၂၀၂၆ မော်ဒယ် အီးဗီဒီဇိုင်း နှင့် ဇီးရိုး လိုဂိုအသစ် ဟွန်ဒါ ပွဲထုတ်ပြသ


၂၀၂၆ မော်ဒယ် အီးဗီဒီဇိုင်း နှင့် ဇီးရိုး လိုဂိုအသစ် ဟွန်ဒါ ပွဲထုတ်ပြသ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လပ်ဗေးဂတ်မြို့တွင် ကျင်းပသည့် Consumer Electronics Show CES တွင် ဟွန်ဒါက ၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်ရန် ရည်ရွယ်ထားသည့်  လျှပ်စစ်ကားစီးရီးသစ်ကို အင်္ဂါနေ့ (ဇန်နဝါရီ ၈)တွင် ပွဲထုတ်ပြသခဲ့သည်။

ဟွန်ဒါ ဇီးရိုး စီးရီး Honda 0 Series ဟု အမည်ပေးထားသော အီးဗီမော်ဒယ်များသည် အမြင်တွင် အခြားအီးဗီများနှင့် သိသိသာသာ ကွဲပြားခြားနားပြီး ပေါ်လွင်နေမည့် ဒီဇိုင်းကို သုံးစွဲထားသည်။
 
Honda 0 Series မှ “Saloon” မော်ဒယ်ကို အမေရိကန်တွင် ၂၀၂၆ ခုနှစ်တွင် စတင်ရောင်းချမည်။
မြောက်အမေရိကတွင် စတင်ရောင်းချပြီးနောက် စီးရီးကို ဂျပန်နှင့် အာရှနိုင်ငံအချို့တွင် စတင်ရောင်းချရန် စီစဉ်ထားပြီး ဇီးရိုး စီးရီးကို ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် အဓိကထားသည့် အီးဗီ များအဖြစ် ရောင်းချရန် စီစဉ်ထားသည်။

 အရွယ်အစား ပိုကြီးသည့် Space Hub မော်ဒယ်ကိုလည်း ပြသခဲ့သည်။ စိတ်ကူးပုံဖော်ထားသည့် အဆင့်မှာသာ ရှိနေပြီး ထုတ်လုပ်ရန် အစီအစဉ် မချမှတ်ရသေးပါ။

“Saloon” မော်ဒယ်မှာ ဆီဒင်အမျိုးအစား ဖြစ်ပြီး Space Hub မော်ဒယ်သည် မီနီဗင် အမျိုးအစား ဖြစ်ပါသည်။

အီးဗီခေတ်သစ်အတွက် ဟွန်ဒါက လိုဂိုအသစ်ကို သုံးစွဲသွားမည်။ လက်ရှိသုံးစွဲနေသည့် “H” အမှတ်အသားသင်္ကေတကို အနည်းငယ် မွမ်းမံထားသည့် လိုဂို ဖြစ်သည်။

 


ဒီဇိုင်းသစ်သည် "ဆန့်ထုတ်ထားသော လက်နှစ်ချောင်းသည် ရွေ့လျားသွားလာရန် ဖြစ်နိုင်ခြေ ရှိသည့် နည်းလမ်းများကို ချဲ့ထွင်ရန်နှင့် ဟွန်ဒါ စီးသူများ၏ လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းပေးရန် ဟွန်ဒါ၏ သံန္နိဋ္ဌာန်ကို ကိုယ်စားပြုသည်" ဟု ကုမ္ပဏီက ပြောကြားသည်။

လက်ရှိ  “H” အမှတ်အသားကို ၁၉၈၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပါသည်။
လိုဂိုအသစ်သည် တကျော့ပြန် လိုဂိုဟု ဆိုနိုင်သည်။ ၁၉၆၃ ခုနှစ်တွင် စတင်သုံးစွဲခဲ့ဖူးသည့် လိုဂိုနှင့် အတော်ဆင်ဆင်တူသည်။

 

ဟွန်ဒါသည် ဇီးရိုးစီးရီး လျှပ်စစ်ကားမော်‌ဒယ်များအတွက်လည်း လိုဂိုအသစ် ဒီဇိုင်းထုတ်ထားသည်။

 

Source AFP

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 230 times