Honda Insight အတွင်းခန်းက Button များအကြောင်း


ပြည်တွင်းလူကြိုက်များကားတွေထဲမှာ Honda Insight ဆိုတာကလည်း နာမည်ရနေတဲ့ကားပဲဖြစ်ပါတယ်။ ကားအရွယ်အစား၊ ဆီစားနှုန်းနဲ့ လူစိတ်ဝင်စားတဲ့ဒီဇိုင်းတွေကြောင့် ကားလမ်းမထက်မှာတော်တော်များများ တွေ့နေခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီလိုလူကြိုက်များလှတဲ့ ကားတစ်စီး ရဲ့အတွင်းခန်းနဲ့ ဒက်ရှ်ဘုတ်ကခလုတ်နဲ့ လုပ်ဆောင်ပုံလေးတွေကို လေ့လာဖို့စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ပြထားတာကတော့ ၂၀၁၀ မော်ဒယ်ပါ။ ဘယ်မောင်းနဲ့ညာမောင်း သိပ်မကွာလှပါဘူး။ စိတ်ဝင်စားမှုများရင်တော့ ၂၀၁၉မော်ဒယ်အတွက် ပြင်ဆင်ထားပါမယ်။

1.KM/MILE CHANGE KNOB

ဒိုင်ခွက်ကို ကီလိုနဲ့ပြမလား၊ မိုင်နဲ့ပြမလားစိတ်ကြိုက်ပြောင်းနိုင်မယ့် ခလုတ်ပါ။

2.HEADLIGHTS/TURN SIGNAL

တော်တော်များများသိကြပါတယ်။ စတီယာရင်နောက်က ရှေ့မီးကြီးနဲ့ အချက်ပြမီးအသုံးပြုမှုအတွက်ပါ။

3.MIRRORS CONTROL

ဘေးဘက်နောက်ကြည့်မှန် ၊ မှန်ချိုးမှန်ခေါက်အတွက် ချိန်ညှိဖို့ဖြစ်ပါတယ်။

4.VEHICLlE STABILITY ASSIST (VSA)

နောက်ပိုင်းကားတော်တော်များများမှာပါတတ်ပါတယ်။ ဘီးတွေရဲ့အခြေမြဲမှုနဲ့ အကွေ့တွေမှာချော်မထွက်သွားဖို့ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

5.REMOTE AUDIO CONTROLS BUTTONS

စတီယာရင်းဘယ်ခလုတ်လို့ လူသိများပါတယ်။ အသံအတိုးအလျော့အတွက် သုံးနိုင်ပါတယ်။

6.NAVIGATION SYSTEM VOICE CONTROL BUTTONS

ဂြိုဟ်တုလမ်းညွှန်စနစ်နဲ့ အသံနဲ့ထိန်းချုပ်ခိုင်းစေမှုဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အသုံးတည့်မယ့်ပုံမပေါ်ပါဘူး။

7.BLUETOOTH HANDFREELINK SYSTEM VOICE CONTROL BUTTON

Bluetooth ချိတ်ဆက်ပြီး ဖုန်းပြောဆိုမှုအတွက်ဖြစ်ပါတယ်။

8.INSTRUMENT PANEL BRIGHTNESS CONTROL

မိုင်လစ်ခွက်အလင်း၊အမှိန်အတွက်ဖြစ်ပါတယ်။

9.HORN

ဒါကတော့ မရေးလည်းသိမယ်ထင်ပါတယ်။ ဟွန်းတီးဖို့ပါ။

10.STEERING WHEEL ADJUSTMENT

စတီယာရင်ရှေ့တိုး၊နောက်ဆုတ်နဲ့ ကိုယ်လိုချင်တဲ့အနေအထားချိန်ညှိနိုင်မှာဖြစ်ပါတယ်။

11.MULTI-INFORMATION BUTTON

ကားရဲ့အရေးကြီးအချက်လက်ဖော်ပြမှုတွေကို ပြောင်းလဲကြည့်ရှုနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။စတီယာရင် နှစ်ထပ်လို့လည်းခေါ်ကြပါတယ်။

12.CRUISE CONTROL BUTTON

ရှိန်နှုန်းစနစ်အတွက်ပါ။ အမြန်လမ်းလိုနေရာမှာ set နဲ့ကိုယ်လိုချိန်တဲ့ရှိန်နှုန်းကို သတ်မှတ်ပြီးသုံးရမှာပါ။ ဘရိတ် ဖြစ်ဖြစ်၊ လီဗာဖြစ်ဖြစ်နင်းလိုက်တာနဲ့ ပြုတ်သွားမှာဖြစ်ပါတယ်။

Automobile Directory

 

Read 1512 times