ဥရောပမှာ ဟွန်ဒါ ဓာတ်ဆီဒီဇယ်ကား အရောင်းရပ်တော့မည်


ဟွန်ဒါသည် အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် ( internal combustion engine (ICE) အသုံးပြုတဲ့ကားတွေကို ၂၀၂၂ ခုနှစ်မှစလို့ ဥရောပမှာ အရောင်းရပ်တော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဘက်ထရီလျှပ်စစ်ကား (battery electric vehicle (BEV) တွေကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

 

ဂျပန်ကားကုမ္ပဏီ ဟွန်ဒါသည် လျှပ်စစ်ကားစစ်စစ်လမ်းကြောင်းထဲသို့ ၀င်ရောက်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင်သုံးတဲ့ ဓာတ်ဆီကားတွေ ဒီဇယ်ကားတွေကို နောက်ကည့်မှန်ထဲမှာသာ မြင်ရတော့မယ့် အနာဂတ်ကို နောက် ၂နှစ်အကြာမှာ ရောက်ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဥရောပနိုင်ငံတွေမှာ ကားအိပ်ဇောမှ စွန့်ထုတ်တဲ့ ဓာတ်ငွေ့အမျိုးမျိုးကြောင့် လေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးဖို့ ပြင်းထန်တဲ့ သတ်မှတ်ချက်တွေ ပြဌားန်ချက်ထားတာကြောင့် ဓာတ်ဆီကားတွေနဲ့ ဒီဇယ်ကားတွေကို မီးခိုးမထွက်ရ၊ ကာဘွန်ဒိုင်အောက်ဆိုက် စွန့်ထုတ်ခြင်း မပြုရ စတဲ့ မီးခိုးထွက်ရှိမှု သုည ဖြစ်အောင် လုပ်ခိုင်းထားတာမို့ လျှပ်စစ်ကားများ ထုတ်လုပ်မှသာ အဆင်ပြေမှာပါ။


ဈေးကွက်ထဲ လျှပ်စစ်ကားတွေ အရောင်းသွက်ဖို့မှာ အခက်အခဲ ရှိနေတဲ့ စိန်ခေါ်မှုကို ဟွန်ဒါက ရင်ဆိုင်တော့မှာ ဖြစ်ပါတယ်။

 

ဟွန်ဒါမှ ပြောရေးဆိုခွင့် ရှိသူက လျှပ်စစ်ကား စစ်စစ်တွေပဲ ထုတ်လုပ်ရောင်းချဖို့ဆိုတာ လွယ်တာတော့ မလွယ်ဘူး။ ဓာတ်ဆီကားတွေထက် လျှပ်စစ်ကားတွေက ဈေးပိုကြီးတယ်။ ၃၀ ကနေ ၅၀ % အထိ ဈေးပိုများတယ် လို့ ရှင်းပြပါတယ်။

 

By Myanmar Automobile Guide

Read 7513 times