မြန်မာပြည်ဈေးကွက်တွင်လူကြိုက်အများဆုံး Honda Fit GP1



ယင်းကားအမျိုးအစားကို 2011 ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့ပြီး 2007 မိုဒယ်အထိပထမမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါသည်။

ထိုမျိုးဆက်မှာGD1, GD2,GD3,GD4 ဟူ၍ချက်စီလေးမျိုးရှိပါသည်။

GD1 နှင့် GD2မှာ ၁၃၀၀ စီစီဖြစ်ပြီး GD3နှင့် GD4 မှာ ၁၅၀၀ စီစီဖြစ်ပါသည်။

GD1 နှင့် GD3 မှာ2WD အင်ဂျင်ဖြစ်ပြီး GD2 နှင့်GD4 ကို 4WDအင်ဂျင်နှင့်ထုတ်လုပ်ထားပါသည်။

Honda Fit Hybrid ကို ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီအင်ဂျင်နှစ်မျိုးနှင့်ထုတ်လုပ်ထားပြီး ရုပ်မပြောင်းသေးသည့် ၂၀၁၂ မိုဒယ်အတွင်းမှာ ၁၃၀၀ စီစီကို GP1၊ ၁၅၀၀ စီစီကို GP 4 ဟူ၍ထုတ်လုပ်ထားပါသည်။

၂၀၁၃ မိုဒယ်၏နောက်ပိုင်းတွင် ၁၃၀၀ စီစီကိုမထုတ်လုပ်တော့ပဲ ၁၅၀၀ စီစီတစ်မျိုးတည်းနှင့် 2WD၊4WD နှစ်မျိုးခွဲပြီးထုတ်လုပ်ထားပါသည်။

Hybrid အမျိုးအစားဖြစ်သည့်အတွက်ဆီစားသက်သာပြီး ၁၃၀၀ စီစီအင်ဂျင်မှာ 3.3Liters ကိုကီလိုတစ်ရာအထိမောင်းနှင်လို့ရနိုင်ပါသည်။

၂၀၁၂ မိုဒယ်တွင် Smart Selection Finestyle, Shes Finestyle, XH Selection Finestyle နှင့် RS Finestyle

ဟူ၍ရှိပါသည်။

RS Finestyle မှာ ၁၅၀၀ စီစီဖြစ်သည့်အတွက်တင်သွင်းမှုနည်းပါသည်။

Honda Fit Hybrid ကားများသည် Grade မြင့်သည့်အတွက် Smart Key, Digital Aircon, Steering Volume Control, Cruise Control,Leather Steering တို့ပါသွားပါသည်။

Honda Fit GP1 ၂၀၁၂ မိုဒယ်ကိုတင်သွင်းပြီးသားဝယ်ယူလိုပါက ရန်ကုန်လိုင်စင်အနေနှင့်နယ်လိုင်စင်၊ နံပါတ်အနိမ့်အမြင့်ပေါ်မူတည်ပြီး ဈေးကွာခြားပါသည်။

အကြမ်းဖျင်းအနေဖြင့် ကျပ်သိန်း ၁၅၀ မှ သိန်း ၁၇၀ ကြားတွင်ရှိပါသည်။

 

Read 7337 times