ကနေဒါတွင် အီးဗီထုတ်လုပ်ရန် ဒေါ်လာ ၁၄ ဘီလီယံ ဟွန်ဒါ ရင်းနှီးမြှုပ်နှံရန် ချင့်ချိန်နေ


ကနေဒါတွင် အီးဗီထုတ်လုပ်ရန် ဒေါ်လာ ၁၄ ဘီလီယံ ဟွန်ဒါ ရင်းနှီးမြှုပ်နှံရန် ချင့်ချိန်နေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ကနေဒါတွင် ဘက်ထရီထုပ်များ ထုတ်လုပ်မှုလည်း ပါဝင်နိုင်ဖွယ်ရှိသည့် လျှပ်စစ်ကားစက်ရုံတစ်ခု တည်ဆောက်ရန် စီမံကိန်းကို Honda Motor  စဉ်းစားချင့်ချိန်နေသည်။ 

 စီမံကိန်းအတွက် စုစုပေါင်းအသုံးစရိတ်မှာ ယန်း ၂ ထရီလီယံ (ဒေါ်လာ ၁၄ ဘီလီယံ)အထိ ရှိလာနိုင်ပြီး ဟွန်ဒါ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်လာနိုင်သည်။

Honda သည် ကနေဒါနိုင်ငံ အန်တဲရီယိုပြည်နယ်ရှိ လက်ရှိ မော်တော်ကားစက်ရုံ အနီးရှိ နေရာ အပါအဝင် အလားအလာရှိသော စက်ရုံနေရာများကို လိုက်လံကြည့်ရှုနေသည်။ ၂၀၂၄ နှစ်ကုန်တွင် ဆုံးဖြတ်ရန် မျှော်မှန်းထားသည်။
စက်ရုံအသစ်သည် ထုတ်လုပ်မှု ၂၀၂၈ ခုနှစ်တွင် စတင်ရန် လျာထားသည်။

 
Honda သည် အမေရိကန်နိုင်ငံ အိုဟိုင်းအို ပြည်နယ်တွင် အီးဗီနှင့် ဘက်ထရီများ ထုတ်လုပ်ရန် စက်ရုံထားရှိမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ထုတ်လုပ်မှု စတင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ကနေဒါစက်ရုံသည် မြောက်အမေရိကတွင် ဟွန်ဒါ၏ ဒုတိယ အီးဗီနှင့် ဘက်ထရီစက်ရုံ ဖြစ်လာမည် ဖြစ်သည်။ 


ဟွန်ဒါ ရောင်းအားစုစုပေါင်း၏ ၄၀% သည် မြောက်အမေရိကမှ ရောင်းအား ဖြစ်သည်။၂၀၂၃ ခုနှစ်တွင် အစီးရေ ၁.၆ သန်း ရောင်းချခဲ့ပြီး ရောင်းချသည့် ကားအားလုံးနီးပါးသည် ဓာတ်ဆီအင်ဂျင် ကားများဖြစ်သည်။


ဟွန်ဒါသည် ယခင်က ဈေးအနိမ့် အီးဗီများကို General Motors နင့် ပူးပေါင်းပြီး ၂၀၂၇ တွင် စတင်ထုတ်လုပ်ရောင်းချရန် အစီအစဉ် ရှိခဲ့သည်။ ၎င်း အစီအစဉ်ကို ယမန်နှစ်က ဖျက်သိမ်းလိုက်သည်။
ယခုနှစ်တွင် General Motors ထံ ကန်ထရိုက်စနစ်ဖြင့် အပ်နှံပြီး ထုတ်လုပ်သည့် အီးဗီများ ရောင်းချမည် ဖြစ်သည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 158 times