ပြည်တွင်းတွင် လူကြိုက်များအစီးများပြီး ဆီစားသက်သာသည့် ဟိုက်ဘရစ်ကားတစ်စီးဖြစ်သည့် Honda Insight ကားနှင့် ပတ်သက်ပြီး အဖြစ်များသည့် ပြသနာများကိုဖော်ပြပေးလိုက်ပါသည်။
Honda Insight ကားများတွင် အိတ်ဇောမှဆူညံသံများမှာ တခြားဟိုက်ဘရစ်ကားများထက်တော့ အနည်းငယ်ဆူညံမှု ရှိပါသည်။
EPA(Environmental Protection Agency)၏ Rating ကိုပြည့်မီစေရန် Honda မှာ ဟိုက်ဘရစ်ကားလေးကို တတ်နိုင်သမျှ weight များကိုလျှော့ချခဲ့ပါသည်။
ထိုနေရာတွင် ပုံမှန်ပါ၀င်လေ့ရှိသည့် အသံကို ကာကွယ်ပေးမည့် insulation Material များပါ၀င်မှုမှာလည်း လျှော့ချသည့်အထဲ ပါသွားပါသည်။
ထို့ကြောင့် ယင်းဟိုက်ဘရစ်ကားလေးမှာ အိတ်ဇောသံလေးသည် တခြားကားများထက်စာလျှင် ပိုပြီးဆူညံနေခြင်း ဖြစ်ပါသည်။
သို့သော် ဆီစားနှုန်းသက်သာသည်နှင့် တွဲကြည့်လိုက်ပါက ယင်းပြဿနာက မပြောပလောက်တော့ပါဘူး။
Honda Insight ကားတွင် အချိန်ခဏလောက်မောင်းလိုက်သည်နှင့် ဒိုင်ခွက်ပေါ်တွင် IMA မီးလင်းလာပါသည်။
ဆက်မောင်းလိုက်ပါက ဘက်ထရီ charging မီးလင်းလာပြီး ကားဆက်မောင်းလို့မရတော့ခြင်းမှာ ကား၏ အနောက်ဘက် အခန်းတွင်ရှိသည့် ဟိုက်ဘရစ်ဘက်ထရီထိန်းချုပ်စနစ် (Hybrid Battery Computer Module IMA ECU Unit) ချို့ယွင်းနေခြင်းကြောင့် ဖြစ်နို်င်ပါသည်။
ထို Unit ကိုစစ်ဆေးကြည့်ပြီး ၀ါယာကြိုးများ ပြတ်တောက်နေပါက လဲပေးရမည် ဖြစ်ပါသည်။
IMA ဆိုသည်မှာ Integrated Motor Assist system ကိုပြောခြင်း ဖြစ်ပြီး ယင်းစနစ်ပါ၀င်သည့် ကားများတွင် ဘက်ထရီ control module ၏ အပူချိန်များကို ထိန်းချုပ်ရန် ပန်ကာတစ်ခုပါပါသည်။
ယင်းပန်ကာ အလုပ်မလုပ်တော့ဘဲ ဘက်ထရီ control module ၏ အပူချိန်များတက်လာခဲ့မည်ဆိုလျှင် IMA အလုပ်မလုပ်တော့ပါဘူး။
Honda Insight(2009 Model) တွင် speedometer၏ အလယ်တွင် HMFF နှင့် Spanner အချက်ပြသင်္ကေတ မီးလေးလင်းနေပါက ဘက်ထရီကို ၅ မိနစ်လောက် ဖြုတ်ထားပြီး မီးပြန်မှိန်၊ မမှိန်ဆိုသည်ကို စစ်ကြည့်လိုက်ပါ။
Spanner သင်္ကေတများ ပေါ်နေခြင်းမှာ oil များလဲဖို့ သတိပေးခြင်း ဖြစ်ပါသည်။
Oil များသတ်မှတ်ထားသည့် အချိန်ကာလအတွင်းတွင် မလဲပေးလိုက်ပါက ပွန်းစားမှုများကို ဖြစ်စေပြီး နောက်ပိုင်းတွင် ကုန်ကျစရိတ်ကို ပိုကြီးသွားစေနိုင်ပါသည်။
Honda ၏ CVTF(CVT fluid) ကိုသာ အသုံးပြုပါ။
ကား၏ဘက်ထရီမီးလင်းနေသော်လည်း ဒတ်ရှ်ဘုတ်မီးများက မှိတ်တုတ်တုတ် ဖြစ်နေပြီး ကားစက်လည်းမနိုးခြင်း ဖြစ်နေပါက ကား၏ ဘက်ထရီနှင့် Alternator ကိုသေချာပြန်ပြီး စစ်ကြည့်သင့်ပါသည်။
ထိုအခြေအနေမျိုးတွင် ဘက်ထရီအလုပ်လုပ်သည့်အခါ Alternator ဆီကို ပါ၀ါတစ်ကြိမ်သာ ရောက်နေလို့ဖြစ်ပါသည်။
အကယ်၍ alternator သည်လိုအပ်သလောက် လျှပ်စစ်ကားများကို မထုတ်ပေးနိုင်တော့ပါက ဘက်ထရီပါ ကျသွားမည် ဖြစ်ပြီး နောက်ဆုံးတွင် အားလုံးဝ ကုန်ခမ်းသွားမည် ဖြစ်ပါသည်။
ထို့ကြောင့် Alternator ကောင်း/မကောင်း အရင်ဆုံးအဓိက စစ်ကြည့်ပါ။
Honda Insight 2011 model တွင် အင်ဂျင်သော့ဖွင့်တိုင်းတွင် မနိုးပဲ Brake Check massage လည်းပြနေပါသည်။
သို့သော်ဘရိတ် fluid ကလည်း Maximun အောက်ရောက်နေသော်လည်း အနိမ့်ဆုံးအခြေအနေတော့မဟုတ်ရသေးပါ။
ထို့သို့ဖြစ်ရခြင်းမှာ Dead Battery ဖြစ်သွားခြင်းဖြစ်ပါသည်။
နောက်တစ်ခုဖြစ်နိုင်ချေမှာ Starter Motor များကြိုးလျော့နေနိုင်ခြင်း ဖြစ်ပါသည်။
ဘက်ထရီ၏ ငုတ်များကိုလည်း သေချာအောင်ပြန်စစ်ကြည့်ပါ။
Jump Start နှင့်လည်း ကားစက်ကို လှမ်းနို်းကြည့်နိုင်ပါသည်။
Starter relay ၏ ပြသနာတစ်ခုလည်း ဖြစ်နိုင်ပါသည်။
ကား၏ ဒတ်ရှ်ဘုတ်တွင် ABS အချက်ပြမီးပေါ်လာပြီး ပြန်ပျောက်သွားရခြင်းမှာ ဘရိတ်စနစ်၏ အမျိုးမျိုးသော အကြောင်းကြောင့် ဖြစ်နိုင်ပါသည်။
ယင်းပြသနာကို မြန်မြန်ဆန်ဆန် အရေးတကြီး ပြင်ဆင်သင့်ပါသည်။
ကိုယ်တိုင်မပြင်ကြည့်ဘဲ ကျွမ်းကျင်သည့် service centre တွင် သွားရောက်ပြုပြင်သင့်ပါသည်။
Honda Insight Hybrid ကို ကီလို ၅၀၀၀ ပြည့်တိုင်း တခါလဲပေးသင့်ပါသည်။
ကီလို ၁၀၀၀၀၀ အောက်ဆိုလျှင် 0W-20W အမျိုးအစားအင်ဂျင်ဝိုင် အမျိုးအစားသုံးရပါမည်။
Honda Hybrid အင်ဂျင်ဆီကို သာသုံးသင့်ပါသည်။
ကီလို ၁၀၀၀၀၀ အထက်ဆိုလျှင် 10W-30W အမျိုးအစားများကို သုံးသင့်ပါသည်။
သို့မှသာ ရုန်းအားပိုကောင်းလာမည်ဖြစ်ပါသည်။
ကား၏ ၀ုိက်ဘာသည်ပုံမှန်သွားရမည့် လမ်းကြောင်းထပ် ပိုပိုပြီး သွားနေပါက အရင်ဆုံး သော့ကိုဖွင့်ပြီး ၀ိုက်ဘာခလုတ်ကိုနှိပ်လိုက်ပါ။
လမ်းတစ်ဝက်ရောက်သည့်အခါ ၀ုိင်ဘာခလုတ်ကို ပြန်ပိတ်လိုက်ပြီးသည့်အခါ ၀ုိင်ဘာကိုလက်နှင့်ကိုင်ပြီး ပုံမှန်အနေအထားသို့ပြန်ချိန်ပြီး အဖွင့်အပိတ်ကို ပြန်ပြီးစမ်းကြည့်လိုက်ပါ။
ကား၏အင်ဂျင်အေးနေသည့်အခါတွင်စက်နှိုးရန်ခက်ခဲနေတတ်ပါသ်ည။
စက်နှိုးလိုက်တိုင်းတွင် အင်ဂျင်မလည်နိုင်ပဲလီဗာတော်တော်နင်းထားမှသာ စက်လည်ရခြင်းမှာ Spark Plug, Coolent Temperature Sensor, fuel Pump များကို ပြန်ပြီးစစ်ကြည့်ပါ။
ပြန်စစ်ပြီး မကောင်းပါက အသစ်လဲလိုက်ပါ။
အင်ဂျင်အချက်ပြမီးလည်းမပြပဲ ကားမောင်းနေရင်းစက်သေသွားပါက ကား၏သော့ခလုတ်နှင့်ချိတ်ထားသည့် ignition wire များလွတ်သွားခြင်း ဖြစ်နိုင်ပါသည်။
Position wire နှင့် ignition switch များတွင်လည်း ခလုတ်ကို ဟန်းစေသည့် ပြဿနာများ ဖြစ်နေနိုင်ပါသည်။