ဟွန်ဒါ လျှပ်စစ်မော်တော်ဆိုင်ကယ် တစ်နှစ် ၄ သန်းရောင်းချရန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြုပ်နှံ


ဟွန်ဒါ လျှပ်စစ်မော်တော်ဆိုင်ကယ် တစ်နှစ် ၄ သန်းရောင်းချရန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အာရှမှာ ဝယ်လိုအား ကြီးထွားလာသည်နှင့်အမျှ ထိပ်တန်း မော်တော်ဆိုင်ကယ် ထုတ်လုပ်သူ ဟွန်ဒါသည် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ် ၃၀ ခုအထိ  ထုတ်လုပ်ရန် စီစဉ်ထားသည်။

အိန္ဒိယနှင့် အရှေ့တောင်အာရှတွင် ဝယ်လိုအားများလာသောကြောင့် ဟွန်ဒါသည် လျှပ်စစ်မော်တော်ဆိုင်ကယ်များ ရောင်းအား လျာထားချက်ကို မြှင့်တင်ထားသည်။
Honda Motor သည် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် တစ်နှစ်လျှင် အစီးရေ ၄ သန်း ရောင်းချရန် ရည်မှန်းထားသည်။ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ယန်း ၅၀၀ ဘီလီယံ (ကန်ဒေါ်လာ ၃.၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံပြီး မော်ဒယ်အသစ်များ မြန်မြန်ဆန်ဆန် ထုတ်လုပ်မည်ဟု နိုဝင်ဘာလ ၂၉ ရက်တွင် ဟွန်ဒါက ပြောကြားပါသည်။
၎င်းရောင်းအား ရည်မှန်းချက် ပြည့်မီရန်အတွက် လူအများ ဝယ်စီးဖို့ တတ်နိုင်မည့် ဈေးန‌ှုန်းများဖြင့် ရောင်းချမည့် လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရန်အတွက် သီးသန့်စက်ရုံများ ထူထောင်သွားမည်ဟု ဟွန်ဒါက ပြောကြားသည်။ 
ယခုကြေညာသည့် တနှစ်တာ ရောင်းအားရည်မှန်းချက်သည် ယမန်နှစ် စက်တင်ဘာလတွင် ကြေညာခဲ့သည့် ရောင်းအားရည်မှန်းချက်ထက် အစီးရေ ၅ သိန်း ပိုများသည်။ 
၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ဆိုင်ကယ် အစီးရေ ၁၃၀,၀၀၀ ရောင်းချခဲ့သည်ထက် အဆ ၃၀ ရောင်းချဖို့ ရည်မှန်းလိုက်ခြင်း ဖြစ်သည်။

လျှပ်စစ်ဆိုင်ကယ်များ အဓိက မော်တော်ဆိုင်ကယ် စျေးကွက်နှစ်ခုဖြစ်သည့် အိန္ဒိယနှင့် အရှေ့တောင် အာရှတွင် ပံ့ပိုးကူညီသည့် အစိုးရ မူဝါဒများကြောင့် ရောင်းအား မြင့်တက်လာနေသည်။
"အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရောင်းအား ရည်မှန်းချက်ကို ကျွန်တော်တို့ မြှင့်တင်ထားပါတယ်"ဟု ဟွန်ဒါ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်ဌာန အကြီးအကဲ Daiki Mihara က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ၂၀၂၁-၂၀၂၅ ခုနှစ်တွင် e-motorbikes များအတွက် ဒီဇိုင်းနှင့် အစိတ်အပိုင်းများ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ယန်း ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
လျှပ်စစ်မော်တော်ဆိုင်ကယ် အမျိုးမျိုး ထုတ်လုပ်ရန်အတွက် စက်ရုံများ ထူထောင်ခြင်းနှင့် ဘက်ထရီထုပ်များကဲ့သို့သော အစိတ်အပိုင်းများကို ထုတ်လုပ်ရန်အတွက် ၂၀၃၀ ခုနှစ်အထိ နောက်ထပ် ယန်း ၄၀၀ ဘီလီယံ သုံးစွဲမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုတွင် အီး-မော်တော်ဆိုင်ကယ်များ သီးသန့်ထုတ်လုပ်သည့် စက်ရုံအသစ်များ ဆောက်လုပ်ရန်အတွက် ဘတ်ဂျက်များ ပါဝင်သည်။
စက်ရုံတစ်ခုစီတွင် ရင်းနှီးမြှုပ်နှံမှု ယန်း ၅၀ ဘီလီယံခန့် ရရှိမည်ဖြစ်ပြီး တနှစ်လျှင် လျှပ်စစ်
မော်တော်ဆိုင်ကယ် ၁ သန်းအထိ ထုတ်လုပ်မည်။ ၂၀၂၇ ခုနှစ်တွင် ထုတ်လုပ်မှုများ စတင်မည်။

Mihara ၏ အဆိုအရ စက်ရုံတို့၏ တည်နေရာများသည် အိန္ဒိယနှင့် အရှေ့တောင်အာရှတွင် ဖြစ်ဖို့ များသော်လည်း အပြီးသတ် ဆုံးဖြတ်ချက်များ မချရသေးပေ။

မော်တော်ဆိုင်ကယ်လုပ်ငန်းကဏ္ဍသည် ဟွန်ဒါအတွက် အဓိကမဏ္ဍိုင် ဖြစ်သည်။၂၀၂၃ ဘဏ္ဍာနှစ်တွင် ဟွန်ဒါ လုပ်ငန်းလည်ပတ်ဝင်ငွေ၏ 60% ကျော်ကို မော်တော်ဆိုင်ကယ်လုပ်ငန်းကဏ္ဍထံမှ ရရှိသည်။

ထုတ်လုပ်မှု အရေအတွက် နည်းပါးခြင်းနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ်ကြောင့် လျှပ်စစ်မော်တော်ဆိုင်ကယ်များသည် အစပိုင်းတွင် သမားရိုးကျ မော်တော်ဆိုင်ကယ်များကဲ့သို့ အမြတ်အစွန်း မရနိုင်ပါ။
ဟွန်ဒါက ၂၀၃၀ ခုနှစ်တွင် အမြတ် ၅% ရရှိဖို့ ရည်မှန်းထားသည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 5310 times