Honda နဲ့ Toyota ကားမော်ဒယ်အချို့ အသစ်ရဖို့ တစ်နှစ်ကျော် စောင့်ရဖွယ် ရှိနေ


ကမ္ဘာတစ်လွှား မော်တော်ယာဉ်သုံး ချစ်ပ်အမျိုးမျိုး အလုံအလောက် မရရှိတာကြောင့် မော်တော်ယာဉ် ထုတ်လုပ်မှု အရေအတွက် လျှော့ချ ထုတ်လုပ်နေကြရတဲ့အတွက် Honda နဲ့ Toyota တို့ရဲ့ ကားအသစ်ကျပ်ချွတ် ဝယ်ယူသူတွေကို မှာကြားပြီးတဲ့ခါ တစ်နှစ်ကျော် စောင့်ရမယ်လို့ အသိပေးထားပါတယ်။ အရှေ့တောင်အာရှမှာ ထုတ်လုပ်တဲ့ မော်တော်ယာဉ်သုံး ချစ်ပ်အမျိုးမျိုး၊ စက်ပစ္စည်းနဲ့ မော်တော်ယာဉ် အစိတ်အပိုင်းများ စက်ရုံတွေ ကိုဗစ်ကြောင့် ပိတ်ထားခဲ့တာကြောင့် အချိန်မီ မရရှိနိုင်တော့တဲ့အတွက် ယခုလို စောင့်ဆိုင်းကာလ ကြာမြင့်နေရတာ ဖြစ်ပါတယ်။ 

Honda က ဂျပန်နိုင်ငံ ပြည်တွင်းထုတ်လုပ်မှု စီးရေပမာဏကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ယခင်အစီအစဉ်၏ အကြမ်းအားဖြင့် ၆၀% လျှော့ထုတ်လုပ်သည်။ Suzuka ရှိ ကားစက်ရုံအပါအဝင် စက်ရုံများကို ယာယီရပ်နားထားသည်။ အောက်တိုဘာလတွင်  Suzuka နှင့်  Sayama ရှိ ကားစက်ရုံတို့ကို ၄၀% လျှော့ထုတ်လုပ်ရလိမ့်မည်ဟု မျှော်မှန်းထားသည်။ သို့ဖြစ်ရာ N-Box minicar နှင့်  Stepwgn minivan တို့ ထုတ်လုပ်ရောင်းချနိုင်သည့် စီးရေပမာဏ ကျဆင်းမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ဂျပန်ကားလုပ်ငန်းများ စီးရေ တစ်သန်းကျော် လျှော့ထုတ်

Honda ၏ ကမ္ဘာ့ရောင်းအားသည် ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီးရေ ၁၅၀,၀၀၀ လျော့နည်းလိမ့်မည်။ 

ထုတ်လုပ်မှု လျှော့ချထားရသဖြင့် Honda  က ပြည်တွင်းဈေးကွက်ထဲမှ ကားအရောင်းကိုယ်စားလှယ်များကို Vezel SUV ကားများ စက်ရုံထံမှ တင်ပို့ပေးရန် တစ်နှစ်ကျော် စောင့်ရနိုင်ဖွယ် ရှိသည်ဟု အသိပေးအကြောင်းကြားထားသည်။ 

Toyota  က လူကြိုက်များသည့် SUV Land Cruiser ဝယ်ယူသူများကို တစ်နှစ်ကျော် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ပြည်ပသို့ တင်ပို့ပြီး ရောင်းချခြင်းကို ကာကွယ်ရန်အတွက် SUV Land Cruiser ဝယ်ယူသူများကို ဂျပန်တွင် ကားကို သုံးစွဲမည်ဖြစ်ကြောင်း အတည်ပြုချက် ရယူထားသည်။ 

Read 3136 times