Honda N-Box မော်ဒယ်အသစ်ကို ဂျပန်ဈေးကွက်ထဲတွင် စတင်မိတ်ဆက်လိုက်


Honda မှ မိခင်နိုင်ငံ ဂျပန်စျေးကွက်ထဲတွင် အသေးစား မြို့တွင်းကား N-Box မော်ဒယ်အသစ်ကို စတင်ပွဲထွက်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

အသေးစားမြို့တွင်းကားများ ကျယ်ကျယ်ပြန့်ပြန့် စျေးကွက််ရှိနေသော ဂျပန်စျေးကွက်ထဲတွင် စျေးကွက်ဝေစု အများအပြားပိုင်ဆိုင်ရန် Honda မှ အဆင့်မြင့်ထားသော N-Box မော်ဒယ်သစ်ကို စတင်ချပြခဲ့ခြင်း ဖြစ်ပါသည်။

N-Box မော်ဒယ်၏ ရုပ်ထွက်တွင် မွမ်းမံထားသည့် ရှဲပါရှိသော fascia သစ်၊ LED မီးခွက်သစ် တို့ဖြင့် ခန့်ညားသော Box ကားတစ်စီး အသွင်ဆောင်ပြီး အတွင်းခန်းကျယ်ကျယ်နှင့် စွယ်စုံအသုံးပြုနိုင်မည့် ကားကောင်းဖြစ်ကြောင်း သိရပါသည်။

အတွင်းခန်းတွင် ခလုတ် (features) ပါရှိသော three-spoke စတီယာရင်၊ bush-botton စက်နိုးစနစ်၊ multi-information display၊ GPS navigation၊ Aller ထိုင်ခုံ စသည်ဖြင့် အဆင့်မြင့်မြင့် ဖွဲ့စည်းပေးထားကြောင်း သိရပါသည်။

စွမ်းအားပေးစနစ်တွင် 660 စီစီ အင်ဂျင်တပ်ဆင်ထားပြီး စွမ်းအား 58 PS (43KW) နှင့် ရုန်းအား 65Nm (48lb-ft) ထုတ်ပေးနိုင်စွမ်းရှိကြောင်း သိရပါသည်။

CVT အော်တိုဂီယာဖြင့် တွဲဖက်ပေးထားပြီး နှစ်ဘီးယပ်အပြင် လေးဘီးယပ် 4WD ဖြင့်ပါ ရရှိနိုင်မည်ဖြစ်သလို စွမ်းအားပိုကောင်းသော တာဗိုအင်ဂျင်ဖြင့်လည်း ဝယ်ယူသူများက ရွေးချယ်သွားနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

လုံခြုံရေးစနစ်တွင် Honda SENSING package တွဲဖက်ပါ၀င်ပြီး Collision Mitigation Braking, False Start Prevention, Traffic Sign Recognition, Road Departure Mitigation, Cruise Control, Lane keeping Assist, Pedestrian Collision Mitigation Steering System စသည်ဖြင့် တွဲဖက်ပါရှိသွားမည်ဟု ဆိုလိုပါသည်။

ထို့အပြင် Honda မှ  N-Box ကားသစ်အား မိသားစုစီး ပိုဆန့်စေရန် ရည်ရွယ်ပြီး ကားအလေးချိန်ကို 80 kg  (176 lbs) ထိလျှော့ချထားကာ ကုန်ပစ္စည်းနှင့် လူပိုမိုတင်ဆောင်နိုင်ရန် ရည်ရွယ်၍ လျှော့ချထားခြင်းဖြစ်ကြောင်း သိရပါသည်။

စျေးနှုန်းမှာ အနိမ့်ဆုံယန်းငွေ 1385640 (ဒေါ်လာ 12576) သတ်မှတ်ထားကာ ပြီးခဲ့သော စက်တင်ဘာ ၁ရက်နေ့တွင် စတင်ရောင်းချလျက်ရှိသည်ဟု သိရပါသည်။

  

Read 1303 times