ့ကြောင်း ပြောကြားသည်။

 

ဟောင်ကောင်၏ ပထမဆုံး ဟိုက်ဒရိုဂျင်သုံး နှစ်ထပ်ဘတ်စ်ကားကို လာမည့်တလအတွင်း စတင်ပြေးဆွဲမည် ဖြစ်သည်။

 

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် Citybus သည် ဟိုက်ဒရိုဂျင် ဖြည့်သည့်ရုံ တည်ဆောက်ရန်နှင့် ဟိုက်ဒရိုဂျင်သုံး နှစ်ထပ်ဘတ်စ်ကား ပြေးဆွဲရန် ခွင့်ပြုမိန့် ရရှိခဲ့ပါသည်။

 

ဟိုက်ဒရိုဂျင်သည် ဓာတုတုံ့ပြန်မှုများဖြင့် လျှပ်စစ်ဓာတ်အဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းလျှပ်စစ်စွမ်းအင်ဖြင့် ဘတ်စ်ကားကို မောင်းနှင်သည်။ မီးခိုးဓာတ်ငွေ့ ထုတ်လွှတ်ခြင်း မရှိဘဲ  ရေကိုသာ ထုတ်လွှတ်သည်။

ဘတ်စ်ကားကို ဟိုက်ဒရိုဂျင် ပြန်ဖြည့်တင်းရန် ၁၀ မိနစ်ခန့်ကြာသည်။ အပြည့်ဖြည့်ပြီးလျှင် ကီလိုမီတာ ၄၀၀ မောင်းနှင်နိုင်သည်။

 

Citybus က ဟိုက်ဒရိုဂျင် နှစ်ထပ်ဘတ်စ် အနည်းဆုံး ၅ စီးဖြင့် စတင် ပြေးဆွဲမည်ဖြစ်ပြီး နောက်နှစ်တွင် ဟိုက်ဒရိုဂျင် ဖြည့်တင်းသည့် ရုံ နောက်ထပ်တရုံ ထားရှိမည်ဟု ပြောကြားသည်။

ဟောင်ကောင်အစိုးရ၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အသုံးစရိတ်တွင် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး ဘတ်စ်ကားများနှင့် ထရပ်ကားများ ဖွံ့ဖြိုးရေးအတွက် ဟောင်ကောင်ဒေါ်လာ သန်း ၂၀၀ (ကန်ဒေါ်လာ ၂၅.၆ သန်း) လျာထားပါသည်။

 

Source scmp


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read 812 times