Honda CR-V မှာဖြစ်တတ်တဲ့ပြဿနာများ


ဟွန်ဒါစီအာရ်ဗီ (Honda CR-V) ကား အမျိုးအစားကို ပြည်တွင်းက အက်စ်ယူဗီ (SUV) နှစ်သက်တဲ့သူတွေ အသုံးများပါတယ်။

ဘယ်ကားမဆို အသုံးပြုတဲ့ကီလို များလာတာ၊ မော်ဒယ်နိမ့်လာတာနဲ့ ပြဿနာလေးတွေ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ရမြဲဖြစ်ပါတယ်။ အဲဒါကြောင့် ဟွန်ဒါစီအာရ်ဗီကား အမျိုးအစားမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကို ဖော်ပြလိုက်ပါတယ်။

 

၁။ ချက်အင်ဂျင်မီးလင်းတာ

၂၀ဝ၀ မော်ဒယ်ကနေ ၂၀၁၂ မော်ဒယ်အထိ ဟွန်ဒါစီအာရ်ဗီ ကီလို တစ်သိန်းကျော် မောင်းနှင်ပြီးတဲ့ ကားတွေအဖြစ်များ ပါတယ်။ Fuel filler cap ချို့ယွင်းတဲ့အတွက် ချက်အင်ဂျင်မီး (check engine light) လင်းတဲ့ ပြဿနာပါ။ Fuel Filler Cap အသစ် လဲလှယ်လိုက်တာနဲ့ ချက်မီးငြိမ်း သွားပါမယ်။

 

၂။ အဲကွန်းမအေးတာ

၁၉၉၇ မော်ဒယ်ကနေ ၂၀ဝ၅ မော်ဒယ်အထိ ဟွန်ဒါစီအာရ်ဗီ ကီလိုတစ်သိန်းခွဲကျော် မောင်းနှင်ပြီးတဲ့ ကားတွေမှာ အဖြစ်များ ပါတယ်။ အဲကွန်းကို အသုံးပြုနေစဉ်မှာ AC Vents က အအေးဓာတ်တွေ မလာတော့တာပါ။ အဲကွန်းက ရပ်တန့် သွားတာမျိုးမဟုတ်ဘဲ ပူနွေးတဲ့လေတွေကိုသာ မှုတ်ထုတ်နေတာမျိုးပါ။ Compressor ချို့ယွင်းတာလည်း ဖြစ်နိုင်ပါတယ်။ အဲကွန်းစနစ်တစ်ခုလုံး စစ်ဆေးပြုပြင်ရမှာ ဖြစ်ပါတယ်။

 

၃။ ဝိုက်ပါ အလုပ်မလုပ်တာ

၁၉၉၇ မော်ဒယ်ကနေ ၂၀ဝ၄ မော်ဒယ်အထိ ဟွန်ဒါစီအာရ်ဗီ ကီလိုတစ်သိန်းကျော် မောင်းနှင်ပြီးတဲ့ ကားအမျိုးအစားတွေမှာ အဖြစ်များပါတယ်။ အဲဒါက ကားရဲ့ရှေ့လေကာ အပေါ်မှာ လှုပ်ရှားတဲ့ ရေ သုတ်တံဝိုက်ပါ (wiper)ကို လှုပ်ရှားစေတဲ့မော်တာ (motor) ပျက်စီးတာပါ။ အဲသည်အတွက် ဝိုက်ပါမော်တာ အသစ် လဲလှယ်ရမှာ ဖြစ်တယ်။

 

၄။နောက်တံခါး အချက်ပြမီးလင်းတာ

၂၀ဝ၂ မော်ဒယ်ကနေ ၂၀ဝ၈ မော်ဒယ်အထိ ဟွန်ဒါစီအာရ်ဗီ ကီလိုတစ်သိန်းကျော် မောင်းနှင်တဲ့အခါ အဖြစ်များပါတယ်။ အဲဒါက ယာဉ်ရဲ့ဒက်ချ်ဘုတ် (dash board) မှာ နောက်တံခါးအတွက် အချက်ပြတဲ့မီး လင်းလာတာပါ။ နောက်တံခါးပိတ်တာ လော့ခ်မကျတဲ့အတွက် သတိပေးတာပါ။ နောက်တံခါးပြန်စိစစ်ပြီး လော့ခ်ကျအောင်ပိတ်လိုက်တာနဲ့ အချက်ပြမီးငြိမ်းသွားပါတယ်။ လော့ခ်ကျအောင် ပိတ်လို့မရရင်တော့ အဖွင့်အပိတ် လုပ်တဲ့စနစ်တွေ၊ အာရုံခံကိရိယာ တွေကို စစ်ဆေးပြုပြင်ရမှာ ဖြစ်ပါတယ်။

 

၅။ အော်တိုဂီယာပြဿနာ

၁၉၉၇ မော်ဒယ်ကနေ ၂၀ဝ၃ မော်ဒယ်အထိ ကီလိုတစ်သိန်းခွဲ မောင်းနှင်ပြီးတဲ့အခါ အဖြစ်များ ပါတယ်။ အော်တိုဂီယာဟာ ပထမဂီယာကနေ ဒုတိယဂီယာကိုမချိန်းဘဲ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတွေရှိနေတာပါ။ အဲဒါက ဂီယာဝိုင် အရည်အသွေးမပြည့်မီတာ ဒါမှမဟုတ် linear solenoid ဆိုလီနွိုက် ချို့ယွင်းတာကြောင့် ဖြစ်တာများပါတယ်။ ATF- Z1 အင်ဂျင်ဝိုင် အမျိုးအစားကို အသုံးပြုရမှာ ဖြစ်သလို ဆိုလီနွိုက်ချို့ယွင်းရင် အသစ် လဲလှယ်ရပါမယ်။

 

၆။ Air Fuel Sensor ချို့ယွင်းတာ

၂၀ဝ၂ မော်ဒယ်ကနေ ၂၀ဝ၅ မော်ဒယ်အထိ ကီလိုတစ်သိန်းခွဲ မောင်းနှင်ပြီးတဲ့အခါ အဖြစ်များပါတယ်။ အိတ်ဇောစနစ်မှာ ပါရှိတဲ့ Air fuel sensor ချို့ယွင်းတဲ့အတွက် ချက်အင်ဂျင်မီး (check en-gine light) လင်းတဲ့ပြဿနာပါ။ Air fuel sensor စစ်ဆေးပြီး လိုအပ်ရင်အသစ်လဲလှယ်ရပါမယ်။


၇။ Coolant Sensor ချို့ယွင်းတာ

၂၀ဝ၇ မော်ဒယ်ကနေ ၂၀၁၀ မော်ဒယ်အထိ ကီလိုတစ်သိန်းခွဲ မောင်းနှင်ပြီးတဲ့ကား တွေမှာအဖြစ်များပါတယ်။ အင်ဂျင်ချက်မီး လင်းလာတဲ့အတွက် ကွန်ပျူတာထိုးစစ်တဲ့အခါ coolant sensor က ပြဿနာရှိနေတာပါ။ ချက်မီးလင်းရင် coolent sensor ကြောင့်လည်း ဖြစ်တတ်တယ် ဆိုတာသိရှိ ထားဖို့ပါ။

 

၈။ Manifold runner Solenoid ပြဿနာ

၂၀ဝ၃ မော်ဒယ်ကနေ ၂၀ဝ၈ မော်ဒယ် ကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးတဲ့ ကားတွေမှာ အဖြစ်များပါတယ်။ အင်ဂျင်ချက်မီး လင်းလာတဲ့အတွက် ကွန်ပျူတာထိုးစစ်တဲ့အခါ manifold runner solenoid က ပြဿနာရှိနေတာပါ။ ဆိုလီနွိုက်အသစ် လဲလှယ်ပေးပြီး ပြဿနာကိုဖြေရှင်းနိုင်ပါတယ်။

 

၉။ Fuel Tank Pressure Sensor ပြဿနာ

၂၀ဝ၂ မော်ဒယ်ကနေ ၂၀ဝ၉ မော်ဒယ်အထိ ကီလို တစ်သိန်းမောင်းနှင်ပြီးတဲ့ ကားတွေမှာ အဖြစ်များပါတယ်။ အင်ဂျင်ချက်မီး လင်းလာတဲ့အတွက် ကွန်ပျူတာထိုးစစ်တဲ့အခါ fuel tank pressure sensor မှာ ပြဿနာရှိနေတာပါ။ အများအားဖြင့်တော့ FTP sensor အသစ်လဲလှယ်ဖို့ လိုအပ် နေတာ ဖြစ်ပါတယ်။

 

၁၀။ Throttle body ပြဿနာ

၂၀ဝ၂ မော်ဒယ်ကနေ ၂၀ဝ၈ မော်ဒယ် ကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးတဲ့ ကားတွေမှာ အဖြစ်များပါတယ်။ Throttle body က ပြဿနာရှိရင်လည်း ချက်အင်ဂျင်မီး လင်းပါတယ်။ Throttle body ကို အသစ်လဲလှယ်ပေးခြင်းနဲ့ အဲသည် ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

 

Source: အောင်ထွန်းဦး

Read 986 times