၂၀၀၈ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ Honda FCX Clarityဆို၍ထုတ်လုပ်ခဲ့သော မော်ဒယ်ကို ၂၀၁၆ခုနှစ်မှစတင်ပြီး Honda Clarity Fuel Cellဟူ၍ ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။
စတင်ထုတ်လုပ်ချိန်မှစ၍ Fuel Cellကားအဖြစ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး 4-Door Sedanကိုယ်ထည်အမျိုးအစား ကားတစ်စီးဖြစ်ပါသည်။
လျှပ်စစ်ကားများ၏ထုံးစံအတိုင်း အင်ဂျင်အရွယ်အစားသတ်မှတ်ချက်နှင့် သတ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲ Fuel Cell Power အနေဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါသည်။
Honda FCX Clarity ကို 100KW(မြင်းကောင်ရေ ၁၃၀အား) ဖြစ်ပြီး 2016ခုနှစ်တွင် စတင်ထုတ်လုပ်သော Honda Clarity ကို130KW(မြင်းကောင်ရေ၁၇၀အား)ဖြင့် အဆင့်မြင့်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းတွေရပါသည်။
သွားလာနိုင်သော ခရီးအကွာအဝေးအနေဖြင့် ၃၆၆မိုင်(၅၈၉ကီလိုမီတာ)အကွာအဝေးအထိ တစ်ကြိမ် အားသွင်းပြီးတိုင်း သွားလာနိုင်မည်ဖြစ်ပါသည်။
ဂီယာစနစ်ကိုတော့ Single Speed, Direct Drive စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပါသည်။
2016 Honda Clarity ကို Fuel Cell နှင့် Electric Plug-in Hybrid ဟူ၍ နှစ်မျိုးထုတ်လုပ်ထားပါသည်။
၂၁၀၆ Honda Clarity ၏ အဓိက အားသာချက်မှာ အရင်ကထုတ်လုပ်ခဲ့သည့် Honda FCX ထက်ပိုပြီး ခရီး မိုင်ဝေးဝေးပိုသွားနိုင်သည်နှင့် ကားနည်းပညာပိုင်း ပိုမြင့်လာခြင်း တို့ဖြစ်ပါသည်။
2014 Honda FCX ကခရီးမိုင် ၂၃၁ မိုင်သာသွားလို့ရနိုင်ပြီး ၂၀၁၆ Honda Clarity ကတော့ ခရီးမိုင် ၃၆၆ မိုင် အထိသွားလာလို့ရနိုင်ပါသည်။
ထို့ပြင် အတွင်းခန်းအပြင်အဆင်များကလည်း ခေတ်ပေါ်ကားတစ်စီးနှင့် ပိုပြီးတူလာသည်ကို တွေ့ရပါသည်။
ထိုင်ခုံ၊ အဲကွန်း၊ Dashboard၊ တံခါးအဖွင့်အပိတ်စနစ်၊ မီဒီယာပိုင်းစသည့် အတွင်းပိုင်းအပြင်အဆင်များအားလုံးကဆန်းသစ်သည့် ဒီဇိုင်းများနှင့် တွေ့ရပြီး လျှပ်စစ်ဇိမ်ခံကားတစ်စီး အဖြစ်တွေ့ရပါသည်။
လျှပ်စစ်ကားများတွင် အမြဲကြုံတွေ့ရတတ်သည့် အဲကွန်းနှင့် လျှပ်စစ်အင်ဂျင်လိုက်လျော ညီထွေ မဖြစ်ခြင်းများကို သင်ခန်းစာယူပြီး ၂၀၁၆ Honda Clarity ကိုပြောင်းလဲပြင်ဆင်မှုများနှင့် ထုတ်လုပ်လာတာ တွေ့ရပါသည်။
မောင်းနှင်မှု အပိုင်းတွင် ၃၆၆ မိုင်အထိမောင်းနှင်နို်င်သည့် ခရီးမိုင်အကွာအဝေးမှာ လိုအပ်သကဲ့သို့ အလိုအလျောက် ချိန်ညှိပေးမည့် five drive စနစ်များပေါင်းစပ်ထုတ်လုပ်ထားပါသည်။
Plug-in Hybrid ကိုတော့ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံး Fuel Cell လောင်စာအပြင် ဘက်ထရီအပိုပါ၀င်ပြီး ပုံမှန်ဟိုက်ဘရစ်ကားများကို လိုအပ်ချိန်တွင် ဟိုက်ဘရစ်မော်တာနှင့် ပြောင်းလဲမောင်းနှင်နိုင်မည် ဖြစ်ပါသည်။
နည်းပညာပိုင်းတွင် ခေတ်ပေါ်လျှပ်စစ်ကားတစ်စီးဖြစ်သည့်အတွက် နောက်ဆုံးပေါ် လုံခြုံရေးနည်းပညာ၊ ထိန်းချုပ်မှု နည်းပညာ၊ အချက်ပြ၊ အချက်ပေးနညး်ပညာများအပြင် စမတ်ဖုန်းများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် Honda Link နည်းပညာကို ပါပေါင်းစပ်ထုတ်လုပ်လာသည်ကို တွေ့ရပါသည်။
လောင်စာဆီသုံးစွဲမှုလုံးဝမရှိဘဲ Hydrogen ဓာတ်ငွေ့သုံးကြာရှည်ခံ Fuel Cell များကိုသာ တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် ကုန်ကျစရိတ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု သက်သာစေသည့် Honda Clarity 2017 ရောင်းစျေးမှာ အမေရိကန်နိုင်ငံတွင် တစ်လကို ၂၆၉ ဒေါ်လာဖြင့် ၃၆ လအရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။