2017 Frankfurt ကားပြပွဲတွင် မိတ်ဆက်ခဲ့သည် Honda Urban EV Concept အား ယခုအခါ Honda E Prototype အနေဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး အဆိုပါ လျှပ်စစ်ကားအား Honda မှ အမည်အသစ်ဖြင့် ဥရောပဈေးကွက်တွင် ယခုနှစ်အကုန်၌ ရောင်းချမှာဖြစ်ပါတယ်။
ယခု Concept တွင်ပြသသည့် ပြိုးပြိုးပျက်ပျက် Badge တံဆိပ်အား Production တွင်ထည့်သွင်းမည် မဟုတ်ဟု လည်းသိရပါတယ်။ ကားအရှေ့နှင့် အနောက်ရှိ Headlights များသည် Full circle များဖြစ်ပြီး အပေါ်ရှိ Spoiler တွင် Back light ပါရှိပါမယ်။ ဘီးများတွင် (17–inch Alloy) သို့ (16–inch Alloy) များထည့်သွင်းထားမည် ဖြစ်ပြီး နောက်ဘီးယက်စနစ်သုံး EV Platform ကို အခြေခံတည်ဆောက် ထားပါတယ်။
အထူး အဆင့်မြင့်ယာဉ်မောင်း ထောက်ပံ့မှုနည်းပညာများအတွက် Frond–faring camera များနှင့် LIDAR များ စုံလင်စွာ တပ်ဆင်ထားပါတယ်။ Battery Charger နှင့် အခြားအချက်များကို ကြည့်ရှုရန် LED Display / အနောက်ကြည့်မှန်များတွင် Side Camera များ ထည့်သွင်းထားခြင်းနှင့် Digital Rearview Camera စသည့် အဆင့်မြင့်နည်းပညာသုံး Features များစွာပါရှိမှာဖြစ်ပါတယ်။
(Recycled Polyester Fabric) အမျိုးအစား ထိုင်ခုံများသည် ခရီးသည်အများအတွက် အဆင်ပြေ စေမည်ဖြစ်ပြီး (12–inch Center Display Screen) (၂) ခု အပါအဝင် Display Screen ကို ထည့်သွင်းထားမည်ဖြစ်ကာ အရှေ့ဖက်ခရီးသည်အား တွဲဖက်ယာဉ်မောင်းကဲ့သို့ ကူညီပေးခြင်းများကို ဖန်တီးနိုင်မည့် Features များကို Center Display Screen တွင် ပထမဆုံး ထည့်သွင်းထားပါတယ်။
Battery Pack သည် (125 miles) ဝန်းကျင်ခန့် အသုံးပြု နိုင်ပြီး (မိနစ် ၃၀) ခန့် အားသွင်းရုံဖြင့် စွမ်းအင်း၏ (၈၀%) အထိ ပြန်လည် အားဖြည့်နိုင်မှာဖြစ်ပါတယ်။ Honda သည် အဆိုပါ Urban EV Concept အား Brand new Mazda 3 Sky activ – D GT Sport နှင့် ဒုတိယမျိုးဆက် BMW i 3 Models များကဲ့သို့ ဆန်းသစ်ပြီး အထူးခေတ်ရှေ့ပြေးသည့် Version အနေဖြင့် ဖန်တီးထုတ်လုပ်ရန် ရည်ရွယ်ထားပါတယ်။