Honda မိတ်ဆက်ခဲ့တဲ့ အနာဂတ်ဆန်ဆန် နှစ်ယောက်စီး Micro EV Concept


 

Honda က ၂၀၂၅ ခုနှစ်တွင် Tokyo Mobility Show မတိုင်မီ Micro EV Concept အသစ်ကို မိတ်ဆက်ခဲ့ပြီး၊ မြို့ပြ‌တွေမှာသုံးဖို့အတွက် ဈေးသက်သာပြီး သန့်ရှင်းသတ်ရက်တဲ့ futuristic design အနေနဲ့ချပြခဲ့ပါတယ်။

ဒီ Micro EV ဟာ လူ (၂) ဦးစီးနိုင်တဲ့ အသေးစားမော်တော်ယာဉ်ဖြစ်ပြီး မြို့ပြသုံးအတွက် အထူးဒီဇိုင်းထုတ်ထားကာ တစ်ခါအားအပြည့်သွင်းပြီးရင် (၁၅၀) ကီလိုမီတာခန့် သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အသုံးပြုထားတဲ့ အသေးစား Electric Motor နဲ့ Lightweight Battery Pack ကြောင့် သယ်ယူရလွယ်ကူမှာလည်းဖြစ်ပါတယ်။

ဒီဇိုင်းအနေနဲ့တော့ ပျော့ပြောင်းသန့်ရှင်းတဲ့ အနာဂတ်ပုံစံ (futuristic) ကို အသုံးပြုပြီး   အကြီးစားဖန်သားပြင်နဲ့အတူ Digital Front Grille တပ်ဆင်ထားကာ မိမိစိတ်ကြိုက် စာကြောင်း နဲ့ designကို ပြောင်းလဲပြနိုင်တဲ့ ထူးခြားချက်ပါဝင်ပါတယ်။ အတွင်းဖက်မှာလည်း ပြန်လည်အသုံးပြုနိုင်တဲ့ Recycled Material တွေနဲ့ Smart Connectivity System ထည့်သွင်းထားပြီး ဖုန်းနဲ့မော်တော်ယာဉ်ကြား ချိတ်ဆက်အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

Honda က ဒီ Micro EV Concept ဟာ ၂၀၅၀ ခုနှစ်အထိ Carbon Neutral ဖြစ်လာဖို့ ရည်မှန်းချက်အတွက် အရေးပါဆုံးအဆင့်တစ်ခု ဖြစ်လာမယ်လို့ ဆိုပြီး၊ အနာဂတ်မှာ ဥရောပနဲ့ အာရှဈေးကွက်တွေထဲသို့ ထုတ်လုပ်သွင်းနိုင်မယ့် Production Version အဖြစ် မြင်တွေ့ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Article-Reference:https://www.motortrend.com/news/honda-micro-ev-concept-first-look 

Read 364 times