ဟွန်ဒါလျှပ်စစ်ကား Honda E အောက်တိုဘာလ စတင်ရောင်းချမည်


Honda Motor က ပထမဆုံးအနေဖြင့် ထုတ်လုပ်သည့်လျှပ်စစ်ကား (EV - Electric Vehicle)ဖြစ်တဲ့ Honda e ကို အောက်တိုဘာလတွင် ဂျပန်မှာ စတင် ဖြန့်ချိမည်ဟု သိရပါတယ်။ လက်လီဈေး ယန်း ၄.၅ သန်း (ဒေါ်လာ ၄၂၀၀၀) ဖြင့် ရောင်းချမည်ဖြစ်ပါတယ်။

Honda သည်အဓိကအားဖြင့် မြို့ပြနေထိုင်သူများအတွက် တံခါးမှ နောက်ကြည့်မှန်များအစား ကင်မရာများဖြင့် တပ်ဆင်ပေးထားပါတယ်။ အားအပြည့် သွင်းပြီးလျှင် ခရီးတာ ကီလိုမီတာ ၃၀၀ အထိ သွားနိုင်ပါတယ်။ ထုတ်လုပ်သူအနေဖြင့် ကျစ်လစ်သိပ်သည်းမှု ကို ဦး စားပေးထားတာမို့ ဘက်ထရီ၏ အရွယ်အစားနှင့်စွမ်းရည်ကို လျှော့ချထားပါတယ်။ ကားအလျားသည် ၄ မီတာမပြည့်ပါ။

 

လူထူထပ်သောမြို့ပြဒေသများတွင် အသုံးပြုရာမှာ လွယ်ကူစေရန် ဦးတည်ချက် ထားရှိပြီး ယာဉ်ရပ်နားစနစ်သစ် parking system တပ်ဆင်ပေးထားပါတယ်။ ကား၏ တံခါးနှစ်ဖက်စလုံးမှ နောက်ကြည့်မှန်များအစား ကင်မရာ တပ်ဆင်ပေးထားပါတယ်။ မိုးသည်းထန်စွာရွာသည့်အချိန်တွင်လည်း ကြည်လင်သောမြင်ကွင်းကိုမြင်ရမှာဖြစ်ပါတယ်လို့ ဟွန်ဒါကုမ္ပဏီက ဆိုထားပါတယ်။

 

ကားတွင် digital dashboard ဒစ်ဂျစ်တယ်မျက်နှာပြင်တစ်ခုပါရှိပြီး အလျားလိုက် ဘေးချင်းယှဉ်ပြီး နေရာချပေးထားသည့် မျက်နှာပြင်ငါးခု ပါဝင်ပါတယ်။ အဲံဒီစခရင်တွေမှာ ယာဉ်မောင်းသူ မြင်ရနေကျ မြင်ကွင်းကို အပြည့်အစုံ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။

 

ယူကေအခြေစိုက်သုတေသနကုမ္ပဏီ LMC Automotive ၏ အဆိုအရ ကမ္ဘာလုံးဆိုင်ရာ EVs စုစုပေါင်းရောင်းအားသည် ၂၀၁၉ ခုနှစ်တွင် ၁.၆၇ သန်းအထိ ရောက်ရှိခဲ့ပါတယ်။ EVများ၏ ရောင်းအားသည် ယမန်နှစ်က ပမာဏထက် ၉ ဆတိုးလာပြီး ခန့်မှန်းခြေအားဖြင့် ၁၅.၃ သန်းအထိရှိပါတယ်။ Honda ၏ပြည်တွင်းစျေးနှုန်းသည်ပြိုင်ဘက် များထက် နိမ့်ပါတယ်။ ဥပမာအားဖြင့် Nissan ၏ Ariya EV တန်ဖိုးမှာ ယန်း ၅ သန်းခန့်ရှိပြီး Tesla ၏ Model 3 မှာ လည်း အလားတူနီးပါး ရောင်းဈေး ရှိတယ်လို့ သိရပါတယ်။

 

ဂျပန်တွင်ဟွန်ဒါသည် ပထမနှစ်တွင် ဂျပန်ပြည်တွင်းမှာ စီးရေ ၁၀၀၀ ရောင်းချရန် လျာထားပြီး ပြည်တွင်းနှင့်ဥရောပရောင်းအားမှာ ၁၀,၀၀၀ စီး လျာထားပါတယ်။ Honda သည် EVs နှင့် hybrids များကို ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝှမ်းတွင်ရောင်းချသောကား အရေအတွက် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံပါ ၀င်မှုရှိရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

၎င်းသည်တရုတ်နိုင်ငံတွင် EVs ကိုရောင်းပြီးပြီဖြစ်သော်လည်း Honda ကုမ္ပဏီအနေဖြင့် Honda e ဟာ ကမ္ဘာအနှံ့ဖြန့်ချိမယ့် ကုမ္ပဏီ၏ ပထမဆုံးလျှပ်စစ်ကား ဖြစ်ပါတယ်။

 

By Myanmar Automobile  Guide

Ref: Asia.​Nikkei

Read 3785 times