ဈေးကွက်တွင်လည်း ရေပန်းစားပါသည်။
ငါးယောက်မှ ခြောက်ယောက်အထိ သယ်ဆောင်နိုင်သော Airwave သည် Honda မှ ထုတ်လုပ်သော Subcompact ကားအမျိုးအစားဖြစ်ပါသည်။
၂၀၀၅ ခုနှစ်၊ ဧပြီလတွင် စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လတွင် ထုတ်လုပ်မှု အဆုံးသတ်ခဲ့ပါသည်။
ဂျပန်ပြည်တွင်းဈေးကွက်အတွင်း ရောင်းချခဲ့သော အစီးအရေအတွက်သည် ၂၀၀၅ ခုနှစ်တွင် ၄၃၈၄၆ စီး၊ ၂၀၀၆ ခုနှစ်တွင် ၃၂၂၅၃ စီး၊ ၂၀၀၇ ခုနှစ်တွင် ၂၁၁၇၅ စီး၊ ၂၀၀၈ ခုနှစ်တွင် ၁၅၆၄၈ စီးနှင့် ၂၀၀၉ ခုနှစ်တွင် ၉၀၅၂ စီးအထိ ရှိခဲ့ပါသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် Airwave အစား Honda Fit Shuttle ကို ထုတ်လုပ်ခဲ့ပါသည်။
Airwave က မိုဒယ်တစ်ခုနှင့်တစ်ခုကြားတွင် ရုပ်ပြောင်းသော်လည်း အင်ဂျင်ပါဝါကို ၁၅၀၀ စီစီ တစ်မျိုးတည်းသာ ထုတ်လုပ်ထားပါသည်။
ထို့နောက် 2WD၊ 4WD နှစ်မျိုးရှိသော်လည်း ဂီယာကို CVT တစ်မျိုးတည်းသာ ထုတ်လုပ်ထားပြီး 7 Speed ဖြစ်ပါသည်။
အင်ဂျင်မိုဒယ်က Honda L Series ထဲတွင် ပါဝင်ပြီး L15A ဖြစ်ပါသည်။
Chassis နံပါတ်မှာ 2WD ဆိုလျှင် GJ1 နှင့် 4WD ဆိုလျှင် GJ2 ဖြစ်သွားပါသည်။
Airwave ကို Honda Partner၊ Honda City ဟုလည်း လူသိများပါသည်။
၂၀၀၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ မိုဒယ် Late တွင် ပုံပြောင်းသွားပါသည်။
Panoramic Glass Sunroof ပါရှိသည်မှာ Airwave ၏ ထူးခြားချက်တစ်ခုဖြစ်လာပါသည်။
ဂရိတ်အနေဖြင့် M၊ MS နှင့် ST တို့ရှိပြီး ST သည် ဂရိတ်အမြင့်ဆုံးဖြစ်သည့်အတွက် ရှေ့၊ နောက် ဘမ်ပါတွင် Skirt ပုံစံ ပါဝင်လာမည်ဖြစ်သကဲ့သို့ နှင်းခွဲမီးလည်း ပါဝင်လာပါသည်။
Panoramic Sunroof မှာ လေလံအပေါ်တွင် မူတည်ပြီး ST ဂရိတ်တွင် အများဆုံးတွေ့ရတက်ပါသည်။
ထို့နောက် ST ဂရိတ်တွင် အော်ရီဂျင်နယ်အလွိုင်းဖြစ်သွားပြီး Spoiler လည်း ပါသွားပါသည်။
ဂရိတ်အားလုံးတွင် Aircon Auto ဖြစ်သွားပြီး မှန်ကာလာနက်သွားပါသည်။
Airwave ၂၀၁၀ မိုဒယ် ST ဂရိတ်မှာ ကျပ်သိန်း ၂၄၀ ဝန်းကျင်၊ MS ဂရိတ်တွင်ဆိုလျှင် ကျပ်သိန်း ၁၈၀ မှ ၂၀၀ ကြားရှိပါသည်။