Honda နှင့် GM ပူးပေါင်းပြီး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်စနစ်သစ် ထုတ်လုပ်မည်


Honda နှင့် GM ပူးပေါင်းပြီး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်စနစ်သစ် ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမေရိကန်မှ General Motors Co နှင့်  ပေါင်းစပ်ထုတ်လုပ်ထားသော ဟိုက်ဒရိုဂျင်လောင်စာဆဲလ်စနစ်အသစ်ကို ယခုနှစ်အတွင်း စတင်ထုတ်လုပ်မည်ဖြစ်ပြီး တဖြည်းဖြည်းချင်း အရောင်းမြှင့်တင်သွားမည်ဟု ဂျပန်နိုင်ငံမှ Honda Motor Co မှ ပြောကြားခဲ့ပါသည်။
 ဟိုက်ဒရိုဂျင်သုံး မော်တော်ယာဉ် လုပ်ငန်းကဏ္ဍကို ချဲ့ထွင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
 
 ၂၀၂၅ တွင် ဟိုက်ဒရိုဂျင်သုံး မော်တော်ယာဉ် စီးရေ ၂,၀၀၀ ဝန်းကျင် ရောင်းချနိုင်ရန် ရည်မှန်းထားသည်။ ၂၀၃၀ တွင် တစ်နှစ် စီးရေ ၆၀,၀၀၀ အထိ ရောင်းချနိုင်ရန် ရည်မှန်းထားသည်။

Honda Motor သည် စနစ်အသစ်ကို ၎င်း၏ လောင်စာဆဲလ် လျှပ်စစ် မော်တော်ယာဉ် fuel cell electric vehicle(FCEV) များတွင်သာမက ထရပ်ကား၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရား၊ လျှပ်စစ်ဓာတ်အားထုတ်စက် အစရှိသည့် လုပ်ငန်းသုံး အနေဖြင့်လည်း အသုံးပြုမည် ဖြစ်သည်။

Honda သည်  GM နှင့် ဖက်စပ်လုပ်ကိုင်သော ဟိုက်ဒရိုဂျင်လောင်စာဆဲလ်စနစ်ကို ယခုနှစ်အတွင်း စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း Honda မှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ Shinji Aoyama က သတင်းထောက်များအား ပြောကြားခဲ့သည်။

"မျိုးဆက်သစ်" စနစ်သည် မျိုးဆက်အဟောင်းလောင်စာဆီဆဲလ်စနစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော် ကြာရှည်ခံပြီး ကုန်ကျစရိတ်ကို သုံးပုံနှစ်ပုံအထိ လျှော့ချနိုင်သည်။

"ကမ္ဘာတစ်ဝှမ်းလုံးမှာ လုပ်ငန်းသုံးယာဉ်တွေဟာ  အိမ်စီးကားတွေလိုပဲ လျှပ်စစ်ဖြင့် မောင်းနှင်နိုင်ကြမှာ ဖြစ်ပါတယ်" ဟု ဟွန်ဒါ၏ ဟိုက်ဒရိုဂျင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ Tetsuya Hasebe က ပြောကြားသည်။
ထိုအခါ၌ ထရပ်ကားများသည် ဘက်ထရီသုံးသော ထရပ်ကားများနှင့် လောင်စာဆဲလ် သုံးသော ထရပ်ကားများဟူ၍ နှစ်မျိုး တည်ရှိမည်ဟု ၎င်းက ပြောကြားသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1354 times