Honda Prologue EV ဒီဇိုင်းလုပ်ငန်းစဉ် မိတ်ဆက်တင်ပြ


Honda Prologue EV ဒီဇိုင်းလုပ်ငန်းစဉ် မိတ်ဆက်တင်ပြ

Honda  က လျှပ်စစ်ကား လမ်းကြောင်းပေါ် မောင်းနှင်နေပြီ ဖြစ်ပေမဲ့ ဖြည်းဖြည်းမောင်းနှင်နေပါတယ်။ 

နောက်ထပ် ထုတ်မယ့် မော်ဒယ် Honda Prologue လျှပ်စစ် SUV ကို ယခုအခါ GM နင့် လက်တွဲပြီး လုပ်ကိုင်လျက်ရှိပါတယ်။

Honda Prologue ကို ဒီဇိုင်းထုတ်တဲ့အကြောင်း တင်ပြထားတဲ့ မှတ်တမ်းတင်ဗီဒီယို တစ်ကား တင်ပြခဲ့ပါတယ်။

Honda Motor Co., Ltd. က ၂၀၄၀ မှာ အပြည့်အဝ လျှပ်စစ်ကားမော်ဒယ်များ ထုတ်လုပ်ဖို့ ကတ်ကဝတ်ပြုထားပါတယ်။

လျှပ်စစ်ကား ထုတ်လုပ်ဖို့ မောင်းနှင်နေကြတဲ့ အဝေးပြေးလမ်းပေါ်မှာ ယခုအခါ ယာဉ်ကြောနှစ်ခု သိသာထင်ရှားလာပါတယ်။

တစ်ခုက လျှပ်စစ်ဓာတ်အားသုံးခြင်း “electrified” ဖြစ်ပါတယ်။ နောက်တစ်မျိုးက လျှပ်စစ်ကားစစ်စစ် “pure electric” ဖြစ်ပါတယ်။

ဝေါဟာရ အသုံးအနှုန်းနှစ်ခုစလုံးမှာ လျှပ်စစ်စွမ်းအင်ဖြင့် ကားကို မောင်းနှင်ကြတာ ဖြစ်ပေမဲ့ ရင်းမြစ် ကွာခြားပါတယ်။

“electrified” မှာ လျှပ်စစ်စွမ်းအင်ကို ဟိုက်ဒြိုဂျင် လောင်စာဆဲလ် Hydrogen Fuel Cell ကို သုံးထားတဲ့ မော်တော်ယာဉ်များ Hydrogen Fuel Cell Vehicles (HFCVs) အကျုံးဝင်ပါတယ်။

Honda ရဲ့ လျှပ်စစ်ကား မဟာဗျူဟာမှာ “electrified”  နှင့် “pure electric” နှစ်မျိုးစလုံး ပါဝင်ပါတယ်။

ဘက်ထရီကို ရင်းမြစ်အဖြစ်သုံးတဲ့ “pure electric” အဖြစ် Honda Prologue ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

Honda Prologue ကို GM ရဲ့ လျှပ်စစ်ကား ပလက်ဖောင်း Ultium ပေါ်မှာ တည်ဆောက်ထားပါတယ်။ ၂၀၂၄ မှာ လျှပ်စစ်ကားစစ်စစ် Acura SUV နှင့်အတူ ဈေးကွက်ထဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ နှစ်မျိုးပေါင်းစီးရေ တစ်နှစ်လျှင် ၇၀,၀၀၀ ထုတ်လုပ်ဖို့ လျာထားပါတယ်။ 

Honda က တင်ဆက်တဲ့ Prologue EV ဒီဇိုင်းထုတဲ့အကြောင်း ဗီဒီယိုမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့မှာ တည်ရှိတဲ့ Design Center မှာ Prologue ကိုယ်ထည် အတွင်းအပြင် ဒီဇိုင်း ပုံဖော်ပုံကို ပြသထားပါတယ်။ 

#MyanmarAutomobileGuide 

 Telegram Channel https://t.me/Guid4U

 

MAG

Read 393 times