Honda အရောင်းရဆုံးမော်ဒယ် ရွှေရတု ဆင်နွှဲ


Honda အရောင်းရဆုံးမော်ဒယ် ရွှေရတု ဆင်နွှဲ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Honda ၏ အရွယ်အစား အငယ်စားကားမော်ဒယ် Civic သည် Honda ၏ ကားမော်ဒယ်များထဲတွင် ကမ္ဘာ့ရောင်းအား အရောင်းရဆုံးဖြစ်ပြီး ယခုအခါ စီးရေ သန်း ၃၀ နီးပါး ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။
Civic သည် အမေရိကန်ဈေးကွက်တွင်လည်း ရောင်းအား ကောင်းသည်။ ၁၉၇၃ တွင် စတင်ရောင်းချခဲ့ပြီး ယခုအထိ စီးရေ ၁၂.၃ ကျော် ရောင်းချခဲ့သည်။
 ၁၉၈၆ ခုနှစ်မှစ၍ မြောက်အမေရိကတွင် Civic ကို စတင်ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်သည့် စီးရေ ၁၁ သန်းကျော်သွားပြီ ဖြစ်သည်။
Honda သမိုင်းတွင် Civic သည် သက်တမ်းအရှည်ကြာဆုံး မော်ဒယ်အမည် ဖြစ်သည်။
မျိုးဆက်များ ထုတ်လုပ်ခဲ့ရာ နှစ် ၅၀ ပြည့်ချိန်တွင် (၁၁)ဆက်မြောက် မျိုးဆက်သို့ ရောက်နေပြီ ဖြစ်သည်။ ကိုယ်ထည် စတိုင် ၅ မျိုး ရှိခဲ့သည်။
 2-door coupe, 
 3-door hatchback, 
 4-door sedan, 
 5-door hatchback 
 wagon
 တို့ ဖြစ်ပါသည်။

 

 

Civic ရွှေရတု အထိမ်းအမှတ်ဗီဒီယိုများကို အောက်ပါလင့်တွင် စုစည်းထားပါသည်။
https://honda.us/civic50

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 215 times