နောက်ဝင်လာသည့် Hondaကားအများစုတွင်စပယ်ယာဘီးပါမလာဘဲလေထိုးစက်နှင့် ကော်ဘူးသာပါ လာကြပါသည်။
ထို့ကြောင့်ကားဘီးမတော်တဆပေါက်ခဲ့ပါကအရင်လိုစပယ်ယာဘီးကိုလဲတပ်ပြီးဆက်မောင်းလို့မရနိုင်ပါ။
ပါလာသည့်ကော်ဘူး+လေထိုးစက်နှင့်ကားဘီးကိုကိုယ်တိုင်ဖာပြီးလေထိုးကျွတ်ဖာဆိုင်ကိုမောင်းသွားရပါလိမ့် မည်။
သို့သော်လေထိုးစက်ကိုတခါမှမသုံးဖူးပါကအခက်အခဲကြုံနိုင်ပါသည်။
အခက်အခဲကြုံလာပါကဖြေရှင်းနိုင်ရန်လေထိုးစက်+ကော်ဘူးအကြောင်းနှင့်သုံးစွဲနည်းကိုဖော်ပြပေးလိုက်ပါ သည်။
လေထိုးစက်ကဘီးအပေါက်အကျယ်ကို တစ်လက်မ၏ ၁၆ ပုံ ၃ ပုံထိသာဖာလိုရနိုင်မည်ဖြစ်ပြီး တာယာကွဲသွားပါကဖာလို့မရနိုင်ပါ။
ဘီးဖာပြီးနောက်ထပ်ပြန်မပေါက်သည်အထိကြိုက်သည့်အရှိန်နှုန်းနှင့်မောင်းလို့မရနိုင်ပါ။
တာယာဖာသည့်ဆိုင်သွားရန်အတွက်ယာယီသာသုံးသင့်ပါသည်။
တစ်နာရီလျှင် 50 ကီလိုထက်လဲပိုမမောင်းသင့်ပါ။
လေထိုးစက်နှင့်ကော်ဘူးမှာကြိမ်ဖန်များစွာသုံးနိုင်သော်လည်းကော်ဘူးမှာတစ်ကြိမ်သာသုံးသင့်ပါသည်။
ကော်ဘူးကုန်သွားပါကကားပစ္စည်းဆိုင်များတွင်ထပ်ဝယ်လို့ရနိုင်ပါသည်။
ကော်ဘူး၏ Expiry သက်တမ်းကို Kit ထဲတွင်ထင်ထင်ရှားရှားရေးထားပါသည်။
ကော်ဘူး၏ခန့်မှန်းသက်တမ်းမှာပုံမှန်အားဖြင့် ၅ နှစ်ဖြစ်ပါသည်။
လေထိုးစက်ကော်ဘူးအသုံးပြုနည်း
ကားနောက်ခန်းတွင်ပါသည့်ကော်ဘူးနှင့်လေထုတ်စက်ကိုထုတ်ပြီး ကော်ဘူးအထုပ်ကိုဖောက်ပါ။
(အထုပ်ထဲတွင်ဘားဆံလှည့်သည့်ကိရိယာကော်ဘူး၊ ဘားဆံအပိုတစ်ခုနှင့်ပိုက်တစ်ချောင်းပါရှိပါသည်။)
ဘားဆံလှည့်သည့်အတံကလေးဖြင့်ပေါက်သည့်ဘီးမှဘားဆံကိုလှည့်ဖြုတ်ပါ။
ပိုက်ကိုကော်ဘူးတွင်အရစ်ကျပ်အောင်လှည့်တပ်ပါ။
(ကော်ဘူးသည်အလိုလိုအပေါက်ဖော်ပြီးဖြစ်သွားပြီးသီးခြားထိုးဖောက်ရန်မလိုပါ။)
ပိုက်အနားတစ်ဖက်ကိုဘားဆံချွတ်ထားသည့်ပေါက်သည့်ဘီးလေထိုးပေါက်တွင်ထိုးစွပ်လိုက်ပါ။
ကော်ဘူးအပေါ်မှဇောက်ထိုးထားပြီးအပေါက်ပမာဏပေါ်မူတည်၍အနေတော်ညှစ်ထည့်ပါ။
(အားသုံးပြီးညှစ်ရပါသည်။စိတ်မချပါကအကုန်ညှစ်ထည့်ပါ။)
လေထိုးပေါက်မှကော်ပိုက်ကိုပြန်ဆွဲချွတ်ပြီးလေထိုးပေါက်အားဘားဆံပြန်တပ်ပါ။
ဘားဆံလှည့်တန်ကိုကော်ပိုက်တွင်ထိုးတပ်ထားလိုက်ပါ။(ပိုက်ထဲမှကော်ရည်များထွက်မကျစေရန်ဖြစ်သည်။)
လေထိုးစက်ပိုက်ကိုလေထိုးပေါက်တွင်လှည့်တပ်ပါ။
လေထိုးစက် plug ကိုကားရှေ့ခန်းတွင်ပါသော cigarette lighter တပ်သည့်အပေါက်တွင်မိမိရရထိုးတပ်ပြီးကားစက်နှိုးလိုက်ပါ။
လေထိုးစက်ကိုဖွင့်ပြီးလေထိုးပါ။လေထိုးစက်ဒိုင်ခွက်ကိုကြည့်ပြီး 180kpa ရောက်ပါကလေထိုးစက်ကိုပိတ်ပါ။
(အပေါက်နေရာမှဆေးရည်နှင့်လေများထွက်နေလိမ့်မည်။ကိစ္စမရှိပါ။)
လေပြန်လျော့/မလျော့စစ်ဆေးပါ။
လေမလျော့တော့ပါကပစ္စည်းအားလုံးသိမ်းပြီးကားဘီးဖာရန်အနီးဆုံးနေရာသို့မောင်းသွားနိုင်ပါပြီ။
ဘီးဖြုတ်စရာမလိုပါ။
ချိုက်ထောက်စရာမလိုပါ။
လေထိုးစဉ် pressure တက်မလာပါကဘားဆံပြန်ဖြုတ်ပါ။
လေထိုးပေါက်အတွင်းဝင်နိုင်သည့်အချောင်းတစ်ခုခုဖြင့်ကားတာယာအတွင်းသို့ထိုးပါ။
(ကော်ရည်များခဲပြီးပိတ်နေလျှင်လေထိုးမရဖြစ်တတ်သောကြောင့်ဖြစ်ပါသည်။
လုပ်ဆောင်မှုမြန်လျှင်ကော်မခဲပါ)အပိုပါသည့်ဘားဆံအသစ်တပ်ပြီး 180kpa ထိလေပြန်ထိုးပါ။