အတွင်းခန်းကျယ်ဝန်းသည့် Honda Airwave


Honda Airwave ကို ၂၀၀၅ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်ထုတ်လုပ်မှုအဆုံးသတ်ခဲ့သည့် အတွက်မျိုးဆက်အနေဖြင့်တစ်ခုသာရှိပြီး မိုဒယ်တစ်ခုနှင့်တစ်ခုကြားတွင်ရုပ်ပဲအနည်းငယ်ပြောင်းသွားပါသည်။

Airwave က Honda City,Honda Fit Aria နှင့် Honda Jazz တို့ကိုအခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင်ထုတ်လုပ်မှုအဆုံးသတ်ခဲ့သောကြောင့်ယင်းကားနေရာတွင် Honda Fit Shuttle ကိုအစားထိုးထုတ်လုပ်ခဲ့ပါသည်။

Airwave နှင့် Partnerကို ၁၅၀၀ စီစီအင်ဂျင်တစ်မျိုးတည်းထုတ်လုပ်ထားပြီး Honda ၏ L-Series Engine Family ထဲတွင်ပါဝင်ပါသည်။

Airwave ကိုလူကြိုက်များသည့်အချက်မှာ အမြင့်ဆုံးအင်ဂျင်နည်းပညာ i-VTEC နှင့် CVT ပါဝင်လာခြင်းဖြစ်ပါသည်။

အင်ဂျင်မှာ G-Series နှင့် L-Series နှစ်မျိုးရှိပြီး L-Series ဖြစ်မှသာ CVT Seven-Speed Mode ပါဝင်လာမည်ဖြစ်ပါသည်။

ယင်းကားမှာလည်း 2WD,4WD နှစ်မျိုးရှိပြီး Chassis အနေဖြင့် 2WD မှာ GJ1 နှင့် 4WD ဆိုပါက GJ2 နှင့်ထွက်ပါသည်။

မျိုးဆက်အနေဖြင့်တစ်ခုရှိသည့်အတွက် ၂၀၀၈ မိုဒယ်မှာရှေ့ရှဲလ်သုံးတန်းဖြစ်သွားခြင်းမှလွဲ၍ မိုဒယ်တစ်ခုနှင့် တစ်ခုကြားမှာအပြင်ပိုင်းနှင့်အတွင်းခန်းအပြင်အဆင်သိသိသာသာပြောင်းသွားခြင်းမျိုးမရှိပါ။

၂၀၀၈ မိုဒယ်နှင့်အထက်တွင်ဂရိတ်အနေဖြင့် M,MS Package, ST, MHID Edition, Sky စသည့်ဂရိတ်ခွဲများရှိပြီး ဂရိတ်တိုင်းတွင် Digital Aircon, Smart Key, မှန်ချိုးမှန်ခေါက်စသည်တို့ပါသွားပါသည်။

ST နှင့် Sky ဂရိတ်များမှာအမြင့်ဆုံးဖြစ်ပြီး Steering Leather, Volume Control, Fog Lights နှင့်ရှေ့နောက် Spoiler များပါသွားပါသည်။

Sky ဂရိတ်ဖြစ်ပါက Alloy Size မှာ ၁၅ လက်မဖြစ်သွားပါသည်။

Honda Airwave က၂၀၁၀ မိုဒယ်အထိသာရှိသည့်အတွက်ယင်းကားကိုဝယ်ယူမည်ဆိုပါက နံပါတ်ထွက်ပြီးသားကားကိုသာရှာဝယ်လို့ရပါသည်။

J ,K ,L တန်းကိုရန်ကုန်လိုင်စင်နှင့်ဝယ်မည်ဆိုပါက ST နှင့် Sky ဂရိတ်များမှာကျပ်သိန်း ၂၁၀ ဝန်းကျင်ရှိပြီး ကျန်ဂရိတ်များမှာ ကျပ်သိန်း ၁၇၀ နှင့် သိန်းနှစ်ရာကြားတွင်ရှိပါသည်။

Source:Automobile journal

Read 4909 times