Honda Motor  က ပရိုဂရမ်မာ တစ်သောင်း ခန့်မည်


Honda Motor  က ပရိုဂရမ်မာ တစ်သောင်း ခန့်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Honda Motor သည်  ဆော့ဖ်ဝဲ ပရိုဂရမ်မာ အရေအတွက်ကို ၂၀၃၀ ခုနှစ်တွင် ၁၀,၀၀၀ သို့ တိုးမြှင့်ခန့်ထားမည်။
 Toyota ကလည်း အီးဗီများ တိုးမြှင့် ထုတ်လုပ်မည့် အစီအစဉ်တွင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ၉,၀၀၀ ခန့်ထားမည် ဖြစ်သည်။
 
 
Honda Motor သည် သမားရိုးကျ ကားထုတ်လုပ် ရောင်းချသည့်ပုံစံမှ ကားအပြင် ဆော့ဖ်ဝဲဖြင့်လည်း ဝင်ငွေရှာသည့်ပုံစံသို့ ကူးပြောင်းမည်။

ဆော့ဖ်ဝဲတွင် နောက်ကျမကျန်ရစ်ဘဲ ရှေ့သို့ ရောက်နေစေစဉ် အိန္ဒိယနိုင်ငံမှ ဆော့ဖ်ဝဲ ဖွံ့ဖြိုးရေးလုပ်ငန်း KPIT Technologies နှင့် မိတ်ဘက်ပြုပြီး လက်တွဲထားသည်။ ၎င်းပူးပေါင်းဆောက်ရွက်မှုအတွက် Honda သည်  ဆော့ဖ်ဝဲအင်ဂျင်နီယာ ဦးရေ ၁,၁၀၀ ကို ၂,၀၀၀ သို့ တိုးမြှင့်မည် ဖြစ်သည်။
ထို့ပြင် Honda သည် ဆော့ဖ္ဝဲ ကျွမ်းကျင်သူများ ဆက်လက်တိုးမြှင့် ထားရှိမည်။

ကုမ္ပဏီအတွင်းရော အပြင်မှာပါ ဆော့ဖ်ဝဲအင်ဂျင်နီယာအဖွဲ့ကို ဖန်တီးထားချင်ပါတယ်" ဟု  Honda ၏ အမှုဆောင်ဒုဥက္ကဋ္ဌ Shinji Aoyama က ပြောကြားသည်။


Toyota သည်လည်း ဆော့ဖ်ဝဲလ်အင်ဂျင်နီယာများ တိုးချဲ့ထားရှိလျက်ရှိသည်။ ၂၀၂၅  ခုနှ၏်တွင် ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ ၉,၀၀၀ ရှိနေရန် ရည်မှန်းထားသည်။ 

ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးတိုးတက်ရေးသည် လုပ်သားအင်အားသုံးရသည့် လုပ်ငန်းစဉ်မျိုး ဖြစ်သည်။ ယေဘုယျအားဖြင့် ဆော့ဖ်ဝဲအင်ဂျင်နီယာ အရေအတွက်သည် ကားထုတ်လုပ်သူ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အဆုံးအဖြတ် ပေးနိုင်သည်။

ယခင်က ကားတစ်စီးတွင် အီလက်ထရွန်နစ်ထိန်းချုပ်မှုယူနစ် ဒါဇင်အနည်းငယ်မျှသာ ပါသည်။ ယနေ့တွင် ယူနစ် ၁၀၀ နီးပါးပါသည်။ ထို့အတွက် ကုဒ်လိုင်းများ စုစုပေါင်း သန်း ၁၀၀ အထိ ရေးသားစီကုံးဖို့ လိုအပ်သည်။

ကားလုပ်ငန်းများသည် အိုင်တီသမားများ ရဖို့ ဆွဲဆောင်ကြသည်။ General Motors သည် အိုင်တီ အင်ဂျင်နီယာများကို အဓိကနည်းပညာကုမ္ပဏီကြီးများနည်းတူ လစာနှုန်းထားများ သတ်မှတ်ပေးထားသည်။

ဆော့ဝဲလ် အချိန်မီ မရလျှင် ကားမော်ဒယ် အသစ် မထုတ်လုပ်နိုင်ချေ။ 
Volkswagen သည် Porsche Macan EV အတွက် ဆော့ဖ်ဝဲလ် မပြီးစီးသဖြင့် ၂၀၂၄ သို့ အချိန်ရွှေ့လိုက်ရသည်။

Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 317 times