Honda Fit တွင်ပါရှိသော Grade များအကြောင်း


Honda Fit မှာ ဘာပါတယ်ဘာမပါဘူးဆိုသည်မှgrade,option,edition နှင့် ပိုင်ရှင်ထပ်ထည့်သည့် ပေါ်တွင်မူတည်နေပါသည်။

• Grade ကကားကုမ္ဗဏီကမူလခွဲရောင်းတဲ့ပုံစံပါ။

• Option ကဝယ်ယူသူငွေပေးထပ်ထည့်ခွင့်တွေပါ။

• Edition ကကုမ္ဗဏီကလိုမည်ထင်သည်ကိုထပ်ထည့်ရောင်းသည့်ပုံစံပါ။

• နောက်ဆုံးတမျိုးကကားဝယ်သူကသူ့ကားကိုသူကြိုက်တဲ့ပစ္စည်းနှင့်သူကြိုက်သလိုဆင်ထားတာပါ။

 (1) grade

အခြေခံအားဖြင့် grade ၃ မျိုးပဲရှိပါသည်။G, L, RS ပါ။

G ကအခြေခံ (basic grade) ပါ။ ဘေးမှန်မီးကျောက်မပါ, နောက်မှန်ငါးချပ်မမည်း, အဲကွန်းဒက်ဂျစ်တယ် မဖြစ်ပါ။

G နှင့် L ကြားတွင် GF ဆိုပြီးထပ်ခွဲပါသည်။

ဘေးမှန်မီးကျောက် ပါ,နောက်မှန်ငါးချပ်မည်း, အဲကွန်းဒက်ဂျစ်တယ်မဖြစ်ပါ။

L ကဘေးမှန်မီးကျောက်ပါ, နောက်မှန်ငါးချပ်မည်း, အဲကွန်းဒက်ဂျစ်တယ်ဖြစ်, ယာဉ်မောင်းထိုင်ခုံမြှင့်လို့ရပါ။

ဒါတွေကထင်သာမြင်သာရှိပြီးပြုပြင်လို့မလွယ်သည့်ဟာတွေပါ။

အခြားအချက်များကျန်ပါသေးသည်။

ဥပမာ L မှာပဲ လက်တင်ပါပါတယ်။လက်တင်ပါတိုင်း L မဟုတ်နိုင်ပါဘူး။ ဘာကြောင့် G သို့ GF မှာ လက်တင်တပ်ပြီးရောင်းသော်… ဆိုတာမျိုးပါ။

grade ကိုမှတ်ရာတွင်G ( မှန်ဖြူ) GF (မှန်မည်း) L ( မှန်မည်း auto AC) ဟုလွယ်လွယ်ကူကူပြောင်းလို့မရသည့်ဟာများကိုမှတ်ရပါသည်။

လက်တင်ပါတာ L ဂရိတ်လို့မှတ်ရင်မှားတတ်ပါသည်။

L ဂရိတ်တိုင်းလက်တင်ပါသည်။

လက်တင်ပါတိုင်း L မဟုတ်ဘူး။

နောက်ပြီး မိန်းကလေးမောင်းမှာဆိုယာဉ်မောင်းထိုင်ခုံ နိမ့်မြင့်လုပ်လို့ရသည့်L ဂရိတ်ကိုပိုစဉ်းစားသင့်ပါသည်။

RS ကတော့ 1500cc အင်ဂျင်နဲ့ပါ။

(2) Option

Option က ဝယ်သူကပိုက်ဆံထပ်ဆောင်းပေးပြီး ထည့်ပေးပါဆိုလို့စက်ရုံကထည့်ပေးလိုက်ခြင်းဖြစ်ပါသည်။

side airbags, sunroof, navi, xenon headlight စသည့်အရာများဖြစ်ပါသည်။

(3) edition

 Edition က hightway edition ဆို xenon headlight,smart edition ဆိုသည့် smart key ပါခြင်းမျိုးဖြစ်ပါသည်။

အဲ့ဒီ option နှင့် edition က နည်းနည်းရောထွေးနေသောကြောင့်ကားများများကိုင်ဖူးသူမှအသေအချာ သိပါလိမ့်မည်။

ဒီကြားထဲဝယ်သူကသူဘာသာနောက်မှထပ်ထည့်လိုက်ခြင်းမျိုးလည်းရှိပါသည်။

xenon headlight သို့မဟုတ် steering wheel mounted audio controls ဆိုလျှင်option, edition, ထပ်ထည့်သုံးမျိုးလုံးဖြစ်နိုင်ပါသည်။

အခြားဟာတွေက spoiler, speakers, fog light, alloy wheels စသည်တို့ပါ၀င်ပါသည်။

သီးသန့်ပါရမည်ကလေထိုးတံနှင့်ဘီးဖါဆေး+ပိုက်ထုတ်၊ဂျိုက်နဲ့လှည့်တံ၊ဘီးဖြုတ်ဂေါက်နှင့်လော့သီးဖြုတ်ခေါင်း (ဘီးက လော့သီးနဲ့ဆိုရင်)၊map CD or map SD (ကားက navi tv နဲ့ဆိုရင်), သော့အပို၊Manual စာအုပ်များ၊ ကားဆွဲရန်ကွင်းသီးတို့ဖြစ်ပါသည်။

Chessis က model, generation နဲ့ဆိုင်ပါသည်။

2007 late မှ 2010 ထိ GE6 က 2010 late မှ 2013 ထိပုံပြောင်းပြီး chessis မပြောင်းပါ။

2013 late မှာအကုန်ပြောင်းပြီးGK3 ဖြစ်ပါသည်။

Read 17479 times