အစိုးရ မူဝါဒကြောင့် Honda Malaysia  ရောင်းအား ၆၀ % မြင့်တက် 


အစိုးရ မူဝါဒကြောင့် Honda Malaysia  ရောင်းအား ၆၀ % မြင့်တက် 

Honda Malaysia ၏ မော်တော်ယာဉ်ရောင်းအားသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပထမခြောက်လအတွင်း ၆၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး  အစီးရေ ၃၉,၀၀၀ ကျော်အထိ ရော င်းချခဲ့ပါသည်။ 

ဂျပန်ကားထုတ်လုပ်သူ  Honda မှ  ပြောကြားချက်အရ  ဇွန်လ ၃၀ ရက်နေ့အထိ ၎င်း၏ ရောင်းအားသည် မလေးရှားကားအသစ်ဈေးကွက်တွင် ဝေစု ၁၂% ရရှိခဲ့သည်။

ယခုနှစ်အတွက် အရောင်းပမာဏ စီးရေ ၈၀,၀၀၀ လျာထားချက်ကို ပြည့်မီနိုင်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ 

Honda Malaysia မန်နေးဂျင်းဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် Hironobu Yoshimura

 

Honda Malaysia မန်နေးဂျင်းဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် Hironobu Yoshimura က  Honda မော်ဒယ်များကို ကြိုက်နှစ်သက်ကြသဖြင့် ယခုနှစ်မှာ ရောင်းအားတက်စေခဲ့ကြောင်း  ပြောကြားသည်။

"အရောင်းအခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးမယ့်   ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ကြိုတင်စာရင်းသွင်း မှာကြားမှုတွေ ပြုကြလို့  ဝယ်လိုအား မြင့်မားနေတာကို တွေ့ခဲ့ရပါတယ်။

“ဒီနှစ် ပထမခြောက်လမှာ ကြိုတင်မှာယူမှု ၁၀၅,၀၀၀ ကျော်ရရှိခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

“ရောင်းခွန်ကင်းလွတ်ခွင့် မော်တော် ယာဉ်မှတ်ပုံတင်ကာလကို မတ်လ ၃၁ ရက် ၂၀၂၃ အထိ သက်တမ်းတိုးပေးတဲ့အတွက် Honda Malaysia က မလေးရှားအစိုးရရဲ့ ပံ့ပိုးမှုကို ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကပ်ဘေးကြောင့် မလေးရှား မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ ထိခိုက်နေသည့်အတွက် သက်သာရာ ရရှိစေရန် အရောင်းခွန် ကင်းလွတ်ခွင့်  ပေးထားခဲ့ပါသည်။

ဘက်စုံသုံးယာဉ်များ (MPV) နှင့် Sport Utility Vehicles (SUV) အပါအဝင် ခရီးသည်တင်ယာဉ်များအတွက် ပြည်တွင်းတွင် ထုတ်လုပ်ပါက အရောင်းခွန် ကင်းလွတ်ခွင့် အပြည့်အဝ ပေးထားပြီး ပြည်ပမှ  လုံး၀အပြီးအစီး တပ်ဆင်ထားသော (CBU) တင်သွင်းပါက ၅၀% ကင်းလွတ်ခွင့် ပေးအပ်ပါသည်။ 

မော်တော်ယာဉ် ကနဦး မှတ်ပုံတင်ရမည့် သက်တမ်းကာလမှာ ၂၀၂၀ ဇွန်လ ၁၅ ရက်မှ ၂၀၂၂ ဇွန်လ ၃၀ ရက်အထိ ဖြစ်ပါသည်။ 

၎င်းကာလအတွင်း ကြိုတင်အမှာစာဖြင့် ဝယ်ယူထားပါက သတ်မှတ်ထားသည့် အရောင်းခွန် ကင်းလွတ်ခွင့်ကို ခံစားခွင့် ရရှိမည် ဖြစ်ပြီး  Road Transport Department (JPJ)  ကနဦး မှတ်ပုံတင်ခြင်းကို  ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ ခွင့်ပြုကြောင်း  ၂၀၂၂ ဇွန်လ ၂၀ ရက်တွင် ထပ်မံဖြေလျော့ပေးခဲ့ပါသည်။ 

သို့ဖြစ်ရာ ကားဝယ်ယူသူတို့က  အရောင်းခွန် ကင်းလွတ်ခွင့် အခွင့်အရေးကို ရယူနိုင်ရန် အမှာစာများကို ၂၀၂၂ ဇွန်လ ၃၀ ရက်မတိုင်မီ မှာကြားဝယ်ယူကြသဖြင့် ရောင်းအား တက်စေခဲ့ပါသည်။

ပစ္စည်းပေးသွင်းကွင်းဆက် ကမောက်ကမ ဖြစ်နေသဖြင့် စက်ရုံများသည် ထုတ်လုပ်နိုင်စွမ်း အပြည့်အဝဖြင့် လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် ပစ္စည်းမရသဖြင့် ယာဘီ ပိတ်ထားရသည့် ရက်များလည်း ရှိနေသည်။

မှာကြားထားသည့် ကားများကို စက်ရုံများက အလျဉ်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့်  မှတ်ပုံတင်ရမည့် နောက်ဆုံးရက်ကို တစ်နှစ်ထပ်တိုးပေးပြီး ဖြေလျော့ပေးခဲ့ခြင်း ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီး Tengku Zafrul  က ပြောကြားခဲ့ပါသည်။ 

 Honda Malaysia မှ ထုတ်လုပ်သော မော်ဒယ်များမှာ  City, City Hatchback, Civic, Accord တို့ ဖြစ်ပါသည်။ 

#MyanmarAutomobileGuide

 Telegram Channel https://t.me/Guid4U

Source:freemalaysiatoday

Read 5124 times