Honda Vezel


Honda Vezel ုကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင်စတင်ထုတ်လုပ်ခဲ့ပြီး Mini SUV အမျိုးအစားဖြစ်ပါသည်။

ယင်းကားသည် Honda Urban SUV Concept ကားဒီဇိုင်းကိုအခြေခံထုတ်လုပ်ထားခြင်းဖြစ်သည်။

ထိုကားတွင်ဓာတ်ဆီအင်ဂျင် ၁၅၀၀ စီစီနှင့်ထုတ်လုပ်ထားသကဲ့သို့ Hybrid အနေဖြင့်ထုတ်လုပ်ထားပါသည်။

အင်ဂျင်နှစ်မျိုးစလုံးကို 2WD, 4 WD ထုတ်လုပ်ထားပြီး Chassis နံပါတ်နှင့်ခွဲပါက Hybrid 2WD မှာ RU3, Hybrid 4WDမှာ RU4, ရိုးရိုးအင်ဂျင် 2WDမှာ RU1 နှင့် 4WD မှာ RU2 ဖြစ်ပါသည်။

ယင်းကား၏နောက်မီးခွက်ကြည့်ရုံနှင့် အင်ဂျင်အမျိုးအစားကိုခွဲခြားနိုင်ပါသည်။

Hybrid ၏နောက်မီးမှာ LED မီးခွက်ဖြစ်ပြီးပါးခြမ်းမှာလည်း Hybrid စာတန်းပါပါသည်။

ဂရိတ်အနေဖြင့် G,X,S,Hybrid X,Hybrid Z,Hybrid XL,Hybrid XL Package စသောဂရိတ်များပါရှိပြီး G ဂရိတ်မှာ Base Grade ဖြစ်သောကြောင့် Cruise Control မပါသလို Leather Seat လည်းမဖြစ်ပါ။

X Grade တွင် Cruise Control ပါဝင်လာပြီး LED Headlight ဖြစ်သွားပြီး S ဂရိတ်ဖြစ်ပါက Alloy Size မှာ ၁၇ လက်မဖြစ်ပြီး Shift Paddle နှင့်ခေါင်မိုးတွင် Roof Rail ပါပါသည်။

Hybrid ဂရိတ်များထဲတွင် XL Package နှင့် Hybrid XLမှာဂရိတ်အမြင့်ဖြစ်ပြီး Alloy Size ၁၇ လက်မဖြစ်သွားသကဲ့သို့ Roof Rail လည်းပါဝင်လာပါသည်။

ထို့ပြင် Hybrid များတွင် Hybrid Only Design ဒိုင်ခွက်နှင့် Multi Information Display များပါဝင်ပါသည်။

Honda Vezel ၂၀၁၃ မိုဒယ်ကိုမှာယူတင်သွင်းပါက ကျပ်သိန်း ၄၅၀ ဝန်းကျင်မှ သိန်းငါးရာဝန်းကျင် ကျသင့်မည်ဖြစ်ပါသည်။

Read 3198 times