Honda ကုမ္ပဏီမှ Honda Freed ကို ၂၀၀၈ ခုနှစ်မှဘက်စုံသုံး Mini MPV အနေဖြင့်ထုတ်လုပ်ခဲ့ပါသည်။
ယင်းကား၏အင်ဂျင်ကို၁၅၀၀ စီစီတစ်မျိုးတည်းသာထုတ်လုပ်ထားပြီး 2WD,4WD နှစ်မျိုးခွဲခြားထားပါသည်။
မြင်းကောင်ရေအားမှာ ၁၁၈ ကောင်အားဖြစ်ပြီးAuto ဂီယာငါးချက်ဖြစ်ပါသည်။
အင်ဂျင်အမျိုးအစားမှာ L15A ဖြစ်ပြီး 2WD ၏ Chassis မှာ GB3 နှင့် 4WD၏ Chassis မှာ GB4 ဖြစ်ပါသည်။
Honda Freed ကို ၂၀၁၆ မိုဒယ်မှာ Hybrid Version အနေဖြင့်လည်းတွေ့ရပါသည်။
Honda Freed တွင်ထိုင်ခုံသုံးတန်းတပ်ဆင်ထားပြီးဒုတိယတန်းနှင့် တတိယတန်းမှာ ထိုင်ခုံအရေအတွက် ပေါ်မူတည်ပြီး ခြောက်ယောက်စီးနှင့် ရှစ်ယောက်စီးဆိုပြီးကွဲသွားပါသည်။
ဂရိတ်အနေဖြင့် G,G Just Selection,Aero ဂရိတ်များမှာ Aircon Auto ဖြစ်သွားပါသည်။
အမြင့်ဆုံးဂရိတ်ဖြစ်သည့် Aero မှာ Leather Sterring၊ Xenon Headlight၊ ရှေ့နောက် Spoiler ပါသွားပြီး Alloy Size ၁၅ လက်မဖြစ်သွားပါသည်။
များသောအားဖြင့်ရိုးရိုး G Grade မှာခြောက်ယောက်စီးပဲလာတတ်ပြီး Just Selection နှင့် Aero ဖြစ်မှသာခုနှစ်ယောက်စီးနှင့်ရှစ်ယောက်စီးဖြစ်သွားပါသည်။
Honda Freed ၂၀၁၂ မိုဒယ်ကိုစလစ်ကပ်ပြီး အမည်ပေါက်ဝယ်ယူပါက ကျပ်သိန်း ၂၈၀ နှင့် ၃၀၀ ကြားရှိပါသည်။