မြန်မာငွေ ကျပ်သိန်း ၂၅၀ မှ ၂၈၀ ကြား အရောင်းအဝယ်ဖြစ်နေသော Honda Fit GK3


၁၃၀၀ စီစီ ကားစျေးကွက်မှာ စျေးကွက်နေရာရပြီး နံပါတ်တစ်အရောင်းရဆုံးကားဖြစ်သော Honda Fit GK6 ၏ နောက်မျိုးဆက်သစ်တစ်ခုဖြစ်သော Honda Fit GK3 မှာ မိုဒယ်မြင့်ပြီး

ဒီဇိုင်းခေတ်ရှေ့ပြေးသည့်အတွက် စျေးကွက်လူကြိုက်များသော ဖြစ်ပါသည်။

Honda Fit Series ထဲတွင် GD1 မှစပြီး လူကြိုုက်များသကဲ့သို့ GK3 မှာလည်း ယခုနှစ်ကားစျေးကွက်တွင် အရောင်းအဝယ်သွက်နေသော ကားအမျိုးအစားတစ်ခုဖြစ်ပါသည်။

Honda Fit GK Series တွင် 4WD အဖြစ် ထုတ်လုပ်ထားသော GK4 လည်းရှိပါသည်။

ဥရောပနှင့် အနောက်နိုင်ငံများတွင် Honda Jazz ဟု လူသိများသော Honda Fit ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ပထမမျိုးဆက်ဖြစ်သော ၂၀၀၁ မိုဒယ်မှ ၂၀၀၇ မိုဒယ်အထိ GD Series ဟု သတ်မှတ်ခဲ့ပြီး ၂၀၀၇ မိုဒယ်မှ ၂၀၁၂ မိုဒယ်ကို GE Series ဟု သတ်မှတ်ခဲ့ပါသည်။

နောက်ဆုံးမျိုးဆက်ဖြစ်သော GK Series ကို ၂၀၁၃ မိုဒယ်မှ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Honda Fit ကို နိုင်ငံရှစ်နိုင်ငံမှာရှိသော ကားစက်ရုံ ၁၀ ခုမှာ တပ်ဆင်ထုတ်လုပ်ထားပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၃ နှစ်လယ်ပိုင်းအထိ ကားအစီးရေ ငါးသန်းရောင်းချနိုင်ခဲ့ပါသည်။

၂၀၁၃ မိုဒယ်တွင် စတင်ထုတ်လုပ်ခဲ့သော GK Series တွင် GK3 နှင့် GK4 ကို ၁၃၀၀ စီစီ L13B အင်ဂျင်၊ GK5 နှင့် GK6 ကို ၁၅၀၀ စီစီ L15B အင်ဂျင်နှင့် ထုတ်လုပ်ထားပါသည်။

Honda Fit GK Series တွင် Manual ဂီယာ ငါးချက်၊ ခြောက်ချက်နှင့် ထုတ်လုပ်ထားခဲ့သကဲ့သို့ CVT ဂီယာခုနစ်ချက်နှင့်လည်း ထုတ်လုပ်ထားပါသည်။

GK3 နှင့် GK5 ကို 2WD၊ GK4 နှင့် GK6 ကို 4WD ဖြင့် ထုတ်လုပ်ထားပါသည်။

GK Series နှင့် GE Series သည် ရုပ်ထွက်ကွဲပြားသွားပြီး ရှဲလ်၊ မီးခွက်၊ မီးသီးနှင့် ဘေးဖောင်းလိုင်းကအစ ကွဲပြားသွားပါသည်။

မိုဒယ်မြင့်သွားသည့်အတွက် LED မီးခွက်ဖြစ်သွားပြီး အလင်းအားပိုကောင်းသွားပါသည်။

GK Series တွင် G၊ GF Package၊ GL Package၊ GS Package၊ RS နှင့် XL Package စသော ဂရိတ်များရှိပြီး GL Package၊ GS Package၊ RS နှင့် XL Package များမှာ Aircon

အော်တိုဖြစ်သွားပြီး Steering Volume လည်း ပါရှိပါသည်။

၁၅၀၀ စီစီ RS  Grade တွင် ရှေ့နောက် Spoiler ပါရှိပြီး အလွိုင်းဆိုက်က ၁၆ လက်မ ဖြစ်သွားပါသည်။

ပြည်တွင်းကားစျေးကွက်တွင် Honda Fit GK3 ကိုပဲ တင်သွင်းမှုများပြီး ရန်ကုန်လိုင်စင်ကားအဖြူရောင်နှင့် ဂရိတ်ပြည့်မည်ဆိုပါက ကျပ်သိန်း သုံးရာဝန်ကျင်တွင် ရှိပါသည်။

နံပါတ်ထွက်ပြီးသား ကားများမှာ လိုင်စင်နှင့် ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၂၅၀ မှ ၂၈၀ ကြား အရောင်းအဝယ်ဖြစ်ပါသည်။

 

Read 4946 times