ဟွန်ဒါ တရုတ်ဖက်စပ်လုပ်ငန်း ရောင်းအား လျော့ကျသဖြင့် ကားစက်ရုံ လုပ်သားအင်အား လျှော့ချ


ဟွန်ဒါ တရုတ်ဖက်စပ်လုပ်ငန်း ရောင်းအား လျော့ကျသဖြင့် ကားစက်ရုံ လုပ်သားအင်အား လျှော့ချ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံမှ ဖက်စပ်လုပ်ငန်းတွင် ကန်ထရိုက်အလုပ်သမား ၉၀၀ ခန့်ကို အလုပ်မှ  ထုတ်ပယ်ခဲ့ကြောင်း ဒီဇင်ဘာလ ၂ ရက်တွင် Honda Motor က ကြေညာခဲ့သည်။

၎င်းဖက်စပ်လုပ်ငန်းသည် တရုတ်နိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်း Guangzhou Automobile Group နှင့် Honda Motor တို့ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း ဖြစ်ပါသည်။


ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ပြည်တွင် စွမ်းအင်သစ်ကားများဆီသို့ ကူးပြောင်းခြင်း မြန်ဆန်သဖြင့် ဟွန်ဒါ ရောင်းအား ကျဆင်းလာနေသည်။
"ထုတ်လုပ်မှုပမာဏ လျော့ကျလာတဲ့အတွက် ကန်ထရိုက်စနစ်ဖြင့် ခေါ်သုံးတဲ့သူတွေကို ရပ်ဆိုင်းလိုက်တာပါ"ဟု ကုမ္ပဏီမှ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားသည်။
၎င်းအလုပ်သမားများကို အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ ကန်ထရိုက်စာချုပ်ဖြင့် ခေါ်ယူထားခြင်း ဖြစ်သည်။

စက်ရုံတွင် လုပ်သားအင်အား ၁၃,၀၀၀ ခန့်ရှိသဖြင့် ၇% ခန့် လျှော့ချလိုက်ခြင်း ဖြစ်သည်။
မည်သည့်မော်ဒယ် ထုတ်လုပ်ရေးလိုင်းမှာ အလုပ်သမား လျှော့ချလိုက်သည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုပေ။ 

တရုတ်ပြည်တွင် ဟွန်ဒါသည် ကားထုတ်လုပ်မှုကို ယခုနှစ် ပထမ ၁၀ လတွင် ငါးပုံတပုံခန့် လျှော့ချခဲ့သည်။ 

ဟွန်ဒါ ကားရောင်းအားတွင် ၃၀% သည် တရုတ်ပြည်မှ ရောင်းအားဖြစ်ပြီး ယခုနှစ်တွင် တရုတ်ပြည်ရောင်းအား သိသိသာသာ ကျဆင်းနေသည်။
ဟွန်ဒါ ကမ္ဘာ့ရောင်းအားသည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာတွင် အစီးရေ ၃.၂ သန်း ရောင်းချခဲ့သည်။ 

Source Reuters 
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 115 times