Honda က ၂၀၂၂ မှ ၂၀၂၄ Honda Civic မော်ဒယ်တွေထဲက 17-inch Alloy Wheel တပ်ဆင်ထားသည့် ကား ၄၀၀,၀၀၀ စီးကျော် ကို အရေးပေါ်ပြန်ခေါ်ယူမှု (Recall) မဖြစ်မနေလိုအပ်လာပြီလို့ ထုတ်ကြေညာခဲ့ပါတယ်။
အန္တရာယ်ကင်းရှင်းရေးဦးစီးဌာနထံတင်သွင်းထားတဲ့ အစီရင်ခံစာအရ Wheel Hub Bolt တွေကို စနစ်တကျမတပ်ဆင်ကာ Torque တွေလည်းမမှန်ခြင်းကြောင့် Bolt တွေ လျော့နေပြီး နောက်ဆုံးမှာဘီးကမောင်းနေစဉ်ပြုတ်ထွက်သွားနိုင်တာကြောင့်လို့ ထုတ်ဖော်ပြခဲ့ပါတယ်။
Honda ဟာ လက်ရှိ defect (ပြသာနာ) နဲ့ပတ်သက်ပြီး Customer တွေထံက Warranty Claim အနည်းငယ်ကို ရရှိထားပေမယ့်လည်း ဒါ့ကြောင့် ဖြစ်ပွားသည့် မတော်တဆမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာများ မရှိသေးကြောင်း ဆိုထားပါတယ်။ ကားတွေကိုပြန်လည်သိမ်းယူဖို့ ကို ဒီဇင်ဘာအစ ဝန်းကျင်မှ စပြီး Customer တွေကို အသိပေးပို့မည်ဖြစ်ပြီး Dealer Center တွေက Wheel Hub Bolt တွေအားလုံးကို အခမဲ့ စစ်ဆေးပြင်ဆင်ပေးသွားမည်ဟု Honda က ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း Honda ရဲ့ အကြီးအမဆုံး Recallတွေထဲက တစ်ခုဖြစ်ပြီး ကုမ္ပဏီဟာ “Customer Safety ကို ဦးစားပေးတဲ့ တုံ့ပြန်မှု” အနေနဲ့ ယခုလုပ်ဆောင်တော့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ Honda ကတော့ Recall မလာခင်ထိ မောင်းနေရင်အန္တရာယ်ဖြစ်နိုင်တာကြောင့် Owner တွေကို အမြန်ဆုံး ပြုပြင်စစ်ဆေးဖို့ အကြံပြုထားပါတယ်။