Honda Jazz 2016


Honda Jazz မှာ အာရှဈေးကွက်တွင် Honda Fit အဖြစ်ဈေးကွက်သို့ဖြန့်ချိရောင်းချပြီး Sub-Brand တစ်ခုဖြစ်ပါသည်။

အင်ဂျင်အရွယ်အစားရော ကားအရွယ်အစားပါ ကျစ်လစ်သွယ်လှသော ကားတစ်စီးဖြစ်ပြီး ဈေးကွက်တွင်လည်း လူကြိုက်များသောကားတစ်စီးဖြစ်ကြောင်းသိရသည်။

Honda Jazz ကို ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့ကားဈေးကွက်တွင် သေးငယ်သော ကားတစ်စီးဖြစ်ကြောင်းတွေ့ရသည်။

ထုတ်လုပ်ရောင်းချသောနိုင်ငံနှင့် မော်ဒယ်အလိုက် GD1, GD2, GD3, GE1, GE2 ဟူ၍ ခွဲခြားထုတ်လုပ်သည်ကို တွေ့ရသည်။

၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် Honda Fit ကို မော်ဒယ်သစ်ပုံပြောင်းထုတ်လုပ်ချိန်တွင် Honda Jazz ကိုပုံပြောင်းမော်ဒယ်အဖြစ် ထုတ်လုပ်လာသည်ကို တွေ့ရပါသည်။

Honda Jazz ကို၂၀၁၄ ခုနှစ်ဆန်းပိုင်းတွင် Fit 2013 ပုံပြောင်းဒီဇိုင်းအတိုင်း ပြောင်းလဲထုတ်လုပ်လာပါသည်။

အင်ဂျင်အရွယ်အစားမှာ 1.3L, 1.5L ဟူ၍ နှစ်မျိုးထုတ်လုပ်သည်ကို တွေ့ရသည်။

၂၀၁၆ မော်ဒယ်တွင် အတွင်းခန်းအဆင့်မြှင့်တင်မှု၊ နည်းပညာပိုင်းအဆင့်မြှင့်တင်မှုများပြုလုပ်ထားသည် ကိုတွေ့ရသည်။

အတွင်းခန်း Dushboard ဒိုင်ခွက်ကို ဒစ်ဂျင်တယ်ဒိုင်ခွက်၊ DVD Player ၊ Touch Screen LCD များကို တပ်ဆင်ထုတ်လုပ်သည်ကို သိရသည်။

အတွင်းခန်းထိုင်ခုံများကို Sport Type ထိုင်ခုံအဖြစ်တပ်ဆင်ထုတ်လုပ်ထားပြီး စတီယာရင်ကွန်ထရိုးနှင့် ကြိုးမဲ့ချိတ်ဆက်မှုစနစ်လည်းစုံလင်သည်ကို တွေ့ရပါသည်။

အဲကွန်းမှာလည်း ရာသီဥတုအာရုံခံအလိုအလျောက် အဲကွန်းစနစ်ဖြင့် Hi Fi စနစ်အသံပိုင်းကိုလည်း အဆင်မြင့်ထုတ်လုပ်မှုဖြစ်ကြောင်းသိရသည်။

ကိုယ်ထည်ပိုင်းကို Honda Fit 2013 Late မော်ဒယ်ဒီဇိုင်းအတိုင်းထုတ်လုပ်ထားပြီး ကိုယ်ထည်ပိုင်းအာရုံခံစနစ် အပြည့်အစုံပါသည်ဟု သိရသည်။

တာယာလေဖိအားမှာစောင့်ကြည့်စနစ်ဖြစ်ပြီး ပါကင်ဆင်ဆာပတ်လည်၊ ရှေ့နောက်ကင်မရာ၊ Blind Spot အချက်ပြစနစ် အစရှိသောကိုယ်ထည်ပိုင်း လုံခြုံရေးစနစ်အပြည့်အစုံပါဝင်ကြောင်းသိရသည်။

ရှေ့နောက်မီးလုံးများကို မီးလုံးအသေးများမှစ၍ ရှေ့မီးကြီးတွေအထိ LED မီးသီးများကို တပ်ဆင်ပေးထားပြီး ဒီဇိုင်းလည်းလှပြီး ပြတ်သားကြည်လင်သော အလင်းပေးစနစ်ကို ရရှိစေနိုင်ပါသည်။

ကားဘီးခွေမှာ စတီးခွေနှင့် အလွိုင်းခွေနှစ်မျိုးထုတ်လုပ်ပြီး ဂရိတ်နှင့် ထုတ်လုပ်သည့်နိုင်ငံအလိုက် ခွဲခြား ထုတ်လုပ်ထားသည်ကို တွေ့ရသည်။

လုံခြုံရေးနည်းပညာမှာ Honda ၏ နောက်ဆုံးကို လုံခြုံရေးနည်းပညာဖြစ်သည့် ကားနောက်ဆုတ်သည့် ပါကင်စနစ်(Reversing Parking Sensor) စနစ်၊ ယာဉ်တည်ငြိမ်ထိန်းချုပ်စနစ်(Vehicle Stability Assist) စနစ်၊ တောင်တက်ဂီယာထောက်ပံ့စနစ်( Hill Start Assist)၊ အရေးပေါ်ရပ်တန့်အချက်ပြစနစ်(Emergancy Stop Signal) ၊ပတ်လည်မှန် SSR လေအိတ်၊ ရှေ့ထိုင်ခုံ အရေးပေါ်ထိန်းရပ်စနစ်နှင့် ABS စနစ်များကို တပ်ဆင်ထုတ်လုပ်ထားကြောင်းသိရသည်။

ပြည်တွင်းဈေးကွက်တွင် Honda Jazz 2014 မော်ဒယ်ကို ကျပ်သိန်း ၂၆၀ ဝန်းကျင်ပေါက်ဈေးရှိပြီး ၂၀၁၆ မော်ဒယ်မှာ ကျပ်သိန်း ၄၀၀ ဝန်းကျင်ခန့်ရှိမည်ဟုသိရသည်။

Read 3742 times