တရုတ်နိုင်ငံအတွက် သီးသန့်အီးဗီ ဒုတိယမြောက် မော်ဒယ် Honda ထုတ်လုပ်မည်


တရုတ်နိုင်ငံအတွက် သီးသန့်အီးဗီ ဒုတိယမြောက် မော်ဒယ် Honda ထုတ်လုပ်မည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်နိုင်ငံမှ Honda Motor Co သည် ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်ဖြစ်သည့် တရုတ်ပြည်တွင်းဈေးကွက်တွင် အရှိန်အဟုန်ဖြင့် ရောင်းအား ကြီးထွားလာသော ဘက်ထရီသုံး လျှပ်စစ်ကားအမျိုးအစားကို ပစ်မှတ်ထားကာ လျှပ်စစ်ကား မော်ဒယ်အသစ်ကို တရုတ်ဈေးကွက်အတွက်သာ သီးသန့်ထုတ်လုပ်မည်။ ၎င်းမော်ဒယ်သည် Honda ၏ ဒုတိယမြောက် အီးဗီမော်ဒယ် ဖြစ်ပါသည်။
Honda က အီးဗီမော်ဒယ်များကို "e:N Series" အမည်ဖြင့် လာမည့် ၅ နှစ်တာအတွင်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယမန်နှစ်က ပြောကြားခဲ့ပါသည်။ GAC နှင့်လည်းကောင်း၊ Dongfeng Motor နှင့် လည်းကောင်း စီးပွားဖက်ပြုပြီး ၎င်း "e:N Series" အီးဗီမော်ဒယ်များကို ထုတ်လုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်ပြည်တွင်းဈေးကွက်အတွက်သာ ထုတ်လုပ်သည့် ပထမဆုံးမော်ဒယ်ကို ၂၀၂၂ ဧပြီလတွင် စတင်ရောင်းချခဲ့သည်။
Honda သည် တရုတ်နိုင်ငံတွင် လျှပ်စစ်ကား brand တစ်ခုအဖြစ်သို့ အသွင်ကူးပြောင်းနေပြီး တရုတ်ပြည်တွင်းဈေးကွက်အတွက် Honda က "e:N Series" အီးဗီမော်ဒယ်များကို ထုတ်လုပ်မည်ဖြစ်ကြောင်း Honda စီအီးအို Toshihiro Mibe က ကြေညာချက်တွင် ပြောကြားပါသည်။
Honda သည် ဂျပန်ပြိုင်ဘက်များဖြစ်သည့် Toyota Motor Corp နှင့် Nissan Motor Co တို့အပြင် တရုတ်ပြည်တွင်း အီးဗီကားဈေးကွက်မှာ ရှေ့သို့ ရောက်နှင့်နေသည့် Tesla Inc ကိုလည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Honda သည် ကမ္ဘာတစ်ဝှမ်းတွင် အီးဗီမော်ဒယ် အမျိုးအစား ၃၀ ကို ဖြန့်ကျက်ပြီး ၂၀၃၀ တွင် တစ်နှစ်လျှင် အီးဗီအစီးရေ  ၂  သန်းဝန်းကျင် ထုတ်လုပ်ရန် ရည်မှန်းထားသည်။
၂၀၃၀ နောက်ပိုင်းတွင် တရုတ်ပြည်တွင်းဈေးကွက်အတွက် လျှပ်စစ်ကားများကိုသာ ထုတ်လုပ်မည်ဖြစ်ကြောင်း ယမန်နှစ်က ပြောကြားခဲ့သည်။  Honda  က လျှပ်စစ်ကားဟု ဆိုရာ၌ ဘက်ထရီသုံး လျှပ်စစ်ကား၊ ဟိုက်ဒြိုဂျင်ဆဲလ်သုံး လျှပ်စစ်ကား၊ ဓာတ်ဆီ-ဘက်ထရီ လျှပ်စစ်ကားတို့ကို ဆိုလိုပါသည်။ 
GAC-Honda နှင့်  Dongfeng-Honda ဖက်စပ်လုပ်ငန်း နှစ်ခုတို့သည် လျှပ်စစ်ကားများကိုသာ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံအသစ်များ တည်ဆောက်ရန် အစီအစဉ် ရှိပြီး အဆိုပါ စက်ရုများတွင် ထုတ်လုပ်မှုကို ၂၀၂၄ တွင် စတင်ရန် လျာထားပါသည်။ 
Source reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2520 times