ဗြိတိန်နိုင်ငံရှိ ဟွန်ဒါကားထုတ်လုပ်မှုအချို့ကို ဂျပန်သို့ပြောင်းရွှေ့မည်


ဗြိတိန်နိုင်ငံရှိ ဟွန်ဒါကားထုတ်လုပ်မှုအချို့ကို ဂျပန်သို့ပြောင်းရွှေ့မည် ဟွန်ဒါသည် ၂၀၂၁ ခုနှစ်တွင်ပိတ်သိမ်းမည့် ဗြိတိန်စက်ရုံမှထုတ်လုပ်မှု အချို့ကို ဂျပန်သို့လွှဲပြောင်းရန် ဆုံးဖြတ်ခဲ့သည်ဟု သိရပါတယ်။

ဗြိတိန်နှင့် ဂျပန်အစိုးရတို့သည် ကုန်သွယ်ရေးသဘောတူညီမှုအရ မော်တော်ယာဉ်အခွန်အဆုံးသတ်ရေး နှင့် ပတ်သက်၍ နောက်ဆုံးအဆင့် ဆွေးနွေးမှုများပြုလုပ်နေပါတယ်။

 

နိုင်ငံခြားငွေလဲလှယ်မှု မတည်ငြိမ်သည့် ပြဿနာများကို လျှော့ချရန်အတွက် ပြည်ပမှ ထုတ်လုပ်မှုအချို့ကို တိုးမြှင့်ပေးခဲ့သည့် ဟွန်ဒါသည် မော်တော်ယာဉ်အတွက် အကောက်ခွန်ဆိုင်ရာနှစ်နိုင်ငံ သဘောတူစာချုပ်ကို မျှော်လင့်နေကြောင်း သိရပါတယ်။

 

တစ်ချိန်တည်းမှာပဲ ဂျပန်ပြည်တွင်းရှိစက်ရုံများကို ပိုမိုအသုံးပြုဖို့လည်း စီစဉ်နေပါတယ်။ ဥရောပစီးပွားရေးနှေးကွေးခြင်းနှင့် ဥရောပအုပ်စုမှ ယူကေ ထွက်ခွာခြင်းတို့ကြောင့် ဟွန်ဒါသည် ၂၀၂၁ ခုနှစ်တွင် ယူကေစက်ရုံကို ပိတ်ပစ်ရန်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

ဂျပန်မှ အီးယူနိုင်ငံများသို့ မော်တော်ယာဉ်များ တင်သွင်းတဲ့အခါ လက်ရှိအခွန်နှုန်းမှာ ၇.၅% ဖြစ်ပါတယ်။

 

သို့သော် ယူကေသည် ဥရောပသမဂ္ဂမှ ထွက်ခွာရန်ဆုံးဖြတ်ခဲ့ပြီး တိုကျိုနှင့်လန်ဒန်တို့သည်ကုန်သွယ်ရေးသဘောတူညီချက် မရရှိလျှင် အဆိုပါအခွန်နှုန်းမှာ ၁၀% အထိ မြင့်တက်နိုင်ပါတယ်လို့ဆိုပါတယ်။

 

ဂျပန်နှင့်ယူကေအစိုးရများအနေဖြင့် သဘောတူညီမှုရရန် ကြိုးစားနေကြပါတယ်။ သဘောတူညီချက်ရရှိခဲ့လျှင် လာမည့် ၂၀၂၆ ခုနှစ်တွင် အခွန်နှုန်းကို သုည အထိ လျှော့ချလိမ့်မယ်လို့ ဆိုပါတယ်။

 

ဟွန်ဒါရဲ့ ထုတ်လုပ်မှုစုစုပေါင်း၏ ၇၀% ကို အမေရိကန်သို့ တင်ပို့ရန် အစီအစဉ်ကို အစောပိုင်းတွင် ထုတ်ပြန်ထားပါတယ်။ သို့သော် ဂျပန် သို့မဟုတ် ဗြိတိန်စျေးကွက်များအတွက် ထုတ်လုပ်မှုကို မည်သည့်နေ ရာတွင်ရွှေ့ပြောင်းရမည်ကို မဖော်ပြခဲ့ပေ။

 

အခွန်နှုန်းထားများ လျှော့ချရန်နှင့် ဂျပန်ပြည်တွင်းစက်ရုံ၏ အသုံးပြုမှုနှုန်းကို မြှင့်တင်ရန်အတွက် Honda သည် Yorii ရှိ စက်ရုံကို အသုံးပြုဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။

 

ယူကေတွင် နှစ်စဉ်ကားသစ်များ ရောင်းအားသည် စုစုပေါင်းကား အစီးရေ ၂.၃ သန်းရှိပြီး ဂျာမနီပြီးလျှင် ဥရောပတွင်ဒုတိယ အကြီးဆုံးစျေးကွက် ဖြစ်ပါတယ်။

 

ဂျပန်ကားထုတ်လုပ်သူများ၏ ကားများသည် ယူကေစျေးကွက်ရဲ့ ၂၀% နီးပါး ရှိပါတယ်။ ၂၀၁၉ ခုနှစ်တွင် ဟွန်ဒါသည် ဥရောပ၌ ၎င်းရောင်းအား၏ သုံးပုံတစ်ပုံကို ကိုယ်စားပြုသည့် အနေဖြင့် အင်္ဂလန်တွင်ကား ၄၀,၀၀၀ ရောင်းချခဲ့ လို့ဆိုပါတယ်။

 

By Myanmar Automobile Guide

 

Ref:asia.nikkei

Read 1064 times