Honda Motor ရဲ့ Asimo လူစက်ရုပ်ကို လုပ်သက် နှစ်ပေါင်း ၂၀ ရှိချိန်မှာ အနားယူ


Honda Motor ရဲ့ Asimo လူစက်ရုပ်ကို လုပ်သက် နှစ်ပေါင်း ၂၀ ရှိချိန်မှာ အနားယူ

Honda Motor ရဲ့ Asimo လူစက်ရုပ်ကို လုပ်သက် နှစ်ပေါင်း ၂၀ ရှိချိန်မှာ အနားယူခိုင်းလိုက်ပါတယ်။
တိုကျိုမြို့ရှိ Honda ရုံးချုပ်မှ အရောင်းပြခန်းသို့ လာရောက်သူများကို Asimo က လမ်းလျှောက်ခြင်းနှင့် ကပြခြင်းများဖြင့် ဖြေဖျော်တဲ့အလုပ် လုပ်ကိုင်ပေးခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ Asimo လူစက်ရုပ်က ဂျပန်နိုင်ငံ ရိုဘော့နည်းပညာနှင့် ဉာဏ်ရည်တုအတွက် ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူက လမ်းလျှောက်တဲ့အပြင် ပြေးတတ်တယ်။ ခြေတစ်ပေါင်ကျိုး ခုန်တတ်တယ်။ လက်ချောင်း ၅ ချောင်းဖြင့် လက်ဟန်ပြ ဘာသာစကားကိုလည်း တတ်ကျွမ်းတယ်။ ကော်ဖီခွက်ထဲကို ကော်ဖီငှဲ့ထည့်တတ်တယ်။

၂၀၁၁ မှာ စက်ရုပ်ကို လမ်းလျှောက်တဲ့အခါ တခြားသူနဲ့ မတိုက်မိအောင် ရှောင်တတ်အောင် အဆင့်မြှင့်တင်ပေးပြီးတဲ့ နောက်ပိုင်း Honda က ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။
ယခု ၂၀၂၂ မှာ အလုပ်မှ အနားပေးလိုက်ပါတယ်။ လအတန်ကြာ နောက်ဆုံးတွေ့ဆုံခြင်းအနေဖြင့် လာရောက် နှုတ်ဆက်ကြသူများကို Asimo က Honda အရောင်းပြခန်းမှာ လက်ခံတွေ့ဆုံပြီး ဧည့်ခံပေးခဲ့ပါတယ်။

Asimo အမည်က Advanced Step in Innovative Mobility ကို ဆိုလိုပါတယ်။

Read 605 times