Honda ၏ နောက်ဆုံးပေါ်နည်းလမ်းများစွာထဲမှ အချက်တစ်ချက်


Honda ၏ ကာလကြာရှည်စွာ ရရှိထားသည့် အောင်မြင်မှုများတွင် ၎င်းမှ တီထွင်ဖန်တီးသည့် နည်းပညာများသည် အရေးပါသည့်နေရာမှ ရပ်တည်နေပါသည်။

နည်းပညာကဏ္ဍတွင် Honda သည် အလွန်ကျော်ကြားမှုရှိသည့် Brand ဖြစ်ပြီး ၎င်း၏နည်းပညာများသည် ကမ္ဘာ့ကားနည်းပညာလောကတွင် သမိုင်းမှတ်တိုင်များ စိုက်ထူနိုင်ခဲ့ပါသည်။

ထိုသို့နည်းပညာနှင့်ပတ်သတ်၍ အစဉ်အလာကြီးမားသော Honda ၏ လက်ရှိတီထွင်ဖန်တီးထားသည့် ကားများဆိုင်ရာ နည်းပညာများကို ရှာဖွေတင်ဆက်မည်ဖြစ်ပြီး ၎င်းတို့အနက် အချို့သည် ကမ္ဘာ့ပထမဆုံး ဖန်တီးသည့် နည်းပညာများလည်း ပါဝင်ပါသည်။

ထိုနည်းပညာများထဲမှ တစ်ချက်ကို Automobile Equipment Directory စာဖတ်ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ပါသည်။

Honda’s New 10-Speed Automatic 
(Honda ၏ အားသစ်လောင်းသည့် ဖန်တီးမှုအသစ်)

Honda မှ အသစ်ဖန်တီးထားသော New 10-Speed Automatic Transmission စနစ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်မှ စတင်ခဲ့သော အစီအစဉ်အပေါ် တစ်စိုက်မတ်မတ် ကြိုးပမ်းလာသည့် Honda အင်ဂျင်နီယာများ၏ အောင်မြင်မှုဟု ဆိုရပါမည်။

ထို့အတူ ယခုထွက်ရှိသည့် New 10-Speed Automatic Gear စနစ်သည် ကားနည်းပညာနယ်နိမိတ်ကို ချဲ့ထွင်ခြင်း၏ အစဟုလည်း ဆိုနိုင်ပါသည်။

အဆိုပါ ဂီယာစနစ်ကို 3.5 L V6 Engine, 280 hp အမျိုးအစားတွင် တွဲဖက်ထားမည်ဖြစ်ပြီး Honda ၏ 2018 Odyssey Minivan တွင် စတင်အသုံးပြုမည်ဖြစ်ပါသည်။

အဆိုပါ Odyssey သည် မျိုးဆက် ငါးဆက်မြောက် အသစ်ထွက်ရှိသည့်ကားဖြစ်ပြီး ရှေ့ဘီးယက်အမျိုးအစားကားလည်း ဖြစ်ပါသည်။

ယခုလက်ရှိ Honda မှ တီထွင်ထားသည့် ဂီယာစနစ်သုံးမျိုးရှိမည်ဖြစ်ပြီး ၎င်းတို့မှာ ဘတ်ကြိုးနှင့် မူလီတို့ကို အခြေခံထားသည့် CVT ဂီယာစနစ်၊ 9-Speed ZF Design Automatic Gear နှင့် 10-Speed Design Automatic Gear တို့ဖြစ်ကြသည်။

၎င်းတို့အနက် CVT Gearbox ကို Honda မှ ဖန်တီးထုတ်လုပ်ပြီး အခြားသော ဂီယာစနစ်နှစ်ခုကို Honda သည် Supplier များအကူအညီဖြင့် ဖန်တီးထုတ်လုပ်ထားပါသည်။

အဓိကအားဖြင့် Torque Converter နှင့် Servo-shit Helical Gear ဆိုင်ရာများကို Honda မှ ဖန်တီးပြီး Planetory Gearset များကို Supplier များမှ ရယူပါ။

New 10-Speed Automatic Gear ကို ဂျပန်နိုင်ငံရှိ Honda R and D in Tochigi မှ ဒီဇိုင်းထုတ်ဖန်တီးပြီး အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရှိ Tallapoosa ဒေသတွင် ထုတ်လုပ်တပ်ဆင်သည့် 2018 Honda Odyssey ၌ ထည့်သွင်းထားပါသည်။

Planetory Gearset များကို Sladek မှ ရယူပါ။ ယခုအသစ်ထည့်သွင်းသည့် ဂီယာအုံသည် ယခင် Odyssey ကားများတွင် ပါရှိသည့် 6-Speed Auto Gear ထက် အလျား ၁၅ လက်မပိုရှည်ပြီး အနံ ၁ ဒသမ ၇ လက်မခန့် တိုပါသည်။

ယင်းဂီယာအုံတွင် အဓိကအားဖြင့် ဟိုက်ဒြောလစ်ကလပ်သုံးခု၊ ဘရိတ်စနစ် သုံးမျိုးနှင့် သေးသွယ်သည့် Torque Converter တို့သည် Engine ၏ Crankshaft တွင် တစ်စုတစ်စည်း ပေါင်းစပ်ထားပါသည်။

ထို့ပြင် Forward နှင့် Reverse ဂီယာရွှေ့ခြင်းများအကြားတွင် 2-Way Clutch စနစ်ကို အသစ်ထည့်သွင်းထားမည်ဖြစ်ပါသည်။

 

Read 838 times