Honda Malaysia ရဲ့ CKD ကားထုတ်လုပ်မှု စီးရေ ၁  သန်းမိုင်တိုင်သို့ ရောက်ရှိ


Honda Malaysia ရဲ့ CKD ကားထုတ်လုပ်မှု စီးရေ ၁  သန်းမိုင်တိုင်သို့ ရောက်ရှိ

 

Honda Malaysia ရဲ့ Pegoh စက်ရုံမှာ CKD ကား တပ်ဆင်ထုတ်လုပ်မှု စီးရေ ၁ သန်းပြည့် အခမ်းအနားကို ၂၀၂၂ မတ်လ ၃၀ ရက်မှာ ကျင်းပခဲ့ပါတယ်။

 

 

စီးရေ ၆ သိန်းမိုင်တိုင်ကို စက်ရုံသက်တမ်း ၁၄ နှစ်သို့ ရောက်ရှိတဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ ရောက်ရှိခဲ့ပြီး ၅ နှစ်အကြာမှာ စီးရေ ၁ သန်း မိုင်တိုင်ကို Honda Malaysia ဖြတ်ကျော်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ Melaka မှ Pegoh စက်ရုံက ဂျပန်နိုင်ငံမှ Suzuka စက်ရုံနှင့် ပုံစံတူ တည်ဆောက်ထားပါတယ်။ Pegoh စက်ရုံ သက်တမ်း ၁၉ နှစ်မှာ CKD (Completely knocked down) ကားတပ်ဆင်ထုတ်လုပ်မှု စီးရေ ၁ သန်းသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ စီးရေ ၁ သန်းမြောက်ကားက 2022 Honda Civic (FE generation) ဖြစ်ပါတယ်။ 

 

 

 Honda Malaysia ညွှန်ချုပ်နင့် စီအီးအို Ms. Madoka Chujo က "မလေးရှားမှာ Honda Malaysia ထူထောင်လုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ ၂၀၂၁ မတ်လမှာ ကျွန်မတို့ ရောင်းချတဲ့ကားစီးရေ ၁ သန်းမြောက် မိုင်တိုင်ကို ဖြတ်ကျော်ခဲ့ပါတယ်။ နောက်တစ်နှစ်အကြာ ၂၀၂၂ မှာ ထုတ်လုပ်တဲ့ ကားစီးရေ ၁ သန်းမြောက်တဲ့ မိုင်တိုင်ကို ဖြတ်သန်းပါတယ်" လို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

 

 
 

Honda Malaysia က ၂၀၀၃ ခုနှစ် ဇန်နဝါရီလမှာ Pegoh Plant ကားစက်ရုံမှာ တပ်ဆင်ထုတမလုပ်ရေး No.1 Line ကို ဖွင့်လှစ်ခဲ့ပါတယ်။ စက်ရုံကို မြေဧရိယာ ၄၆,၅၄၃ စတုရန်းမီတာပေါ်မှာ တည်ဆောက်ထားပါတယ်။

 


ထုတ်လုပ်နိုင်စွမ်းက တစ်နှစ် စီးရေ ၅၀,၀၀၀ ဖြစ်ပါတယ်။No.1 Line မှ အဦးဆုံး ထုတ်တဲ့ကား မော်ဒယ်က Honda CR-V ဒုတိယမျိုးဆက် မော်ဒယ် ဖြစ်ပါတယ်။
No.2 Line ကို ၂၀၁၃ အောက်တိုဘာလမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ မြေဧရိယာ ၄၉,၁၉၀.၅ စတုရန်းမီတာပေါ်မှာ တည်ဆောက်ထားပါတယ်။ အဦးဆုံးထုတ်လုပ်တဲ့ ကား မော်ဒယ်က Jazz Hybrid မော်ဒယ် ဖြစ်ပါတယ်။ ၂၀၁၄ ဇန်နဝါရီလမှာ  တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ 

 


လိုင်းနှစ်လိုင်း စုစုပေါင်း တစ်နှစ် စီးရေ ၁ သိန်း ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။  မော်ဒယ် ၇ မျိုးအထိ တပ်ဆင်ထုတ်လုပ်နိုင်ပါတယ်။ 

ယခုအခါ Line No.1 မှာ Honda Civic, Honda Accord,  Honda CR-V တို့ကို ထုတ်လုပ်ပါတယ်။ လိုအပ်ရင် Honda City ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။

 Line No.2 မှာ Honda City, City Hatchback, BR-V, HR-V တို့ကို ထုတ်လုပ်ပေးနေပါတယ်။

 

 

Read 595 times