Hybrid ချင်းအတူတူ ဘာလို့ Honda Civic မှာပဲ IMA အဖြစ်များတာလဲ


အခုလက်ရှိ Honda Civic ဝယ်ရင် IMA ကင်းလား,Computer ထိုးစစ်လို့ရလား? အဲ့လိုတွေဘာကြောင့်မေးရလဲ? IMA ဆိုတာက Integraded Motor Assist ပါ။

ဘာလို့လဲဆိုတော့သူက Honda Hybrid အုပ်စုမှာ သူ့ရဲ့ Hybrid System ကကျွန်တော်သိသလောက်ပြောရရင် Honda ရဲ့နာမည်ကြီး မီးပွိုင့်ကားရပ်တာတို့ဆိုရင် Autostop စနစ်ပေါ့။ အဲ့လိုAutostop ဖြစ်သွားရင် ကား Air Con ဖွင့်ထားရင် Civic က Compressor ကို IMA Battery က အလုပ်လုပ်ပေးနေပါတယ်။ တခြား Insight ၊ Fit တို့မှာတော့ Fan ပဲလည်ပြီး အအေးနည်းနည်းလျော့သွားပါတယ်။ ရန်ကုန်လိုနေရာမျိုး့ မီးပွိုင့်ခဏခဏမိရင် Battery အတွက် သိပ်အဆင်မပြေဘူးပေါ့(ဖုန်းဘက်ထရီတောင် အားခဏခဏသွင်းတာများရင် ကြာရင်အားသိပ်မခံသလိုပေါ့) ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက Honda Civic က 1.3 ထဲမှာ Body အရွယ်အစားတော်တော်ကြီးပါတယ်။ အဲ့အတွက် Engine နဲ့အတူ Battery ကလည်း တခြား insight ၊ fit ၊ fit shuttle တို့နဲ့စာရင် ညပိုအလုပ်လုပ်ရပါတယ်။ ဒါလည်းအနည်းအများအကျိုးသက်ရောက်နိုင်ပါတယ်။ (Honda Civic ကို Engine 1.5 Hybrid ဆိုရင်ပိုအဆင်ပြေမယ်)။ Fit Shuttle ကကြည့်ရင် ကြီးသလိုထင်ရပေမယ့် တကယ်အလေးချိန်နဲ့အရှည်က Civic ကပိုပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ဆီမှာက ဂျပန် Reconditioned တွေစီးရတာဖြစ်တဲ့အတွက် ဂျပန်မှာလည်း အနည်းနဲ့အများ ကားကသုံးထားပြီးသားဖြစ်နေတယ် စက်ရုံထုတ်အသစ်လို Battery 100% မရတော့ဘဲ 70%-40% နားပဲရနိုင်ပါတယ်။ (ဖုန်းတွေတောင် တစ်နှစ်လောက်သုံးပြီးရင် Battery မခံသလိုမျိုးပေါ့)။

ကိုယ့်ဆီမှာရှိတဲ့ Civic လေးကို IMA ကင်းအောင် ဘယ်လိုကာကွယ်မလဲ

ကားအရမ်းပိတ်ပြီး မီးပွိုင့်များတဲ့ရန်ကုန်လိုနေရာမှာ Air Con ပိတ်မောင်းပေးပြီးကာကွယ်တာမျိုး ၊ တောင်ဆင်းတောင်တက်တွေကို Battery အတုံးနည်းနေရင် RPM 3 ထောင်ကျော်နင်းပြီး Charging ပြည်မြှင့်တက်ပေးတာတို့ Air Con ခဏပိတ်ပေးတာတို့မျိုးနဲ့ ကာကွယ်ပေးရပါမယ်။

နောက်ဆုံးတစ်ခု အိမ်ပြန်လာလို့ ကားမသုံးတော့ဘူးအပြီးရပ်မယ်ဆိုရင် ဒိုင်ခွက်က Battery အားကို အတုံး နည်းနည်းမထားဘဲ အပြည့်သွင်းပေးပြီးရပ်သင့်ပါတယ်။ (မနက်ကြရင် သူက Battery နဲ့စက်နှိုးပေးလို့ပါ။ အားနည်းနေရင် Motor ရုန်းတာကြောင့် Battery နာပါတယ်)။

ဒီလောက်ဆိုရင် IMA Error ကို တစ်ထောင့်တစ်နေရာကနေကာကွယ်ပေးနိုင်မယ်လို့ထင်ပါတယ်။

Credit; မောင်ဂျစ်တူး

Read 3563 times