ရန်ကုန်ကားဈေးကွက်မှာ လူကြိုက်များနေတဲ့ Honda CR-V


ဟွန်ဒါကထုတ်လုပ်တဲ့ကားတွေထဲက လူကြိုက်များကားတစ်စီး ဖြစ်တဲ့ ဟွန်ဒါ CRV ရဲ့ ဂရိတ်တွေ အကြောင်းကို ခွဲခြားဖော်ပြပေး လိုက်ပါတယ်။

ဟွန်ဒါ CRV ကို ၁၉၉၅ ကစတင်ထုတ်လုပ်ပြီး SUV  ကိုယ်ထည်အမျိုးအစားဖြစ်ပါတယ်။

ထုတ်လုပ်နှစ်အပိုင်းအခြားအလိုက် ပုံပြောင်းအမျိုးမျိုး ခွဲခြား ထုတ်လုပ်ပါတယ်။

မျိုးဆက်လေးဆက်ကို ခွဲခြားထုတ်လုပ်ထားတဲ့ ဟွန်ဒါ CRV ကို ၁၉၉၅-၂၀၀၁ အထိ ပထမမျိုးဆက်၊၂၀၀၁-၂၀၀၆ အထိ ဒုတိယမျိုးဆက်၊ ၂၀၀၆-၂၀၁၁အထိ တတိယမျိုးဆက်၊ ၂၀၁၁- ၂၀၁၄အထိ စတုတ္ထမျိုးဆက်တို့ကို ထုတ်လုပ်ပါတယ်။

CRV ကို မော်ဒယ်အနိမ့်တွေကတည်းက လူသိများခဲ့တဲ့ ကားဖြစ်ပြီး SUV ကိုယ်ထည်ဖြစ်လို့ ကိုယ်ထည်ကြီးကြီး အောက်ပိုင်းမြင့်မြင့်နဲ့ ကားတစ်စီး ဖြစ်ပါ တယ်။ အခုရွေးချယ်ဖော်ပြပေးမယ့် မော်ဒယ်တွေကတော့ ပြည်တွင်းမှာ တင်သွင်းခွင့် ရတဲ့ မော်ဒယ်ဖြစ်တဲ့ ၂၀၀၆ မော်ဒယ်ကစပြီး ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။

၂၀၀၆ မော်ဒယ်ကို  Chassis အားဖြင့် RE3 ကို 2WD, RE4 ကို 4WD တို့ဖြင့် ထုတ်လုပ်ပါတယ်။Chassis အလိုက် ဂရိတ်တွေကိုခွဲ ခြားမယ်ဆိုရင်တော့ RE3(2WD)မှာ ZL, ZL Navi, ZLI ဆိုပြီးသုံးမျိုး ရှိပါတယ်။

RE4(4WD) ကိုတော့ X, ZX, ZX Navi, ZXI ဆိုပြီး လေး မျိုးခွဲခြားထုတ်လုပ်ပါတယ်။၂၀၀၆ ပုံပြောင်းကို ၂၀၀၉အထိ ထုတ်လုပ်တာဖြစ်ပြီး ကားတွေ ဂရိတ်တွေကတော့ သိပ်ပြီး မကွာ ပါဘူး။ အများစုကပတ်လည်အဲကွန်း၊ အော်တိုအဲကွန်းဖြစ်တာ၊ အနည်းဆုံး ရှေ့နောက် စပီကာခြောက်လုံးဖြစ်တာ၊ ထိုင်ခုံ leather အပြည့်၊  Dashboard နဲ့ လက်တင်ခုံကျွန်းကွက်ဖြစ်တာ တွေက တူညီတာ တွေ့ရပါတယ်။ZX Navi နဲ့ ZL Navi တို့မှာတော့Roof Slide Door ဖြစ်တာတွေကို လည်း တွေ့ရပါတယ်။

အလွိုင်းခွေ၊ ပရိုဂျက်တာရှေ့မီးကြီး၊ Rear Mirror Power, FogLight ပတ်လည်ဖြစ်တာတွေကိုလည်; ဂရိတ်တိုင်းမှာ ပါဝင်နေတာတွေ့ရပါတယ်။ စတီယာရင် ကွန်ထရိုးနဲ့ နောက်မှန်ဝိုက်ဘာတွေ ကိုတော့ ZLI နဲ့ ZXI တို့လို မော်ဒယ်မြင့် ဂရိတ်အမြင့်တွေမှာသာ တွေ့ရပါတယ်။

Honda CR-V ၂၀၁၄ ကိုတော့ အတွင်းရောအပြင်ပါ ဂရိတ်တွေကိုမြှင့်ပြီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။ ဂရိတ်တိုင်းကို အဲကွန်းပတ်လည် အတွင်းခန်းထိုင်ခုံ Smart Seat, LCD, DVD Player စတဲ့အဆင့်မြင့် တပ်ဆင်မှု တွေနဲ့ ထုတ်လုပ်လာပါတယ်။

နောက်ဖုံးကိုအရင်မော်ဒယ် တွေထက် ပိုပြီးခုံးလာတာတွေ့ရပြီး နောက်မီးခွက်၊ မီးတန်းတွေကိုပါ ပြောင်းလဲထုတ်လုပ်လာတာ တွေ့ရပါတယ်။ အင်ဂျင် အရွယ်အစားကိုလည်း ၂ဒသမ၄ လီတာ တစ်မျိုးတည်းနဲ့ ထုတ်လုပ်လာတဲ့ Honda CR-V 2014 ကို 4D Wagon

အမျိုးအစားဖြင့် ထုတ်လုပ်ထားပါတယ်။

အတွင်းခန်းဂရိတ်တွေက အဆင့်မြင့်ကားတစ်စီးလို တည်ဆောက်ထားတဲ့ အပြင် ကိုယ်ထည်ပိုင်းကိုလည်း အကြမ်းခံပြီး Smart ကျတဲ့ ကားတစ်စီးအဖြစ် ပါ အသုံးပြုနိုင်ဖို့ထုတ်လုပ်ထား တာ တွေ့ရပါတယ်။ လုံခြုံရေးပိုင်းနည်းပညာတွေကိုလည်း Hondaရဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့အတူ ထုတ်လုပ်ထားလို့ Wagon ကားကောင်းကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ကားတစ်စီးဖြစ်ပါတယ်။

အရင်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေထဲက ၂၀၁၀ မော်ဒယ်ရဲ့ အင်ဂျင်ပိုင်း ပြဿနာတွေ၊ ၂၀၁၂ မော်ဒယ်ရဲ့ လုံခြုံရေးပိုင်းနည်းပညာ အား နည်းချက်တွေကို ဖြည့်စွက်ထုတ် လုပ်လာတဲ့ 2014 Honda CR-V ကတော့ ပြည့်စုံတဲ့ကားတစ်စီးလို့ ဆိုနိုင်ပါတယ်။

ရှေ့မီးခွက်၊ နောက်မီးခွက်တွေကိုလည်း ဒီဇိုင်းပြောင်းလဲ ထားတဲ့အပြင် မီးသီးတွေကိုလည်း LED မီးသီးအကြီးအသေးတွေ တပ်ဆင်ပေးထားတာ တွေ့ရပါ တယ်။ ထိန်းချုပ်မှုပိုင်းစနစ်တွေ ကိုလည်း လျှပ်စစ်ထိန်းချုပ်စနစ် တွေ၊ အကူစနစ်တွေကိုလည်း လျှပ်စစ်အကူစနစ်တွေနဲ့

တပ်ဆင်ထုတ်လုပ်ထားတဲ့အတွက် လျင် မြန်တဲ့ ထိန်းချုပ်မှုကို စွမ်းဆောင် ရည်အပြည့်ရရှိမှာ ဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာတော့၂၀၁၀ မော်ဒယ်ဆိုရင်တော့ ကျပ်သိန်း ၄၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး ၂၀၁၄ မော်ဒယ်ဆိုရင်တော့ ကျပ်သိန်း ၅၀၀  လောက်အထိ ပေါက်ဈေးရှိနိုင်ပါတယ်။      

 

Read 6373 times