Honda 2022 Civic


Honda က ဒီဇိုင်း ပြန်ထုတ်ထားတဲ့ 2022 Civic sedan ရဲ့ အချက်အလက်အချို့ကို  ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

2022 Civic ဒီဇိုင်းအသစ်က ခန့်ထည်တဲ့ အမြင်ကို ပိုင်ဆိုင်ထားတယ်။ 

 Meteorite Gray Metallic,  Sonic Gray Pearl , Civic-exclusive Morning Mist Blue Metallic အပါအဝင် ကိုယ်ထည် အရောင်အဆင်း ၈ မျိုးဖြင့် ထုတ်လုပ်မယ်။ 
ကားအတွင်းပိုင်းမှာတော့ အဆင့်မြင့် နည်းပညာတွေ ထည့်ပေးထားတယ်။  infotainment အတွက် ၉ လက်မ စခရင်နဲ့ စီစဉ်ပေးထားတယ်။ Apple CarPlay နဲ့  Android Auto အက်ပ်တွေ သုံးလို့ ရမယ်။ အသံစနစ်မှာ  Bose စပီကာ ၁၂ လုံး ထိုင်ပေးထားတယ်။ ဖုန်းအားသွင်းဖို့ ကြိုးမဲ့အားသွင်းစနစ်ကိုပါ စီစဉ်ပေးထားတယ်။ 
2.0-liter အဖြောင့်အတန်း ဆလင်ဒါ လေးလုံး အင်ဂျင်က ပါဝါက 158 hp ရှိပြီး ရုန်းအားက 138 lb-ft  ထုတ်ပေးနိုင်တယ်။ 
တကယ်လို့ 1.5-liter turbocharged inline-4  ကို ရွေးချယ်မယ် ဆိုရင် ပါဝါ 180 hp ရှိပြီး ရုန်းအားက 177 lb-ft ထုတ်ပေးနိုင်တယ်။ Honda က Civic မျိုးဆက်သစ်ကို ကနေဒါနိုင်ငံ Alliston မှာ တည်ရှိတဲ့ စက်ရုံမှာ စတင်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ 
Civic Hatchback တွေနဲ့  Type R, တို့ကို အမေရိကန်နိုင်ငံရှိ စက်ရုံမှာ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

 


 

 

 

 

 

 

 

 

 

Read 521 times