Honda က လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၃ သန်းခွဲ ထုတ်လုပ်မည်


Honda က လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၃ သန်းခွဲ ထုတ်လုပ်မည်

 ကမ္ဘာ့အရောင်းရဆုံး မော်တော်ဆိုင်ကယ် ထုတ်လုပ်‌ရေးလုပ်ငန်း Honda Motor သည်   ၎င်း၏  မော်တော်ဆိုင်ကယ် မော်ဒယ်များကို ပြုပြင်မွမ်းမံကာ လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်မည်။ ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်ဆိုင်ကယ် အစီးရေ ၃.၅ သန်း ရောင်းချရန် အစီအစဉ် ရေးဆွဲထားသည်။

လျှပ်စစ်မော်တော်ဆိုင်ကယ်များသည် ၂၀၃၀ ခုနှစ်တွင် နှစ်စဉ်ကမ္ဘာ့ရောင်းအား၏ ၂၅% အထိရှိလာမည်ဖြစ်ကြောင်း ဂျပန်ကုမ္ပဏီက အင်္ဂါနေ့(စက်တင်ဘာ ၁၃)တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် Honda သည် တစ်နှစ်လျှင် လျှပ်စစ်ဆိုင်ကယ် အစီးရေ ၂ သိန်း အောက်မှာသာ ရောင်းချနေပါသည်။

Honda သည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းတွင် လျှပ်စစ်မော်ဒယ် ခုရေ ၁၀ ကျော်ကို ထုတ်လုပ်သွားမည်ဖြစ်သည်။ အလုပ်သွား အလုပ်ပြန် စီးဖို့ သင့်တော်သည့် လျှပ်စစ်ဆိုင်ကယ် အသေးစားမော်ဒယ် ၂ မျိုးပါဝင်မည်ဖြစ်ပြီး အာရှ၊ ဥရောပနှင့် ဂျပန် တို့အတွက် ထုတ်လုပ်မည်။

အရွယ်အစား ပိုကြီးသည့် Fun EV ဟု အမည်ပေးထားသော မော်ဒယ်များလည်း ပါဝင်မည်။ အမေရိကန်၊ ဂျပန်နှင့် ဥရောပတို့အတွက် ထုတ်လုပ်မည်။

 Honda ၏ အမှုဆောင် ဒုဥက္ကဌ Kohei Takeuchi က လျှပ်စစ်ကားများတွင် အသုံးပြုသည့် အခဲဘက်ထရီ အမျိုးအစားကို လျှပ်စစ်မော်တော်ဆိုင်ကယ်များတွင်လည်း အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အခဲဘက်ထရီ solid-state battery များသည် ခရီးတာ ပိုဝေးဝေး သွားနိုင်စေသည့်အပြင် ဘက်ထရီ မီးထလောင်ခြင်း ဖြစ်နိုင်‌ေြခ နည်းပါးသည်။ ယခုအခါ သုံးစွဲနေကြသည့် လီသီယမ်-အိုင်းယွန်း ဘက်ထရီများထက် သေးငယ်ပြီး ပေါ့ပါးသည်။

Honda သည် လျှပ်စစ်မော်တော်ဆိုင်ကယ်များသာမက လျှပ်စစ်စက်ဘီးများကိုလည်း ထုတ်လုပ်ဖို့ အစီအစဉ် ရှိသည်။ လျှပ်စစ်စက်ဘီးများကို အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၂၅ ကီလိုမီတာဟု ကန့်သတ်ထားပါသည်။
Source nikkei asia 
#MyanmarAutomobileGuide 

 Telegram Channel  https://t.me/Guid4U

Read 7767 times