Honda Fit အသုံးပြုသောယာဉ်ပိုင်ရှင်များအနေဖြင့် ထိုအချက်များကိုသိထားပါ ကပြသနာများကိုအလွယ်တကူဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
ကားအမျိုးအစား၏ အရည်အသွေးကို ဆုံးဖြတ်ပေးတာမျိုးမဟုတ်ပဲ အသုံးပြုသူများ၏ အတွေ့အကြုံများကို အောက်တွင်ဖော်ပြထားပါသည်။
(၁) ချက်မီးလင်းခြင်း
Honda Fit ကိုမိုင် ၅၀,၀၀၀ လောက်မောင်းနှင်ပြီးသည်နှင့်မောင်းနှင်သောစွမ်းရည်ကျဆင်းလာတာများပါသည်။
အဖြစ်များခြင်းမှာအင်ဂျင်ပါဝါကျဆင်းလာခြင်း၊ မောင်းနှင်နေရင်းအင်ဂျင်စက်ရပ်သွားတတ်ခြင်း၊ ယာဉ်တွင်ထုံ့ပိုင်းထုံ့ပိုင်းသွားနေခြင်း၊ အင်ဂျင်ချက်မီး( Check engine light)မှပြတ်တောင်းပြတ်တောင်းလင်းနေခြင်း (သို့မဟုတ်)မှိတ်လိုက်ပွင့်လိုက် ဖြစ်နေခြင်းများ ဖြစ်နေခြင်းကိုတွေ့ရတတ်ပါသည်။
အင်ဂျင်အတွင်းမှာ ignition coils တွင်ပြသနာများဝင်နေနိုင်ပါသည်။
(၂) အဲကွန်းပြသနာ
ဟွန်ဒါဖစ် ၂၀၀၇ မော်ဒယ်အထက်တွင်အဲကွန်းမှပြသနာဖြစ်တာများပါသည်။
ပျမ်းမျှအနေဖြင့် မိုင် ၆၀၀၀၀ ကျော်မောင်းနှင်ပြီးသောကားများအဖြစ်များပါသည်။
Blower Fan နှင့် resistor အသစ်လဲလှယ်ရသကဲ့သို့မော်တာနှင့်အပူပေးစနစ်ချို့ယွင်းချက်များလည်းရှိပါသည်။
အဲကွန်းစနစ်များကိုမပျက်စီးခင်ကြိုတင်စစ်ဆေးရန်လိုအပ်ပါသည်။
(၃)ရှေ့တံခါးလက်တင်နေရာမှကျိုးပဲ့နိုင်ခြင်း
Honda Fit ၏ရှေ့တံခါးလက်တံမှအက်ကွဲကျိုးပဲ့နိုင်ပါသည်။
ပျမ်းမျှအနေဖြင့် မိုင် ၅၀၀၀၀ လောက်မောင်းနှင်ပြီးသောမော်ဒယ်များတွင်အဖြစ်များပါသည်။
လက်တင်ကိုသားရေနှင့်ဖုံးအုပ်ထားခြင်းမဟုတ်ပဲဖိုက်ဘရစ်ဖုံးအုပ်ထားသောအောက်ကအက်ကွဲပြီးကျိုးပဲ့နေခြင်းဖြစ်သည်။
(၄)နော်ဇယ်ကျိုးပဲ့ခြင်း
ရေခဲသည့်အရပ်ဒေသတွင်အဖြစ်များပါသည်။
ယာဉ်နောက်ပိုင်းဆေးကြောသောနော်ဇယ် (rear washer nozzle) တွင်ရေခဲများကိုခြစ်ထုတ်ရတာများသော အခါကျိုးပဲ့တတ်ပါသည်။
(၅) အသံမြည်ခြင်း
ကြမ်းတမ်းသောလမ်းပေါ်ရောက်သည်နှင့်ယာဉ်ကအသံထွက်လာခြင်းဖြစ်သည်။
ထိုအချက်မှာနောက်ပိုင်းစနစ်ကိုထိန်းကြောင်းသော စပရင်(Spring) များပုံမှန်ချိန်ညှိပြီး အလုပ်မလုပ်သော ကြောင့်ဖြစ်ပါသည်။
(၆) ဒက်ရှ်ဘုတ်အောက်ကအသံ
ယာဉ်မောင်းသူ၏ ဘက်မှဒက်ရှ်ဘုတ်အောက်ကအသံအဆက်မပြတ်ထွက်နေခြင်းမှာဒက်ရှ်ဘုတ်အ
ဖုံးမှာ ပျက်စီးနေသောကြောင့်ဖြစ်ပါသည်။
(၇) အချက်အလက်မှားများပြသခြင်း
ဆီတိုင်ကီထဲတွင်ဆီအပြည့်ရှိနေသည်ကို လောင်စာဆီဖိအား လျော့နည်းသည့်သေ
င်္ကတ ဖြင့် မီးလင်း နေခြင်းဖြစ်သည်။
(၈) အာရုံခံကိရိယာချို့ယွင်းခြင်း
Air/fuel sensors အာရုံခံကိရိယာမှ exhaust system ကိုအမြဲစောင့်ကြည့်ပြီး အချက်အလက်များပေးပို့ပါသည်။
ထို sensor မှအချက်အလက်အမှားများ ပေးပို့ပြီး ချက်မီးလင်းနေရင်လည်း အာရုံခံကိရိယာချို့ယွင်းခြင်း (သို့မဟုတ်) PCM မှချို့ယွင်းနေခြင်းဖြစ်ပါသည်။
(၉) လောင်စာဆီအပိတ်ဖွင့်မရခြင်း
Fuel Filler door ဖွင့်မရခြင်းအတွက် fuel fill push lifter ဟုခေါ်သောတွန်းဖွင့်၍ရသည့် ကိရိယာကို ဟွန်ဒါမှ ထုတ်လုပ်ထားပြီး သားဖြစ်ပါသည်။