HONDA ကား လေထိုးစက် + ကော်ဘူး အကြောင်း


နောက်ဝင်လာတဲ့ Honda ကားအများစုမှာ စပယ်ယာဘီး ပါမလာတော့ဘဲ လေထိုးစက် နဲ့ ကော်ဘူးသာ ပါလာတော့တာကို သတိထားမိကြမှာပါ။

ဒါကြောင့် ကားဘီး မတော်တဆ ပေါက်ခဲ့ရင် အရင်လို စပယ်ယာဘီးကို လဲတပ်ပြီး ဆက်မောင်းလို့ မရတော့ပါဘူး။ ပါလာတဲ့ ကော်ဘူး + လေထိုးစက်နဲ့ ကားဘီးကို ကိုယ်တိုင် ဖါပြီး လေထိုးကျွတ်ဖာဆိုင်ကို မောင်းသွားရပါ လိမ့်မယ်။ ဒါပေမယ့် လေထိုးစက်ကို တစ်ခါမှ မသုံးဖူးရင်ဘယ်လိုလုပ်ရမှန်း သိမှာ မဟုတ်ပါဘူး ။ အဲဒီလို အခက်အခဲကြုံလာခဲ့ရင် ဖြေရှင်းနိုင်ဖို့ လေထိုးစက် + ကော်ဘူး အကြောင်းနဲ့ သုံးစွဲနည်းကို ဖေါ်ပြပေးလိုက်ပါတယ်။

အမေး အဖြေ

Q : လေထိုးစက်က ဘီးအပေါက် အကျယ်အဝန်း ဘယ်လောက်ထိ ဖာလို့ ရပါသလဲ။

A : တစ်လက်မ ရဲ့ ၁၆ ပုံ ၃ ပုံ ထိဘဲ ဖါလို့ရပါတယ်။ တာယာကွဲသွားတာမျိုး ကိုတော့ ဖာလို့ မရနိုင်ပါ။

Q : ဘီးဖါပြီးရင် နောက်တစ်ခါ ပြန်မပေါက်တဲ့ အထိ ကြိုက်တဲ့ အရှိန်နှူန်းနဲ့ မောင်းနေလို့ ရပါသလား ?

A : မရပါဘူး ။ တာယာ ဖါတဲ့ဆိုင်ကို သွားဖို့ ယာယီဘဲ သုံးသင့်ပါတယ် ။ တစ်နာရီကို 50 ကီလိုထက်လဲ ပို မမောင်း သင့်ပါ။

Q : လေထိုးစက်နဲ့ ကော်ဘူးက အကြိမ်ကြိမ် သုံးလို့ ရပါသလား ?

A : လေထိုးစက်က ကြိမ်ဖန်များစွာ သုံးနိုင်ပေမယ့် ကော်ဘူးကတော့ တစ်ကြိမ်ဘဲ သုံးတာကောင်းပါတယ်။ ကော်ဘူးကုန်သွားရင် ကားပစ္စည်းဆိုင်တွေမှာ ထပ်ဝယ်လို့ ရပါတယ်။

Q : ကော်ဘူးမှာ Expiry သက်တမ်း ရှိပါသလား ?
A : ရှိပါတယ် ။ Kit ထဲမှာ ထင်ထင်ရှားရှား ရေးထားပါတယ်။ သူ့ရဲ့ခန့်မှန်းသက်တမ်း က ပုံမှန်အားဖြင့် ၅ နှစ်ပါ ။

လေထိုးစက်+ကော်ဘူးအသုံးပြုနည်း

ကားနောက်ခန်းမှာပါတဲ့ ကော်ဘူးနဲ့ လေထိုးစက်ကို ထုတ်ပါ ။ ကော်ဘူး အထုပ်ကိုဖောက်ပါ။ (အထုပ်ထဲတွင် ဘားဆံလှည့်သည့်ကိရိယာ ၊ ကော်ဘူး၊ ဘားဆံအပိုတစ်ခုနှင့် ပိုက်တစ်ချောင်း ပါရှိပါသည်။) ဘားဆံလှည့်သည့် အတံကလေးဖြင့် ပေါက်သည့်ဘီးမှ ဘားဆံကိုလှည့်ဖြုတ်ပါ။ ပိုက်ကို ကော်ဘူးတွင် အရစ်ကြပ်အောင်လှည့်တပ်ပါ။ (ကော်ဘူးသည် အလိုလို အပေါက်ဖေါက်ပြီးဖြစ်သွားမည်။ သီးခြားထိုးဖောက်ရန်မလိုပါ။)


ပိုက်အနားတစ်ဖက်ကို ဘားဆံချွတ်ထားသည့် ပေါက်သည့်ဘီး လေထိုးပေါက်တွင် ထိုးစွပ်လိုက်ပါ။ ကော်ဘူးကို အပေါ်မှ ဇောက်ထိုးထားပြီး အပေါက်ပမာဏ ပေါ်မူတည်၍ အနေတော် ညှစ်ထည့်ပါ။ (အားသုံးပြီး ညှစ်ရပါသည် စိတ်မချပါက အကုန်ညှစ်ထည့်ပါ။ ) လေထိုးပေါက်မှ ကော်ပိုက်ကို ပြန်ဆွဲချွတ်ပြီး လေထိုးပေါက်အား ဘားဆံပြန်တပ်ပါ။ ဘားဆံလှည့်တန်ကို ကော်ပိုက်တွင်ထိုးတပ်ထားလိုက်ပါ။ (ပိုက်ထဲမှကော်ရည်များ ထွက်မကျစေရန်ဖြစ်သည်)

လေထိုးစက်ပိုက်ကို လေထိုးပေါက်တွင် လှည့်တပ်ပါ။ လေထိုးစက် plug ကို ကားရှေ့ခန်းတွင်ပါသော cigarette lighter တပ်သည့်အပေါက်တွင် မိမိရရ ထိုးတပ်ပြီး ကားကိုစက်နှိူးလိုက်ပါ။ လေထိုးစက်ကို ဖွင့်ပြီးလေထိုးပါ။ လေထိုးစက် ဒိုင်ခွက်ကိုကြည့်ပြီး 180 kpa ရောက်ရင် လေထိုးစက်ကိုပိတ်ပါ။ (အပေါက်နေရာမှ ဆေးရည်နှင့်လေများထွက်နေလိမ့်မည်။ ကိစ္စမရှိပါ။) လေပြန် လျော့/မလျော့ စစ်ဆေးပါ ။ လေမလျော့တော့ပါကပစ္စည်းအားလုံး သိမ်းပြီး ကားဘီးဖါရန် အနီးဆုံးနေရာသို့ မောင်းသွားနိုင်ပါပြီ။

မှတ်ချတ်။ ။ -ဘီးဖြုတ်စရာမလိုပါ။ ချိုက်ထောက် စရာမလိုပါ။ လေထိုးစဉ် pressure တက်မလာပါက ဘားဆံပြန်ဖြုတ်ပါ၊ လေထိုးပေါက်အတွင်း ဝင်နိုင်သည့် အချောင်းတစ်ခုခုဖြင့် ကားတာယာအတွင်းသို့ ထိုးပါ။ (ကော်ရည်များ ခဲပြီးပိတ်နေလျှင် လေထိုးမရ ဖြစ်တတ်သောကြောင့်ဖြစ်ပါသည်၊ လုပ်ဆောင်မှူမြန်လျှင်တော့ ကော်မခဲပါ) အပိုပါသည့်ဘားဆံအသစ်တပ်ပြီး 180kpa ထိ လေပြန်ထိုးပါ။

Source:Aungkyaw(Facebook.com)

Read 4458 times