Honda Fit တွင်မျိုးဆက်သုံးဆက်ရှိပြီးဘယ်မျိုးဆက်မှာဘယ်ဂရိတ်များ၊ ကာလများ၊ function များပါသည်ဆိုသည်ကို ရှင်းပြစရာမလိုအောင်အားလုံးသိပြီးသားဖြစ်ပါသည်။
သို့သော် Honda Fit ၏ချက်စီမော်ဒယ်ကုတ်များဖြစ်သည့် GD, GE, GP, GK အဓိပ္ပာယ်များကိုအောက်တွင် ဖော်ပြထားပါသည်။
Honda မှထုတ်သမျှကားအများစု၏ချက်စီမော်ဒယ်လ်ကုတ်များကိုအင်္ဂလိပ်စာလုံး ၂ လုံးနှင့်အက္ခရာ ၁လုံးတွဲ ပေးလေ့ရှိပါသည်။
Honda Fit ကားများ၏ချက်စီမော်ဒယ်ကုတ်ကိုလဲ GD1, GE6,GP1, GK3 စသည်ဖြင့်အစဉ်လိုက်ပေးထားပါ သည်။
Honda Fit ပထမမျိုးဆက်ကကားများ၏ချက်စီကုတ်ကို GD နှင့်ပေးထားပါသည်။
G မှာ Generation ၏အတိုကောက်ဖြစ်ပြီး D မှာ Honda က Fit ကိုစတင်ထုတ်သည့်အချိန်တွင် Honda ၏အင်ဂျင်နည်းပညာတစ်ခုဖြစ်သည့် Dual and Sequential lgnition engine ကိုသုံးထားသောကြောင့် Dual ၏အစစာလုံး D ကိုယူသုံးပြီး GD ဟုဖြစ်လာပါသည်။
ပထမဆုံးမျိုးဆက် GD မှာ Honda ၏နာမည်ကြီး vtec engine ကိုနောက်ပိုင်းတွင်သုံးထားသော်လည်း GD ချက်စီကုတ်နှင့်သာဆက်သုံးစေပါသည်။
ဒုတိယမျိုးဆက် GE မှာအားလုံးသိပြီးဖြစ်၍ လူကြိုက်များသည့်မော်ဒယ်တစ်ခုအဖြစ်ကျော်ကြားခဲ့ပါသည်။
G မှာ Generation ၏အတိုကောက်ဖြစ်ပြီး E စာလုံးမှာပထမမျိုးဆက် GD ၏လိုအပ်ချက်များကိုထပ်ဖြည့်ထားသည့် မော်ဒယ်တစ်ခုဖြစ်ပြီး Enhance ၏အစ E ကိုယူကာ GE ဟုသုံးစွဲ လိုက်ပါသည်။
GE မျိုးဆက်အပြီးမှာ Honda အင်ဂျင်နီယာများမှာ Honda Fit ကိုအခြား Hybrid ကားများကဲ့သို့လုပ်ချင်သည်နှင့် GE မျိုးဆက်ကိုလျှပ်စစ်မော်တာတပ်ကြပါသည်။
ချက်စီကုတ်ကို GP ဟုပြောင်းပစ်လိုက်ပါသည်။
P မှာ hybrid နည်းပညာနှင့်ကား၏လိုအပ်နေသည့် Power ကိုထုတ်ပေးခြင်းဖြစ်ပါသည်။
တတိယမျိုးဆက်မှာအားလုံးငေးကြည့်ရသည့် GK ဖြစ်ပါသည်။
ပထမမျိုးဆက်ဒုတိယမျိုးဆက်များနှင့်လုံးဝမတူပဲအတော်များများနည်းပညာအသစ်များထုတ်သုံးထားပါသည်။
ယင်းမျိုးဆက်တွင် Honda က Earth Dream ဆိုသည့်အင်ဂျင်အသစ်တမျိုးထုတ်သုံးခဲ့ပါသည်။
K မှာ Earth Dream ၏ကုတ်နာမည်ကိုဆိုလိုခြင်းဖြစ်ပြီး GK ဟုဖြစ်လာပါသည်။